Fact Check: ပြင်သစ် အီဖယ်မျှော်စင် မီးလောင်ကျွမ်းမှု သတင်းမှား

False နိုင်ငံတကာ၊ | International

ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့ အထင်ကရ အဆောက်အအုံဖြစ်ပြီး ကမ္ဘာကျော် အီဖယ်တာဝါ မီးလောင်နေပြီး မီးဟာ မထိန်းနိုင် မသိမ်းနိုင်လောင်ကျွမ်းနေတယ်လို့ဆိုပြီး ဓာတ်ပုံ ၃ ပုံ ဖေ့စ်ဘွတ်နဲ့  အိက်စ်ပလက်ဖောင်း တွေမှာ ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုသာဖြစ်တယ်။ 

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုကို ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ အိက်စ်မှာ ရေးသားဖြန့်ဝေထားတာကို ဒီမှာ မှာတွေ့ရပါတယ်။

“အီဖယ်မျှော်စင် ကမ္ဘာပေါ်တွင် အထင်ရှားဆုံးအထိမ်းအမှတ်များထဲမှ တစ်ခုဖြစ်သည်။ ပါရီမြိုလယ်မှာ မီးလောင်နေပါတယ်။ နောက်ဆုံးရသတင်းများမှာ ယမန်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုအား မီးသတ်သမားများက ထိန်းမနိုင်သေးကြောင်း သိရသည်။ https://t.me/aung4661

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ယုံကြည်ရလောက်တဲ့ နိုင်ငံတကာတင်းမီဒီယာတွေနဲ့ ပြည်တွင်းက သတင်းမီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။  အီဖယ်တာဝါ မီးလောင်နေတယ်ဆိုတဲ့ အကြောင်း အရာကို အချက်အလက်စိစစ်ကြည့်ရာမှာ ဓာတ်ပုံကို ဒီဂျစ်တယ်နည်းပညာတခုခုကို အသုံးပြုပြီး စိတ်ကူးယဉ် ဆန်ဆန်ဖြန့်ဝေချက်ဖြစ်တာတွေ့ရပါတယ်။

ဒီဓာတ်ပုံတွေနဲ့ ပတ်သတ်ပြီး အချက်အလက်စိစစ်တဲ့အဖွဲ့အစည်းအသီးသီးကလည်း သတင်းမှားတခုဖြစ်ကြောင်း အတည်ပြုထားပါတယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။  ထို့အပြင် အီဖယ်တာဝါရဲ့ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာနဲ့ အိက်စ်အကောင့်မှာလည်း ဒီလို မီးလောင်မှုအကြောင်း ထုတ်ပြန်ချက်မတွေ့ရပါဘူး။ အောက်ပါပို့စ်ကတော့ အီဖယ်တာဝါရဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ရယူထားခြင်းဖြစ်တယ်။ အေးချမ်းလှတဲ့ ဥရောပဆောင်းရာသီနဲ့အတူ အီဖယ်မျှော်စင်‌ပေါ်မှာလည်း ဆီးနှင်းတွေကျနေတဲ့အကြောင်း ဇန်နဝါရီ ၁၉ရက်က ဗွီဒီယိုတခုတင်ထားတာတွေ့ရပါတယ်။

သုံးသပ်ချက်

အီဖယ်မျှော်စင်ဟာ အခုလိုပဲ မကြာခဏ သတင်းမှားဖြန့်သူတွေအကြားမှာ ရေပန်းစားတတ်ပါတယ်။ အခုလို အီဖယ်မျှော်စင်မီးလောင်မှုဟာလည်း အထောက်အထားမရှိပါဘူး။ 

ပြောဆိုချက်- ပြင်သစ် အီဖယ်မျှော်စင် မီးလောင်ကျွမ်းနေတဲ့ ဓာတ်ပုံတွေ

Avatar

Title:Fact Check: ပြင်သစ် အီဖယ်မျှော်စင် မီးလောင်ကျွမ်းမှု သတင်းမှား

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *