Fact Check: ရှေ့တန်းကတပ်မှူးတွေ အရေးကြုံရင် လက်နက်ချဖို့ ဒု-ချုပ်စိုးဝင်း အမိန့်ပေးတဲ့ သတင်းတု

False နိုင်ငံရေး၊

ရှေ့တန်းကတပ်မှူးတွေ အရေးကြုံရင် လက်နက်ချဖို့ ဒု-ချုပ်စိုးဝင်း အမိန့်ပေးအပြီးမှာ တပ် ၉၉ တပ်ရင်းမှူး အပါဝင်အားလုံးအညံ့ခံတယ်လို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ဖြန့်ဝေနေတာ တွေ့ရတယ်။

အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထာတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“ရှေ့တန်း တပ်မှူးတွေအရေးကြုံရင် လက်နက်ချဖို့ ဒုချုပ် စိုးဝင်း အမိန့်ပေးအပြီး တပ် ၉၉ တပ်ရင်းမှူးအပါဝင်အာလုံး အညံ့ခံ”

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

အခုဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်စာမျက်နှာဟာ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းဖော်ပြချက်တွေကို နားလည် မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု သို့မဟုတ် ခေါင်းစဉ်လွဲတပ်ပြီး ပြန်လည်ဖြန့်ချိတာတွေ့ရပါတယ်။ တကယ်တော့ ဗွီဒီယိုဟာ ရန်ကုန်ခေတ်သစ်မီဒီယာရဲ့ ယူကျူ့ချန်နယ်မှာ နိုဝင်ဘာ ၁၁ ရက်မှာဖော်ပြခဲတဲ့ “Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်”ဆိုတဲ့ ဗွီဒီယိုကို ခေါင်းစဉ်လွဲတပ်ပြီး ပြန်လည်ဖြန့်ချိထားခြင်းဖြစ်တယ်။

ဗွီဒီယိုပါသတင်းတွေကတော့ “ဗိုလ်တထောင် စေတီ၏ အလှူငွေနှင့် ဝင်ကြေး ရရှိထားသော အမေရိကန် ဒေါ်လာများကိုလည်း စစ်ကောင်စီက တစ်ဒေါ်လာ ၂၁၀၀ ဖြင့် တန်ဖိုးဖြတ်၍ သိမ်းယူ”၊ “ကရင်နီတွင် ပစ်ချခံရ၍ ပျက်ကျခဲ့သော စစ်တိုက်လေယာဉ်မှ လေယာဉ်မှူး ၂ ဦး နှင့် အဆက်အသွယ်ရရှိသည်ဟု စစ်ကောင်စီ ပြောခွင့်ရ ပုဂ္ဂိုလ် ဇော်မင်းထွန်း လိမ်လည်ပြောဆိုခဲ့မှု ပိုင်းလော့ ဗိုလ်မှူး ခိုင်သန့်မိုး ဖော်ထုတ်”၊ “တမူးမြို့နယ်၊ အောင်ဇေယျကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်မှု စစ်ကောင်စီဘက်တော်သား ၆ ဦးဖမ်းမိပြီး KNA – Burma ရဲဘော် ၂ ဦး ကျဆုံး”၊” မုန်းမြို့သိမ်းတိုက်ပွဲတွင် လက်နက်ချ အလင်းဝင်သူ ခလရ ၈၄ မှ စစ်အရာရှိများနှင့်စစ်သည်များက ကောင်းမွန်စွာ စောင့်ရှောက်မှုအတွက် KNLA ၊ PDF အပါအဝင် တာဝန်ရှိ သူများကို ကျေးဇူးတင်ဟု ထုတ်ဖော်ပြောဆို”၊ “အမေရိကန်နိုင်ငံ  နယူးယောက်မြို့မှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အဖြစ်”လူ့အခွင့်အရေးတွေပြန်ရဖို့ စစ်အာဏာရှင်ကိုအမြစ်ဖြတ်စို့” ခေါင်းစဉ်နဲ့ ဆန္ဒထုတ်ဖော်”စတာတွေပါဝင်ပါတယ်။ မူလသတင်းဗွီဒီယိုကို အောက်မှာ ကြည့်ပါ။

သုံးသပ်ချက်

မူလက ရန်ကုန်ခေတ်သစ်မီဒီယာရဲ့ ယူကျူ့ချန်နယ်မှာ ဖော်ပြခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့လည်ပိုင်း သတင်း ဗွီဒီယိုကိုရယူပြီး လိုအပ်သလို သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိနေခြင်းဖြစ်တယ်။ စစ်အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းက တပ်မှူးတွေကို အရေးကြုံလာရင် လက်နက်ချဖို့ အမိန့်ပေးတယ်ဆိုတာ မဟုတ်ပါဘူး။ ဒီလိုသတင်းဖော်ပြချက်မျိုး သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာလည်း မတွေ့ရပါဘူး။

Avatar

Title:Fact Check: ရှေ့တန်းကတပ်မှူးတွေ အရေးကြုံရင် လက်နက်ချဖို့ ဒု-ချုပ်စိုးဝင်း အမိန့်ပေးတဲ့ သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *