
နို့တိုက်နေတဲ့မိခင်ကို PDF က ရိုက်နှက်သွားတယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ဓာတ်ပုံထဲမှာ ကလေးငယ်ကို နို့တိုက်နေတဲ့ မိခင်တစ်ယောက်ရဲ့ ဦးခေါင်းမှာ သွေးထွက်နေတဲ့ ဓာတ်ပုံတစ်ပုံလည်း ပါဝင်ပါတယ်။
သို့သော် ဓာတ်ပုံဟာ အခြားနိုင်ငံက ဓာတ်ပုံတစ်ပုံဖြစ်တာတွေ့ရပါတယ်။
“ရန်ကုန်၊ခရမ်းမြိုနယ်
က လေးနိုတိုက် နေ သော မိခင်အား
အကြမ်းဖက် pdf များမှ ဒလန်စွပ်စွဲ၍
သတ်ရန်လာ သော်လည်း က လေးနိုတိုက် နေသဖြင့်
ခေါင်းပဲ ရိုက်နှက်သွားဟု ကနဦးသိရ”လို့ရေးသားပြီး “မင်းခ ယောက်ကျား”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက စက်တင်ဘာ ၃၀ ရက်မှာ အောက်ပါအတိုင်း မျှဝေထားပါတယ်။
တူညီစွာရေးသားမျှဝေထားတဲ့ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါ တယ်။
မူရင်းလင်ခ့် – Fb link | Archive link
ဒီဓာတ်ပုံကို “ခရမ်းမြို့မှာ နို့တိုက်နေတဲ့ မိခင်ကို ဂေါင်းရိုက်ခဲ့တယ် စခတွေ”လို့ရေးသားပြီး “Jo Tiger” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူကလည်းမျှဝေခဲ့တာတွေ့ရပါတယ်။အခြားတူညီစွာရေးသားမျှဝေထားတာတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။
အင်တာနက်မှာ လက်ရှိအချိန်အထိအသက်ဝင်နေလင့်ခ်တွေအရ မြန်မာနိုင်ငံမှာ ဒီဓာတ်ပုံစတင်ပျံ့နှံ့လာခဲ့တာဟာ စက်တင်ဘာ ၃၀ ရက်က အစောဆုံးဖြစ်တာတွေ့ရပါတယ်။ Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံ ကို စက်တင်ဘာ ၂၈ ရက်ကတည်းက စတင်တွေ့ရှိတာဖြစ်ပြီး ခမာဘာသာစကားနဲ့ရေးသား မျှဝေထားတာဖြစ်ပါ တယ်။
မူရင်းလင်ခ့် – Thol Bena | Archive link
ထို့အပြင် ခရမ်းမြို့နယ်နှင့်ပတ်သက်သော သတင်းမှာ ပုံမှန်မျှဝေနေသော Khayan Channel မှလည်း ဒီသတင်း ဟာ မှန်ကန်ခြင်းမရှိကြောင်း ရေးသားမျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။
မူရင်းလင်ခ့် – Khaya Channel | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ အခြားနိုင်ငံက ဓာတ်ပုံတစ်ပုံကို ခရမ်းမှာ နို့တိုက်မိခင်ရိုက်နက်ခံရမှုအဖြစ် မျှဝေနေခြင်း ဖြစ်ပါတယ်။

Title:ခရမ်းက နို့တိုက်မိခင် PDF ရိုက်နှက်ခံရတဲ့ဓာတ်ပုံလား-မဟုတ်ပါ
Fact Check By: Nayar MaungResult: Misleading