
Hyundai ရဲ့ ၅၂ နှစ်မြောက်နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကား ၁၀ စီးမဲဖောက်ပေးမယ်ဆိုပြီး Hyundai က ဖြန့်ဝေနေသယောင်ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။
ပျံ့နှံ့လျှက်ရှိတဲ့ပို့စ်မှာ “ယနေ့ Hyundai ၏ 52 နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုရန်။ အထူးသဖြင့် ကျွန်တော်တို့ဆီက ကားမရှိသူတွေအတွက်ပါ။ ကား ၁၀ စီး လက်ဆောင်ပေးဖို့ သဘောတူပြီး ပျော်ပါတယ်။ သင်၏ကံကောင်းသည့်သေတ္တာနံပါတ်ကို ရွေးချယ်ပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဆီက ကားသော့ပါတဲ့ သေတ္တာ ၁၀ လုံးပဲရှိတယ်။ (ဆုများကို ယနေ့ ပေးပို့ပါမည်။)! ကားဆုအား ကံထူးရှင်၏လိပ်စာသို့ တိုက်ရိုက်ပေး ပို့ပါမည်။ သင်၏အမည်ကို ကျွန်ုပ်တို့၏စနစ်တွင် အောင်နိုင်သူအဖြစ် မှတ်ပုံတင်ထားကြောင်း သေချာပါစေ။
ဤနေရာတွင် မှတ်ပုံတင်ပါ။ https://bit.ly/3BpmvrD”လို့ ရေးသားထားပါတယ်။ “Hyundai Myanmar” အမည်နဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကအောက်ပါအတိုင်းမျှဝေထားရာမှာ ၈ နာရီအတွင်း ပြန်လည်မျှဝေမှုပေါင်း ၂၂၀၀ ရှိပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
အချက်အလက်စိစစ်ချက်
ကိုရီးယားကားကုမ္ပဏီ Hyundai ဟာ မြန်မာနိုင်ငံမှာလည်း ကားတပ်ဆင်ထုတ်လုပ်ရောင်းချနေတဲ့ လုပ်ငန်း တစ်ခုဖြစ်ပြီး ၎င်းဖေ့စ်ဘွတ်စာမျက်နှာကို ဒီလင့်ခ်မှာတွေ့ရပါတယ်။ အခုလို ၅၂ ပြည့်လက်ဆောင်ပေးမယ်ဆိုတဲ့ အစီအစဉ်မတွေ့ရပါဘူး။
Google မှာအဓိကကျတဲ့စကားလုံးနဲ့ ရှာဖွေကြည့်ရာ Hyundai ကုမ္ပဏီဟာ ၁၉၆၇ ခုနှစ်မှာတည်ထောင်ခဲ့ တာဖြစ်တဲ့အတွက် ယခုနှစ် ဒီဇင်ဘာမှာ ၅၅ နှစ်ပြည့်ပြီဖြစ်ပါတယ်။
ဒီလိုမျှဝေထားတဲ့ပို့စ်အောက်ခြေက လင့်ခ်ကိုထောက်လိုက်တဲ့အခါမှာ ဘယ်သူမဆိုဝက်ဘ်စာမျက်နှာတစ်ခု အလွယ်တကူတည်ဆောက်လို့ရတဲ့ (https://sites.google.com/)ကိုရောက်သွားပြီး အောက်ပါအတိုင်း တွေ့ရပါတယ်။ ဒီစာမျက်နှာမှာပဲ နောက်ထပ် Click Here to register now ဆိုတဲ့လင့်ခ်တစ်ခုကိုထပ်နှိပ်ခိုင်း တာတွေ့ရပြီး ဒီလင့်ခ်ကိုနှိပ်လိုက်မယ်ဆိုရင် မိမိရဲ့ IP လိပ်စာကို ဖော်ပြပြီးနောက် စာမျက်နှာကို မတွေ့ဖူးဆိုတဲ့ အသိပေးချက်ပဲတွေ့ရပါတယ်။

သုံးသပ်ချက်
Hyundai က ၅၂ နှစ်ပြည့်နှစ်ပတ်လည်အနေနဲ့ ကား ၁၀ စီးကို ကံစမ်းမဲဖောက်နေတယ်ဆိုတာမဟုတ်ပါဘူး။ Hyundai အမှတ်တံဆိပ်ကိုအသုံးပြုပြီး စာမျက်နှာတုပြုလုပ်ကာ ကိုယ်ပိုင်အချက်အလက်အချို့ကို phishing လုပ်နေခြင်းဖြစ်တာတွေ့ရပါတယ်။

Title:Fact Check: Hyundai ရဲ့ ၅၂ နှစ်မြောက်နှစ်ပတ်လည်အနေနဲ့ ကား ၁၀ စီးမဲပေါက်ပေးမယ် ဆိုတဲ့ စာမျက်နှာအတု
Fact Check By: Nayar MaungResult: False