လေကြောင်းကတဆင့် ပြည်ပကပြန်လာတဲ့ ခရီးသွားတဦးထံကနေ မျောက်ကျောက်ရောဂါကူးစက်မှု ရန်ကုန်မှာ တွေ့ရှိရကြောင်း စစ်ကောင်စီကျန်းမာရေးအာဏာပိုင်တဦးက အတည်ပြုတယ်လို့ ဆိုပြီး ပို့စ်တွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်‌ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

“၂၃/၈/၂၀၂၄

မနေ့က စပြီး ရန်ကုန်တိုင်းမှာ

မျောက်ကျောက် ရောဂါ

စပြီးတွေ့ရှိရပြီလို့

ဒေါက်တာနန္ဒာဝင်း

(တိုင်းကျန်းမာ)

ဆီက သတင်းရပါ

တယ်။

လေဆိပ်ကနေဝင်

လာတာလို့ သိရပါတယ်။ ”

C:-Users-User-Downloads-Untitled.png

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

စစ်တပ်ထိန်းချုပ်ထားတဲ့ ကျန်းမာရေးဝန်ကြီးဌာနက အခုလိုမျိုး မျောက်ကျောက်ရောဂါကူးစပ်မှုနဲ့ ပတ်သက်ပြီး အတည်ပြုထုတ်ပြန်ထားတာမရှိပါဘူး။ အခုလို အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ အကြောင်းအရာထဲမှာပါတဲ့ တိုင်းကျန်းမာ ရေးက ဒေါက်တာနန္ဒာဝင်းကအတည်ပြုတယ်လို့ ရေးသားမှုနဲ့ ပတ်သက်လို့ သူ့ကို ရည်ညွှန်းဖော်ပြဟန်ရှိတဲ့ အတွက် သတင်းမှားတခု သာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူ့ကျန်းမာရေး အရာရှိတဦးဖြစ်တဲ့ ဒေါက်တာနန္ဒဝင်း ဩဂုတ် ၂၄ ရက်မှာပဲ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်က တဆင့် ထုတ်ပြန်ရှင်းလင်းထားပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလို ရှင်းလင်းထားတဲ့ ပို့စ်ကို စခရင်ရှော့ ရယူထားခြင်းဖြစ်တယ်။

C:-Users-User-Downloads-Untitled.png

သုံးသပ်ချက်

လေကြောင်းကတဆင့် ပြည်ပကပြန်လာတဲ့ ခရီးသွားတဦးထံကနေ မျောက်ကျောက်ရောဂါကူးစက်မှု ရန်ကုန်မှာ တွေ့ရှိရတယ်ဆိုတာ တရားဝင်ထုတ်ပြန်တဲ့ အထောက်အထားမရှိပါဘူး။ ဒီလိုအခြေအနေမှာပဲ စစ်တပ်ထိန်းချုပ်မှု အောက်က ကျန်းမာရေးဌာနက အရာရှိတဦးကလည်း ဒီသတင်းဟာ မမှန်ကြောင်း အတည်ပြုထားတယ်။

Avatar

Title:Fact Check: မျောက်ကျောက်ရောဂါ ရန်ကုန်မှာ တွေ့ရှိတဲ့ သတင်းမှား

Written By: နေရာမောင်

Result: False