
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) တိုင်းမှူးနဲ့ ဇနီး ပစ်သတ်ခံရတယ်လို့ဆိုထားတဲ့ ပို့စ်တစ်ခု အွန်လိုင်း အသုံးပြုသူတွေကြား ဖြန့်ဝေလျက်ရှိတာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။
“မပခ တိုင်းမှူးနဲ့ဇနီး ဗျင်းခံရ / အရေးပေါ်သတင်း”
ဇူလိုင် ၂၁ ရက်ကစတင်ဖြန့်ဝေခဲ့တဲ့ ဒီယူကျူ့ ဗွီဒီယိုကို လက်ရှိအချိန်အထိ ၂၁၀၀၀ ကျော်ရှိပါတယ်။ အလားတူ ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာနဲ့ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။

မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းမီဒီယာတွေမှာ မပခလို့ အတိုခေါက်အားဖြင့် ခေါ်တဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့အဖွဲ့ကို နေပြည်တော်က လာရောက်ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်းဖော်ပြချက်ရှိပေမဲ့ ဒီလိုမျိုး ပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းဖော်ပြချက်မျိုးမရှိပါဘူး။
တချိန်ထဲမှာပဲ အခုလို မပခတိုင်းမှူးနဲ့ ဇနီးပစ်သတ်ခံရတယ်လို့ ဖော်ပြထားတဲ့ အခု ယူကျူဗွီဒီယိုမှာလည်း ဒီအကြောင်းအရာမပါဝင်ဘဲ မီဒီယာတွေမှာ သတင်းဖော်ပြခဲ့ပြီးဖြစ်တဲ့ တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်အပါအဝင် အရာရှိ ၇ ဦး ထက်မနည်း ဖမ်းဆီးစစ်ဆေးနေစဉ် သူတိုရဲ့ ဇနီးတွေကိုပါဖမ်းဆီးပြီး ပိုင်ဆိုင်မှုအသေးစိတ် စစ်ဆေးနေတဲ့အကြောင်း စစ်တပ်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကို ကိုးကားထားတဲ့ သတင်းကို ဖော်ပြနေခြင်းပဲဖြစ်တယ်။ မပခတိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင် အဖမ်းခံရတဲ့ သတင်းကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာကြည့်ပါ။

သုံးသပ်ချက်
မပခ တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်အပါအဝင် အရာရှိ ၇ ဦး ထက်မနည်း ဖမ်းဆီးစစ်ဆေးနေစဉ် သူတိုရဲ့ ဇနီးတွေကိုပါဖမ်းဆီးစစ်ဆေးနေတဲ့ သတင်းကို မပခတိုင်းမှူးနဲ့ ဇနီးပစ်သတ်ခံရမှုအဖြစ် သတင်းခေါင်းစဉ်တုတပ် ထားခြင်းဖြစ်တယ်။
ပြောဆိုချက်- မပခတိုင်းမှူးနဲ့ ဇနီးပစ်သတ်ခံရ

Title:Fact Check: မပခတိုင်းမှူးနဲ့ ဇနီးပစ်သတ်ခံရတဲ့ သတင်းတု
Written By: နေရာမောင်Result: Misleading