နိုင်ငံတကာဖိအားတွေကြောင့် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ရုတ်သိမ်းလိုက်ပြီလို့ဆိုထားတဲ့ သတင်းတု ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။

အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။

“အထူးသတင်းကောင်း

စစ်မှုထမ်းဥပဒေရုတ်သိမ်းပြီ

နိုင်ငံတကာဖိအားတွေကြောင့်ရုတ်သိမ်းရန်

မင်းအောင်လှိုင်မှမဖြစ်မနေရုတ်သိမ်းလိုက်ပြီ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

“Yangon Khit Thit”အမည်နဲ့ ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာလုပ်ငန်းတခုဖြစ်တဲ့ “ရန်ကုန် ခေတ်သစ်သတင်းဌာန”ရဲ့ အမည်နာမ တုပထားပြီး သတင်း ဌာနတွေက ကနဦးဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ ဖတ်ကြားကာ ထင်ယောင်ထင်မှား ဖြစ်ဖွယ် သတင်းခေါင်းစဉ်တွေတပ်ကာ ဖြန့်ဝေနေခြင်းဖြစ် တာတွေ့ရပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီမှာကြည့်ပါ။

အခုလည်း တကယ်တမ်း ဗွီဒီယိုပါ အကြောင်းအရာဟာ ဧရာဝတီတိုင်မ်းသတင်းဌာနမှာ မတ် ၁၇ ကဖော်ပြခဲ့တဲ့ ဆောင်းပါးတပုဒ်ဖြစ်တဲ့ “တရုတ်ကို အပူကပ်နေရသော်လည်း စစ်ရေးရှုံးနိမ့်နေဆဲ စစ်ကောင်စီ”ကို ပြန်လည်‌ဖော်ပြနေခြင်းဖြစ်တယ်။ မူရင်း သတင်းဆောင်းပါးကို ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ရုတ်သိမ်းခြင်းမရှိပါဘူး။ ဗွီဒီယိုကို လူကြည့်များအောင် လူတွေစိတ်ဝင်စားမှု မြင့်တက်နေတဲ့ စစ်မှုထမ်းဥပဒေအကြောင်းအရာသတင်းခေါင်းစဉ်ကို သတင်းမီဒီယာတခု ကဖော်ပြခဲ့တဲ့ သတင်းဆောင်းပါးကို ပြန်လည်ကူးယူပြီး လိုအပ်ခေါင်းစဉ်တု တပ်ကာ သတင်းတုသတင်းမှား ဖြန့်ချိနေ ခြင်းဖြစ်တယ်။

Avatar

Title:Fact Check: စစ်မှုထမ်းဥပဒေကို စစ်ကောင်စီ ရုတ်သိမ်းတဲ့ သတင်းတု

Written By: နေရာမောင်

Result: False