Fact Check: မက်ဆီရဲ့ တံတောင်ဆစ်မှာ ၂၄ ပစ္စည်းပဌာန်းထိုးထားတာလား-မဟုတ်ပါ

Misleading နိုင်ငံတကာ၊ | International

လေးနှစ်တစ်ကြိမ်ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ကမ္ဘာ့ဂုဏ်သိက္ခာအကြီးဆုံး အားကစားပြိုင်ပွဲတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက ဘောလုံးပရိတ်သတ်တွေအကြား လွှမ်းမိုးမှုအရှိဆုံးပွဲတစ်ပွဲသလို ကမ္ဘာ့ဖလားကို ကိုင်မြှောက် ခွင့်ရချိန်ဟာ  ဘောလုံးသမားတွေအတွက်လည်း ဂုဏ်ယူရဆုံးအခိုက်အတန်တစ်ခုဖြစ်တယ်။ ယခုနှစ် အာဂျင်တီးနား အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို အရယူနိုင်လိုက်တဲ့  မက်ဆီ(Messi)ဟာ ခေတ်တစ်ခေတ်ရဲ့ အကောင်းဆုံးနဲ့ အအောင်မြင် ဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ ကမ္ဘာ့ဖလားကို ကိုင်မြှောက်ထားတဲ့ မက်ဆီရဲ့ တံတောင်ဆစ်မှာ ဗုဒ္ဓဘာသာရဲ့ အဘိဓမ္မာကိုဖော်ညွှန်းတဲ့ ၂၄ ပစ္စည်းပဌာန်းပုံစံထိုးထားတဲ့အတွက် အခုလိုအနိုင်ရသွားလို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုချက်ဖြစ်တာတွေ့ရပါတယ်။ 

အောက်ပါစာသားတွေကတော့ ပို့စ်ပါ စာသားကောက်နှုတ်ချက်ပဲဖြစ်ပါတယ်။

“တံတောင်ဆစ်မှာ 24 items(၂၄ ပစ္စည်း) ပုံစံ Tattooထိုးလို့ World Cup ရသွားတဲ့ Messi…….

ဒါတောင် အသေးစိတ် တွေ မထည့်ရသေးပါဘူးတဲ့”

“Knowledge Zone” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မက်ဆီ ကမ္ဘာ့ဖလားကိုင်မြှောက်နေတဲ့ ဓာတ်ပုံနဲ့အတူ အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

ယခု ၂၄ ပစ္စည်းအဖြစ်ဖော်ပြနေတဲ့ မက်ဆီရဲ့ တက်တူးနဲ့ပတ်သက်ပြီးတော့ သတင်းတစ်ချို့မှာဖော်ပြချက်ကို ၂၀၁၈ ခုနှစ်ကကျင်းပပြီးစီးခဲ့တဲ့ ကမ္ဘာ့ဖလားမတိုင်ခင်ကတည်းကတွေ့နိုင်ပါတယ်။ သူ့ခန္ဓာအနှံ့အပြားမှာ ရှိတဲ့တက်တူးအကြောင်းကို ဘလော့ဂ်အများအပြားမှာတွေ့နိုင်ပါတယ်။ အထူးသဖြင့် သူ့ရဲ့ တက်တူးဟာ ဘာသာရေး၊ မိသားစုနဲ့အမှတ်တရတွေနဲ့ ပတ်သက်တယ်လို့ တူညီစွာဆိုကြပြီး ပထမဆုံး အချက်ကတော့ မက်ဆီဟာ ခရစ်ယာန်ဘာသာဝင်ဖြစ်ပြီး သူ့ရဲ့ ပခုံးမှာ ယေရှုခရစ်ပုံကို တက်တူးထိုးတာ တွေ့ရပါတယ်။ 

မူရင်းလင်ခ့် – Goal  |  Archive link  

တံတောင်ဆစ်နေရာမှာထိုးထားတဲ့ တက်တူးကတော့ သူ့ရဲ့ ကစားသမားပရော် ဖက်ရှင်နဲ့ကစားသမား ဘဝအောင်မြင်မှုတွေစတင်ရရှိခဲ့တဲ့ ဘာစီလိုနာမြို့မှာရှိတဲ့ Sagrada Familia ခရစ်ယာန်ဘုရားကျောင်းကို အခြေခံပြီး အမှတ်သင်္ကေတအဖြစ်ရေးဆွဲထားတာဖြစ်ကြောင်း ဘလော့ဂ်တွေမှာဖော်ပြပါတယ်။

ဗုဒ္ဓဘာသာဝင်တွေရဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ ၂၄ ပစ္စည်းပဌာန်းစက်ဝိုင်းမှာ ၂၄ စိပ်တိတိနဲ့ခြယ်မှုန်းပြသလေ့ ရှိပြီးမက်ဆီရဲ့ တံတောင်ဆစ်က အမှတ်အသားကတော့ ၁၆ စိပ်သာပါဝင်ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

မက်ဆီရဲ့ တံတောင်ဆစ်က တက်တူးဟာ ဗုဒ္ဓဘာသာရဲ့ အဘိဓမ္မာကိုဖော်ညွှန်းတဲ့ ၂၄ ပစ္စည်းပဌာန်းပုံစံ ထိုးထားတယ်ဆိုတာမဟုတ်ပါဘူး။ ဘာစီလိုနာမြို့မှာရှိတဲ့ Sagrada Familia ခရစ်ယာန်ဘုရားကျောင်းကို အခြေခံပြီး အမှတ်သင်္ကေတအဖြစ်ရေးဆွဲထားတာဖြစ်ကြောင်း ဘလော့ဂ်တွေမှာဖော်ပြပါတယ်။

Avatar

Title:Fact Check: မက်ဆီရဲ့ တံတောင်ဆစ်မှာ ၂၄ ပစ္စည်းပဌာန်းထိုးထားတာလား-မဟုတ်ပါ

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *