ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၂ ကြိမ်ဆက်တိုက် ဖောက်ခွဲခံရမှုဆိုပြီး သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုပို့စ် တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။

အောက်ပါကတော့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံဖြစ်တယ်။

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ရန်ကုန်လေဆိပ်ဗုံးပေါက်ကွဲမှုအကြောင်း သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်း ဖော်ပြ ချက်မျိုးမရှိပါဘူး။ အခုဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ သတင်းတွေကိုခေါင်းစဉ်လွဲတပ်ပြီး ပြန်လည်ဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။

အခု ဒီဗွီဒီယိုပါသတင်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ နိုဝင်ဘာ ၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် မှာတွေ့နိုင်ပါတယ်။ သတင်းတင်ဆက်မှုထဲမှာ “ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ကြူကုတ်(ပန်ဆိုင်းမြို့) တို့ကို လက်လွှတ်လိုက်ရပြီဟု စစ်တပ်သတင်းထုတ်ပြန်ရေးအဖွဲ့ ဇော်မင်းထွန်း ဝန်ခံ”၊ "၁၀၂၇ စစ်ဆင်ရေး၏ ၇ ရက်မြောက်နေ့တွင် တုံရှမ်းဒေသရှိ စစ်တပ်စခန်း ၂ နှင့် ရွှေလီကြိုးတံတားရှိ ရဲကင်းတို့ကို တိုက်ခိုက် သိမ်းပိုက်”၊ “မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ စစ်ဆင်ရေးတွင် ပါဝင်မည်မဟုတ်ဘဲ “၀” ဒေသကို လေကြောင်း၊ ကြည်းကြောင်းဖြင့် နယ်မြေကျူးကျော်လာလျှင် တုံ့ပြန်တိုက်ခိုက်မည်ဟု UWSA က ကြေညာ”စတဲ့သတင်း တွေပါဝင်ပါတယ်။ ဗွီဒီယိုတခုလုံးမှာ ရန်ကုန်လေဆိပ် ဖောက်ခွဲခံရမှုအကြောင်းမပါဝင်ပါဘူး။

သုံးသပ်ချက်

မူလရန်ကုန်ခေတ်သစ်သတင်းဌာနဖော်ပြခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ စစ်ရေး၊နိုင်ငံရေးသတင်း တွေကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဖောက်ခွဲခံရမှုဆိုပြီး ခေါင်းစဉ်လွဲတပ်ပြီး ဗွီဒီယိုကို ဖြန့်ချိ ထားခြင်း ဖြစ်တယ်။

ပြောဆိုချက်-ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၂ ကြိမ်ဆက်တိုက် ဖောက်ခွဲခံရ

Avatar

Title:Fact Check: ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၂ ကြိမ်ဆက်တိုက် ဖောက်ခွဲခံရဆိုတဲ့ သတင်း‌ခေါင်းစဉ်တု

Written By: နေရာမောင်

Result: False