Fact Check: အဖွဲ့ ၂၁ ဖွဲ့ပေါင်းပြီး နေပြည်တော်ကို သိမ်းမယ်လို့ KNU ဥက္ကဌကြေညာတဲ့ သတင်းတု

False နိုင်ငံရေး၊

လက်နက်ကိုင် ၂၁ ဖွဲ့ ပူးပေါင်းပြီး နေပြည်တော်ကို အပြီးဝင်သိမ်းမယ်လို့ KNU ဥက္ကဌကြေညာလိုက်ပြီနောက် နေပြည်တော်က စစ်ဗိုလ်ချုပ်တွေနုတ်ထွက်ကုန်တယ်လို့ဆိုလိုထားတဲ့  ဗွီဒီယိုတခု ယူကျူ့မှာပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲ စေနိုင်တဲ့ သတင်းမှားတခုသာဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“လက်နက်ကိုင်(၂၁)ဖွဲ့ ပူးပေါင်းပြီး နေပြည်တော်ကို အပြီးဝင်သိမ်းမည်ဟု KNUဥက္ကဌကြေညာ စစ်ဗိုလ်ချုပ် ၉၆ ဦးချက်ချင်းနုတ်ထွက်လိုက်ပြီ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ တကယ်တော့ ဒီဗွီဒီယိုဖိုင်ပါအကြောင်းအရာဟာ လူထုနွေဦးသတင်းစာမျက်နှာဖော်ပြခဲ့တဲ့ “စစ်ပွဲများလာပါက လူထုတစ်ရပ်လုံး၏ အနာဂတ် အကျိုးစီးပွားအတွက်ဟုနားလည်ရန် KNU ဥက္ကဋ္ဌ အသိပေး”ဆိုတဲ့ အကြောင်းအရာကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။ ဒီသတင်းထဲမှာ KNU  ဥက္ကဌက  စစ်ကောင်စီပြုတ်ကျရေးအတွက် စစ်ပွဲတွေ ဆင်နွှဲနေတာမို့ စစ်ပွဲတွေများပြားလာမှုကို နားလည်ပေးဖို့နဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့အတွက် အခြားတိုင်းရင်းသားတွေနဲ့ တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ပြောကြားနေတာဖြစ်ပေမဲ့ လက်နက်ကိုင် ၂၁ ဖွဲ့နဲ့ နေပြည်တော်ကို သိမ်းပိုက်ဖို့အကြောင်းတိုက်ရိုက်ပြောဆိုတာမရှိပါဘူး။ အပြည့်အစုံကို အောက်မှာကြည့်ပါ။

မူရင်းလင်ခ့် – People’s Spring | Archive link

ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းမှ ပြည်သူလူထုထံသို့ ပြောကြားသော သတင်းစကားကို 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻 ရဲ့ဖေ့စ်ဘွတ်မှာ ထုတ်ပြန်ထားတာ ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

လူထုနွေဦးသတင်းစာမျက်နှာဖော်ပြခဲ့တဲ့ စစ်ပွဲများလာပါက လူထုတစ်ရပ်လုံး၏ အနာဂတ် အကျိုးစီးပွား အတွက်ဟုနားလည်ရန် KNU ဥက္ကဋ္ဌ အသိပေးဆိုတဲ့ သတင်းကို ပြန်လည်မျှဝေနေခြင်းဖြစ်တယ်။ ထုတ်ပြန်ချက်ထဲမှာ  စစ်အာဏာရှင်ကို ပြုတ်ကျအောင် စစ်ရေးနည်းလမ်းနဲ့ ဆောင်ရွက်ရမှာမို့ စစ်ပွဲတွေများပြားလာမှာဖြစ်ပြီး လူထုအနေနဲ့ နားလည်ကြဖို့ ပန်ကြားချက်ကို လိုအပ်သလို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်

Avatar

Title:Fact Check: အဖွဲ့ ၂၁ ဖွဲ့ပေါင်းပြီး နေပြည်တော်ကို သိမ်းမယ်လို့ KNU ဥက္ကဌကြေညာတဲ့ သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *