Fact Check: စစ်ကိုင်းတိုင်းကို PDF က၉၇ ရာခိုင်နှုန်း သိမ်းပိုက်ထားနိုင်ပြီဆိုတဲ့ သတင်းမှား

False နိုင်ငံရေး | Politics

 စစ်ကိုင်းတိုင်း‌ဒေသကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF )က ရာနှုန်းပြည့်နီးပါး သိမ်းယူထား နိုင်ပြီ ဆိုတဲ့စာသားပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။ 

သို့သော် မြန်မာ့အရေး အထူးအကြံပေး ကောင်စီ အဖွဲ့ (SAC-M )ရဲ့  စစ်တမ်းအရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ NUG နဲ့မဟာမိတ်တွေက ထိန်းချုပ်နိုင်တယ်ဆိုတဲ့ ဒေသများဟာ ၅၂ ရာခိုင်နှုန်းအထက်ရှိကြောင်း ဖော်ပြထားပါတယ်။ စစ်ကိုင်းဒေသကြီးကို ၉၇ ရာခိုင်နှုန်း ပြည်သူ့ကာကွယ်ရေးအင်အားစုအဖွဲ့ (PDF ) ကထိန်းချုပ်ထားနိုင်ပြီဆိုတဲ့ စစ်တမ်းမျိုးကို မတွေ့ရပါဘူး။

“စစ်ကိုင်း PDF 97%သိမ်းပိုက်ပြီ

စစ်ကိုင်း၊ပုလဲမြို့ရဲစခန်းကို PDFအဖွဲ့မှ သိမ်းပိုက်၊ ရဲတပ်သား(၁၀၀)ထွက်ပြေး(ရုပ်/သံဖိုင်)”လို့ ရေးသားပြီး “ကီးဘုတ် ဖိုက်တာ” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်း မျှဝေထားတာ တွေ့ရပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာ မှာ လည်းတွေ့ရပါတယ်။ ဒီပို့စ်ကို လိုက်ခ်ပေးထား သူပေါင်းထောင်ကျော်ရှိပြီး ပြန်လည်မျှဝေသူ၊ ကွန်မန့်ပေးနေသူများ ရှိနေတာ တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

မြို့နယ်စုစုပေါင်း ၃၃၀ မှာ ၇၂ မြို့နယ်မှာပဲ မှာ စစ်ကောင်စီ တည်တည်ငြိမ်ငြိမ် ထိန်းချုပ်ထားနိုင်တာတွေ့ရပြီး ဒါဟာ စုစုပေါင်းရဲ့  ၂၂ ရာခိုင်နှုန်းပဲရှိတယ်လို့ မြန်မာ့အရေး အထူးအကြံပေး ကောင်စီ အဖွဲ့ (SAC-M ) က စက်တင်ဘာ ၅ ရက်က ထုတ်ပြန်လာတာတွေ့ရပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ကောင်စီက အပြည့်အဝထိန်းချုပ်နိုင်တယ်ဆိုတဲ့ဒေသတွေဟာ ၅၀ ရာခိုင်နှုန်းအောက်မှာပဲရှိတော့တယ်လို့လည်း ဒီစစ်တမ်းကဖော်ပြပါတယ်။ တနည်းအားဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ NUG နဲ့မဟာမိတ်တွေက ထိန်းချုပ်နိုင်တယ်ဆိုတဲ့ ဒေသများဟာ ၅၂ ရာခိုင်နှုန်းအထက်ရှိတယ်လို့ ဒီစစ်တမ်းကဖော်ပြပါတယ်။

သို့သော် စစ်ကိုင်းမှာ ၉၇ ရာခိုင်နှုန်း PDF ကထိန်းချုပ်နိုင်တယ် ဆိုတဲ့စစ်တမ်းမျိုး Fact Crescendo Myanmar အနေနဲ့မတွေ့ရပါဘူး။

မူရင်းလင်ခ့် – BBC BurmeseArchive link  

SAC-M ရဲ့ထုတ်ပြန်ချက်မူရင်းကို ဒီနေရာမှာကြည့်နိုင်ပါတယ်။ 

PDF က ၉၇ ရာခိုင်နှုန်းထိန်းချုပ်လိုက်ပြီဆိုတဲ့ပို့စ်တွေရဲ့ မှတ်ချက်မှာချပေးထားတဲ့ လင့်ခ်ကိုကြည့်ရာမှာ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုက လက်နက်ကိုင်ပစ်ခတ်နေဟန် Screenshot ဓာတ်ပုံပါတဲ့ ဝက်ဆိုဒ်စာမျက်နှာကလွဲလို့ ပြောဆိုချက်ကို ပံ့ပိုးမယ့် အကြောင်းအရာတစ်စုံတစ်ရာမတွေ့ရပါဘူး။

NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တစ်နိုင်ငံလုံးမှာ စစ်ကောင်စီ မအုပ်ချုပ်နိုင်တော့တဲ့ ဒေသ ၅ဝ ရာခိုင်နှုန်းမကရှိနေပြီလို့ ၂၀၂၂ ခုနှစ် ဧပြီ ၁၈ ရက်နေ့က လွတ်လပ်တဲ့အာရှအသံ နဲ့ မေးမြန်းခန်းမှာ ပြောခဲ့ပါသေးတယ်။

သုံးသပ်ချက်

အထက်ပါ အချက်အလက်တွေအရ စစ်ကိုင်းတိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)က ၉၇ ရာခိုင်နှုန်း သိမ်းပိုက် ထားတယ်ဆိုတဲ့ အ‌ထောက်အထား ဖော်ပြချက်ကို မတွေ့ရပါဘူး။ စစ်ကိုင်းဟာ ၂၀၂၁ စစ်အာဏာ သိမ်းမှုအပြီးမှာ တော်လှန်ရေး အင်အားစုတွေပေါ်ထွက်လာပြီး တော်လှန်ရေး အားကောင်းတဲ့နေရာြဖစ် လာခဲ့ပါတယ်။ သို့သော်လည်း ယခုလိုမျိုး ရာနှုန်းပြည့် ထိန်းချုပ်နိုင်ပြီဆိုတဲ့ ဖော်ပြထားချက်ကိုလည်း မည်သည့်အဖွဲ့ကမှ ရေးသားဖော်ပြ နေတာမျိုးကိုလည်း မတွေ့ရပါဘူး။

Avatar

Title:Fact Check: စစ်ကိုင်းတိုင်းကို PDF က၉၇ ရာခိုင်နှုန်း သိမ်းပိုက်ထားနိုင်ပြီဆိုတဲ့ သတင်းမှား

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *