
သင်္ကြန်တွင်းက ရန်ကုန်လေဆိပ်ဗုံးကြဲခံရပြီး မီးလောင်ပြာကျသွားသလို အလောင်းတွေကောက်လို့ မနိုင်ဖြစ်ခဲ့ရ တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိ နေခြင်း ဖြစ်ပါတယ်။ ရန်ကုန်လေဆိပ်ဗုံးကြဲခံရခြင်းမရှိသလို လူသေဆုံးမှု၊ မီးလောင်မှုလည်းမရှိပါဘူး။
အောက်ပါပို့စ်ကတော့ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
သင်္ကြန်တွင်းမှာ ရန်ကုန်လေဆိပ်တိုက်ခိုက်ခံရတဲ့ သတင်းမတွေ့ရပါဘူး။ ဒီလိုမျိုးသတင်းဖော်ပြချက်ကို သတင်းအရင်းမြစ်အပါအဝင် သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာ ဖော်ပြချက် မတွေ့ရပါဘူး။
တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ လူထုနွေဦးသတင်းဝက်ဘ်ဆိုဒ်ကဖော်ပြခဲ့တဲ့ “ရေတာရှည်တွင် KNLA/PDFပူးပေါင်းတပ် တိုက်ခိုက် မှုကြောင့် အရာရှိအပါအဝင် စစ်ကောင်စီတပ် သေဆုံးမှုများ”ဆိုတဲ့ သတင်းကို ဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ အောက်ပါလင့်ခ်မှာကြည့်ပါ။

မူရင်းလင်ခ့် – Ludumwayoo | Archive link
သုံးသပ်ချက်
သင်္ကြန်တွင်းမှာ ရန်ကုန်လေဆိပ်ဗုံးကြဲခံရပြီး မီးလောင်ပြာကျသွားတယ်ဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။ ဗွီဒီယိုထဲမှာပါတဲ့ သတင်းဟာ လူထုနွေဦးသတင်းဝက်ဘ်ဆိုဒ်ကဖော်ပြခဲ့တဲ့ ရေတာရှည်မှာ စစ်တပ်နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ သတင်းကို သတင်းခေါင်းစဉ်လွဲနဲ့ ပြန်လည် ဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ပြောဆိုချက်- ရန်ကုန်လေဆိပ် ဗုံးကြဲတိုက်ခိုက်ခံရပြီး ပြာကျ

Title:Fact Check: ရန်ကုန်လေဆိပ် ဗုံးကြဲတိုက်ခိုက်ခံရပြီး ပြာကျသွားတယ်ဆိုတဲ့ သတင်းတု
Fact Check By: Zun ZeeResult: False