Fact Check: ထားဝယ်က မူလတန်းကျောင်းပေါက်ကွဲမှု NUG/PDF လက်ချက်ဆိုတဲ့ ဝါဒဖြန့်သတင်းမှား

နိုင်ငံရေး၊

ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက် မူလတန်းကျောင်းဝင်းအတွင်း ပေါက်ကွဲမှုကြောင့် မူလတန်းကလေးငယ် တဦး သေဆုံးပြီး အများအပြားဒဏ်ရာရတဲ့ ဖြစ်စဉ်အပြီးမှာ ဒီလုပ်ရပ်ဟာ NUG/PDF က လုပ်တာလို့ဆိုပြီး ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားရတဲ့ အကြောင်းအရင်းဟာ လက်ကျန် ဗုံးသီးတလုံးကို ကလေးတွေက တွေ့ရှိဆော့ကစားရာနေ ပေါက်ကွဲမှုဖြစ်ပြီး ဒီပစ္စည်းဟာ ဘယ်လိုရောက်ရှိ နေသလဲနဲ့ ဘယ်အဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့ ပစ္စည်းဆိုတာ ရှင်းရှင်းလင်းလင်းမရှိပါဘူး။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

“မနေ့က ထား၀ယ်မြိုမှာ NUG PDF အကြမ်းဖက်သမားတွေရဲ့ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားတဲ့ ကလေးငယ်လေး။”

C:\Users\User\Downloads\screenshot-www.facebook.com-2024.06.10-13_16_40.png

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ဇွန်လ ၄ ရက် နေ့လယ်ပိုင်းက တနင်္သာရီတိုင်း ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်က မူလတန်းကျောင်းဝင်း အတွင်း ပေါက်ကွဲမှု ဖြစ်ပွားတာကြောင့် အသက် ၉ နှစ်အရွယ် ကျောင်းသားတစ်ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရခဲ့ တယ်လို့ မြန်မာနောင်းသတင်းဌာနက ဖော်ပြပါတယ်။ ကျောင်းပရဝဏ်အတွင်းတွေ့တဲ့ ဗုံးသီးတစ်လုံးကို ကလေးတွေကိုင်တွယ်နေစဉ်ပေါက်ကွဲခဲ့တာလို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူကို ကိုးကားပြီး ဒီသတင်းမှာဖော်ပြတယ်။ ဒီနေရာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို PDF တွေက မကြာခဏ သွားရောက်တိုက်ခိုက်လေ့ရှိလို့ စစ်ကောင်စီတပ်က ကင်းပုန်းဝပ်တာအပါအဝင် လုံခြုံတပ်ဖွဲ့ဝင် အများအပြားနဲ့ တပ်စွဲထားလေ့ရှိတယ်လို့လည်း ဖော်ပြတယ်။

ဒီလိုပဲ နေ့လယ်ပိုင်း ထမင်းစားနားချိန်မှာ ကျောင်းသားတချို့က မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်လို့ ယူဆရတဲ့ အရာကို ဆော့ကစားရာကနေ အင်္ဂတေ အခင်းပေါ် ကျရောက်ပြီး ပေါက်ကွဲခဲ့မှုဖြစ်တဲ့အကြောင်း ထားဝယ်ဒေသနဲ့ ပတ်သက်တဲ့ သတင်းတွေကို အထူးပြုဖော်ပြနေတဲ့ Dawei Watch ကလည်း ဒေသခံတွေကို ကိုးကား ဖော်ပြပါတယ်။

ဒီအပြင် ဒီသတင်းဌာနကပဲ အခုလို ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်က မူလတန်းကျောင်းဝင်းပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး စစ်တပ်ဝါဒဖြန့်ချိရေးအကောင့်တွေမှာ အခုလို PDF လုပ်တာလို့ သတင်းမှားဖြန့်လာတဲ့အကြောင်း အချက်အလက်စိစစ်ချက်အဖြစ်ဖော်ပြခဲ့ပါသေးတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်

ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်က မူလတန်းကျောင်းဝင်းပေါက်ကွဲမှုမှာ လက်ကျန် ဗုံးသီးတလုံးကို မူလတန်းကလေးတွေက ဆော့ကစားရာကနေဖြစ်ခဲ့တာဖြစ်ပြီး ဒီလက်ကျန် ဗုံသီးဟာ ဘယ်အဖွဲ့အစည်းနဲ့ ပတ်သက်သလဲဆိုတာတော့ မသိရပါဘူး။ ဒီအပြင် အခုလို ဖြစ်ပွားခဲ့တဲ့နေရာဟာ စစ်တပ်က အခိုင်အမာ တပ်စွဲပြီး ကင်းပုန်းချထားတဲ့ ဂိတ်အနီးက မူလတန်းကျောင်းမှာဖြစ်ပွားခဲ့တာလည်းဖြစ်ပြီး PDF က တိုက်ခိုက်လို့ ဖြစ်တယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။

Avatar

Title:Fact Check: ထားဝယ်က မူလတန်းကျောင်းပေါက်ကွဲမှု NUG/PDF လက်ချက်ဆိုတဲ့ ဝါဒဖြန့်သတင်းမှား

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *