Fact Check: အမေရိကန်သမ္မတ မြန်မာနိုင်ငံလာရောက်တဲ့ သတင်းတု

False နိုင်ငံရေး | Politics

အမေရိကန်သမ္မတ မြန်မာနိုင်ငံ ရန်ကုန်မြို့ကိုလာရောက်အပြီး ၁၀ မိနစ်အတွင်း NLD ခေါင်း‌ဆောင်တွေနဲ့ အကျဉ်းသား ၈၅၀၀ ပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့ သတင်းတု Celegram 1M အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“အမေရိကန်သမ္မတမှ မြန်မာလာပြီ ရန်ကုန်လေဆိပ် ၁၀ မိနစ်မကြာဘူး NLD ခေါင်းဆောင်များနဲ့ အကျဉ်းသား (၈၅၀၀) အကုန်လွှတ်ချ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

အဓိကအားဖြင့် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းမီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မရှိပါဘူး။  Celegram 1M အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ ထင်ယောင်ထင်မှားဖြစ်ဖွယ်သတင်းတု၊ သတင်းမှားတွေ ဆက်တိုက်ဖြန့်ချိနေတဲ့ ချန်နယ်တခုဖြစ်ပါတယ်။  Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီမှာ ကြည့်ပါ။

ဗွီဒီယိုအစမှာပြတဲ့ thumbnail ဓာတ်ပုံထဲမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်ကို အခုပဲရောက်ရှိသယောင်‌ဖော်ပြထားပေမဲ့ ဗွီဒီယိုထဲမှာ အသံဖိုင်နဲ့ ပြောဆိုချက်မှာတော့ အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က သူကတိပေးထားတဲ့အတိုင်းပဲ မြန်မာအရေးဖြေရှင်းဖို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလထဲမှာ မြန်မာနိုင်ငံကို လာမယ်လို့ ဆိုပါတယ်။ 

လုပ်ကြံပြောဆိုချက်သာဖြစ်တယ်။ သမ္မတဂျိုးဘိုင်ဒန် မြန်မာနိုင်ငံကို လာမယ်ဆိုတဲ့ အကြောင်းပြောဆိုချက် ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တခုတလေကမျှ ဖော်ပြခြင်းမရှိပါဘူး။

ဒီလိုပဲ NLD ခေါင်းဆောင်တွေနဲ့ အကျဉ်းသား ၈၅၀၀ ကို အာဏာသိမ်းစစ်တပ်က ပြန်လည်လွှတ်ပေးလိုက်တယ် ဆိုတာလည်း မဟုတ်ပါ။ သတင်းအရင်းအမြစ်တခုတလေကမျှ ဖော်ပြထားခြင်းလည်းမရှိပါဘူး။

သုံးသပ်ချက်

 Celegram 1M အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ ထင်ယောင်ထင်မှားဖြစ်ဖွယ်သတင်းတု၊ သတင်းမှားတွေ ဆက်တိုက်ဖြန့်ချိနေတဲ့ ချန်နယ်တခုဖြစ်ပါတယ်။ အမေရိကန်သမ္မတ မြန်မာလာရောက်တယ်ဆိုတာမဟုတ်သလို NLD ခေါင်း‌ဆောင်တွေနဲ့ အကျဉ်းသား ၈၅၀၀ ပြန်လွှတ်ပေးလိုက်တယ်ဆိုတာလည်းမဟုတ်ပါဘူး။

ပြောဆိုချက်- အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် မြန်မာနိုင်ငံသို့လာရောက်

Avatar

Title:Fact Check: အမေရိကန်သမ္မတ မြန်မာနိုင်ငံလာရောက်တဲ့ သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *