Fact Check: ရေစကြိုနဲ့မြိုင်အစပ် စိုင်သေနဲ့ သံပြာချောင်းရွာအား စစ်တပ်ကမီးရှို့မှုကို PDF ကမီးရှို့မှုအဖြစ်ဖြန့်ဝေ

Misleading နိုင်ငံရေး | Politics

အောက်တိုဘာ ၂၉ ရက်က PDF တွေက ရေစကြိုမြို့နယ်၊ စိုင်သေရွာနဲ့သံပြာချောင်းရွာတို့အား ဝင်ရောက် ဖျက်ဆီး မီရှို့နေပြီး စိုင်သေကျေးရွာမှာ အိမ်ခြေသုံးပုံနှစ်ပုံခန့်မီးလောင်ကျွမ်းခံထားရတာ နစကအထက် လူကြီးများ သိစေရန်ဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားဖြန့်ဝေလျက်ရှိပါတယ်။ နားလည်မှု လွဲစေနိုင်တဲ့ သတင်းမှားတစ်ခု ဖြစ်ပါတယ်။ စစ်တပ်က စစ်ကြောင်းထိုးပြီး မီးရှို့မှုအဖြစ် လွတ်လပ်တဲ့ မီဒီယာအများအပြားကဖော်ပြပါတယ်။

အောက်ပါပို့စ်ကတော့ ဒီလိုဖော်ပြပါရှိတဲ့ ပို့စ်တစ်ခုက စာသားတွေပဲ။

“နစက အထက်လူကြီးမင်းများသိစေရန်

===============================

မကွေးတိုင်း၊ ရေစကြိုနယ်နှင့် မြိုင်နယ်အစပ်ရှိ  စိုင်သေရွာနှင့် သံပြာချောင်းကျေးရွာများအား 

pdf များမှ ဝင်ရောက်ဖျက်ဆီးမီးရှို့နေ၍

 ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း 

ဒေသခံများမှ ​ သတင်းပေးပို့လာပါတယ်

ယနေ့ 

(အောက်တိုဘာ ၂၉ ရက်) နံနက် ၄ နာရီခန့်က စတင်ကာ pdf များသည် ရေစကြိုမြို့နယ်၊ စိုင်သေရွာနှင့် သံပြာချောင်းရွာတို့အား ဝင်ရောက်ဖျက်ဆီးမီးရှို့နေခြင်းဖြစ်ပြီး  စိုင်သေကျေးရွာတွင် ကျေးရွာ၏အိမ်​ခြေ သုံးပုံနှစ်ပုံခန့်မီးလောင်ကျွမ်းခံထားရကြောင်း

 ဒေသခံများက ပြောသည်။

“စိုင်သေကျေးရွာကို မနက်လေးနာရီလောက်မှာရှို့တယ်။ 

သံပြာချောင်းကို မနက် ၆ နာရီလောက်မှာ ရှို့တယ်။ 

စခတွေ ရွာထဲရှိနေသေးလို့ ဘယ်လောက်ပါသွားတယ်မသိရသေးဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စကစတပ်သည် ပခုက္ကူမြို့နယ် 

ရေစကြိုမြို့နယ် မြိုင်မြို့နယ် သုံးမြို့နယ်အစပ်တွင် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ယမန်နေ့ကတည်း က စိုင်သေရွာအား ဝင်ရောက်ရှင်းလင်းခဲ့ပြီး 

စကစများ  စစ်ကြောင်းပြန်အထွက်မှာ

အဖျက်သမား pdf များက

ရွာတွေကို မီးဝင်ရှို့ကြသည်ဟု

ရွာခံများက သတင်းပေးပို့လာပါတယ် 

မျိုးချစ် မြန်မာ”လို့ ရေးသားပြီး “ခြသေ့်လိုလူ ပန်းလိုလူ” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါ အတိုင်းမျှဝေထားတာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

အဓိကကျတဲ့စကားအချို့အသုံးပြုပြီး အကြောင်းအရာကိုရှာဖွေကြည့်ရာမှာ လွတ်လပ်တဲ့မီဒီယာအများအပြားက အောက်တိုဘာ ၂၉ ရက်က ရေစကြိုမြို့နယ်နဲ့မြိုင်မြို့နယ်အစပ်က  စိုင်သေရွာနှင့် သံပြာချောင်းရွာတွေအပါအဝင် ကျေးရွာအချို့ကို စစ်တပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့နေလို့  ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရတယ် လို့ဖော်ပြပါတယ်။

မူရင်းလင်ခ့် – RFA BurmeseArchive link

ထို့အတူ အမျိုးသားညီညွှတ်ရေးအစိုးရ(NU)ရဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ “People’s Spring”သတင်းဌာနက လည်း “ရေစကြိုနယ်နှင့် မြိုင်နယ်အစပ်ရှိ  စိုင်သေရွာနှင့် သံပြာချောင်းကျေးရွာများအား စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့နေ၍ ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရ”ဆိုပြီးတော့ဒေသခံတွေကို ကိုးကားပြီးရေးသားပါတယ်။

ထို့အပြင် စစ်တပ်ဟာ သူတို့ကိုတော်လှန်ပုန်ကန်နေတဲ့ ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတဲ့အထောက်အထားတွေလည်းရှိပါတယ်။ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တွေ့ရပါတယ်။ 

သုံးသပ်ချက်

စစ်တပ်က သူတို့ကို ပုန်ကန်ခြားနားတဲ့ ရွာတွေကို ဝင်ရောက်စီးနင်းပြီးနောက် မီးရှို့ဖျက်ဆီးတာတွေဟာ လွတ်လပ်တဲ့အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်မှတ်တမ်းတင်ထားပြီးဖြစ်တဲ့ အရာတွေ ပဲဖြစ်ပါတယ်။ အခုလည်း စိုင်သေရွာနဲ့ သံပြာချောင်းကျေးရွာများကို စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီး မီးရှို့နေတယ်လို့ မီဒီယာတွေက ဖော်ပြချိန်မှာ စစ်တပ်ဝါဒဖြန့်ချိသူတွေက PDF ကမီးရှို့ တယ်လို့ တန်ပြန်ဖြန့်ဝေလာတာဖြစ်ပါတယ်။

Avatar

Title:ရေစကြိုနဲ့မြိုင်အစပ် စိုင်သေနဲ့ သံပြာချောင်းရွာအား စစ်တပ်ကမီးရှို့မှုကို PDF ကမီးရှို့မှုအဖြစ်ဖြန့်ဝေ

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *