
ပြည်တွင်းသုံးဖုန်း၊ ထိုင်းနိုင်ငံသုံးဖုန်းနံပါတ်တွေနဲ့အတူ ကရင်အမျိုးသားအစည်းအရုံး(KNU)က စစ်သားသစ် စုဆောင်း နေတယ်လို့ ရေးသား မျှဝေထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေနေ တာတွေ့ရပါတယ်။
ပျံ့နှံလျက်ရှိတဲ့ ဓာတ်ပုံပို့စ်မှာ ကရင်အမျိုးသားအလံကိုင်ဆောင်ထားသော လက်နက်ကိုင်တပ်ဖွဲ့ပုံနှင့်အတူ “သင့်အား KNU မှအလိုရှိသည်
ထိုင်းနိုင်ငံကရင်အမျိုးသားဆက်ဆံရေးရုံး
ရုံးချုပ်တာဝန်ခံဖုန်း။ ။0944710652
0920897951
0827982475
0846517739”လို့ရေးသားထားထားပါတယ်။
“ဝင်ချင်တဲ့သူဆက်သွယ်လိုက်ပါKNU ကြိုဆိုနေပါတယ် Cerdit”လို့ ရေးသားပြီး “Van Duh Thang ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြူသူက အဆိုပါဓာတ်ပုံနှင့်တကွ မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၉ ထောင်ကျော်ရှိခဲ့ပါတယ်။ အလားတူ မျှဝေထားတာတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပြီး KNU ဘက်ကမဟုတ်ကြောင်းငြင်းဆိုထားပါတယ်။
အချက်အလက်စိစစ်ချက်
“ဤအချက်အလက်များသည်မှားကြောင်းနှင့်KNLA ၏အထွေထွေဌာနချုပ်ရုံးမှ ဤသတင်းအချက်အလက်ကို ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း ပြည်သူလူထုအားအသိပေးလိုပါသည်”လို့ ကရင်ပြည့်သူလွှတ်မြောက်ရေး တပ်မတော်(Karen National Libration Army- KNLA)က မတ် ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မူရင်းလင်ခ့် – KNLA | Archive link
““Facebook လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသော “သင့်အား KNU မှ အလိုရှိသည်”ဟူသည်စာတန်းဖြင့် လူသစ်စု ဆောင်းနေသည့်သတင်းမှာ မဟုတ်မှန်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဌာနချုပ်က မတ်လ ၉ရက် ယနေ့တွင် ပြန်လည် ရှင်းလင်းထုတ်ပြန်ထားသည်။”လို့ ကရင်အမျိုးသား အစည်းအရုံး(KNU)ရဲ့ သတင်းနှင့်ပြန်ကြားရေးဌာနဖြစ်တဲ့ KIC သတင်းစဉ်ကထပ်မံဖော်ပြထားပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ “သင့်အား KNU မှ အလိုရှိသည်”ဆိုပြီး ဖုန်းနံပါတ်တွေနဲ့ ဖော်ပြပြီး ခေါ်ယူနေခြင်းဟာ KNU ကခေါ်နေသယောင်ပုံမှားရိုက်ထားခြင်းဖြစ်ပါတယ်။

Title:KNU နာမည်သုံးပြီး လက်နက်ကိုင်စုဆောင်းမှုလုပ်နေတယ်ဆိုတဲ့ သတင်းမှားဖြန့်
Fact Check By: Nayar MaungResult: Misleading