
မိုးအဆက်မပြတ်ရွာသွန်းလေ့ရှိတဲ့ ဩဂုတ်လမှာ ရန်ကုန်လူထုဟာ နှစ်စဉ်လိုလို ရေကြီးရေလျှံမှုကို ခံစားရပါ တယ်။ ယခုနှစ် စံချိန်တင်မိုးကြီးခဲ့တာကြောင့် ဩဂုတ် ၁၇ ရက်က ရန်ကုန်မှာအနိမ့်ပိုင်းရပ်ကွက်တွေနဲ့ အဓိက လမ်းမကြီး တွေမှာ ရေနစ်မြှုပ်တဲ့ သတင်းက ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ရေပန်းစားခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ တိုက်ပေါ်ကနေရိုက်ထားတဲ့ အရောင်အသွေးသစုံတဲ့ ကားတွေ ရေထဲနစ်မြုပ်နေတဲ့ ဓာတ်ပုံတစ်ပုံဟာ ရန်ကုန်တာမွေနဲ့ တောင်ဒဂုံက ရေကြီးရေလျံမှုအခြေအနေအဖြစ်သတင်းမှား ပြန့်နှံ့ခဲ့တာ တွေ့ရပါတယ်။
ဓာတ်ပုံဟာ မလေးရှားနိုင်ငံက ရေကြီးရေလျှံမှုဖြစ်စဉ်နဲ့ပတ်သက်ပါတယ်။
အောက်ပါစခရင်ရွှတ်ကတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေပဲဖြစ်ပါတယ်။ မူလဖြန့်ဝေခဲ့သူတွေက ဒီပို့စ်တွေကို ပြန်ဖျက်သွားပြီးဖြစ်ပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ရန်ကုန်မြို့မှာ ရေကြီးနစ်မြှုပ်မှုသတင်းတွေကို ဒီလင့်ခ်၊ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာတွေ့နိုင်ပါတယ်။
ကားရောင်စုံ ရေမြုပ်နေတဲ့ ဓာတ်ပုံကိုတော့ Google မှာရှာကြည့်မယ်ဆိုရင် မလေးရှားနိုင်ငံ ဆလန်ဂေါ (Selangor)ပြည်နယ်မြို့တော် ဖြစ်တဲ့ ရှန်အလန်(shah alam)မြို့မှာ ကားတွေ ရေနစ်မြှုပ်နေ ပုံဖြစ်ပါတယ်။
မလေးရှားသတင်းဌာနတစ်ခုဖြစ်တဲ့ The Star ရဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက ဆောင်းပါးတစ်ပုဒ်မှာ ဒီဓာတ်ပုံကို အောက်ပါအတိုင်းရေးသားထားပါတယ်။ “တန်ကြေးကြီးသောပြင်ဆင်မှု- ရှန်အလန်မြို့က တိုက်ခန်းတွဲတစ်ခုအပြင်မှာ ကားအများအပြား တစိတ်တပိုင်းရေနစ်မြုပ်နေစဉ်- ဓာတ်ပုံကို လူမှုကွန်ယက်ကရယူထားသည်”လို့ ဓာတ်ပုံစာသားနေရာမှာရေးသားထားပါတယ်။

မူရင်းလင်ခ့် – The Star | Archive link
သုံးသပ်ချက်
ဩဂုတ် ၁၆ ရက်ကညပိုင်းကတည်းက ရွာသွန်းခဲ့တဲ့ မိုးကြောင့် ဩဂုတ် ၁၇ ရက်က ရန်ကုန်မှာ ရေကြီးရေလျံမှု တွေရှိခဲ့ပါတယ်။ သို့သော်လည်း ရောင်စုံကားအချို့ တစ်စိတ်တစ်ပိုင်းရေနစ်မြုပ်နေတဲ့ ဓာတ်ပုံဟာ မလေးရှားနိုင်ငံ ရှန်အလန်မှာ ရေကြီးနစ်မြုပ်မှုဖြစ်ပါတယ်။

Title:Fact Check: ၂၀၂၁ ခုနှစ် မလေးရှားကဖြစ်စဉ်ကို ရန်ကုန်မှာ ရေကြီးရေလျှံမှုအဖြစ်ပျံ့နှံ့ခဲ့
Fact Check By: Nayar MaungResult: Explainer