Fact Check: ၂၀၁၈ ခုနှစ်က မလေးရှားမှာ မြန်မာအရက်ဖမ်းမိတဲ့ဖြစ်စဉ်ကိုလက်ရှိအဖြစ် အပျက်သဖွယ်ပြန်လည်မျှဝေ

Missing Context လူမှုရေး

မြန်မာနိုင်ငံက ထုတ်တဲ့အရက်မှာ လူကို အန္တရာယ်ဖြစ်စေနိုင်တဲ့ Methanol ဓာတ်တွေ့ရှိတယ်ဆိုပြီးတော့ အရက် ပုလင်းကို ကိုင်ထားတဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူ ဓာတ်ပုံကိုဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက မျှဝေလျက်ရှိ ပါတယ်။ 

သို့သော်လည်း ဒီဓာတ်ပုံတွေဟာ  ၂၀၁၈ ခုနှစ်က သတင်းဟောင်းတစ်ခုကို ပြန်လည်မျှဝေ နေခြင်းဖြစ်ပါတယ်။

 “မလေးရှားတွင် တပတ်အတွင်း အရက် သောက်သူ လူ၂၁ဦး သေဆုံးအပြီး 

မြန်မာနိုင်ငံထုတ်အမှတ်တံဆိပ်ပါ ဝီစကီပုလင်းများတွင် လူသားအတွက် 

အန္တရာယ်ဖြစ်စေတဲ့ Methanol ဓာတ်တွေ့ရှိ

ရန်ကုန်၊စက်တင်ဘာ၊၂၂”စသည်ဖြင့် ခေါင်းစဉ်တပ်ရေးသားထားတဲ့ သတင်းတစ်ပုဒ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။တူညီစွာရေးသားထားတဲ့ ပို့စ်ကို ဒီနေရာဒီနေရာဒီနေရာနဲ့ဒီနေရာမှာလည်း တွေ့ရပါ တယ်။

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ချက်

 Google မှာဓာတ်ပုံတွေ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ၂၀၁၈ ခုနှစ်ကတည်းက အောက်ပါအတိုင်း အင်တာနက်မှာပျံ့နှံ့ခဲ့တာ တွေ့ရပါတယ်။ 

Mandalay နဲ့ Grand Royal တံဆိပ် အရက်သောက်သုံးပြီးနောက် မလေးရှားနိုင်ငံသား ၂ ယောက်နဲံ မြန်မာနိုင်ငံသား ၂ ယောက် စက်တင်ဘာ ၁၄ ရက်က သေဆုံးခဲ့ပြီးနောက်မှာ တမန်ဆရီကူရပ်ကွက်၊ ဂျလန်ဆလင်ဆင်းလမ်းက အရက်ယမကာဆိုင်မှ ဒီအမှတ်တံဆိပ်တွေပါတဲ့ အရက်ပုလင်း ၂၃ လုံးကို ရဲတပ်ဖွဲ့ကယနေ့သိမ်းခဲ့တယ်ဆိုပြီး ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်က မလေးရှားသတင်းဌာနကတစ်ခုဖြစ်တဲ့  News Straits Times ကသတင်းမှာ ဒီဓာတ်ပုံကိုတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – New Straits Times |  Archive link

အခြားဓာတ်ပုံ ၂ ပုံကိုလည်း ဒီလင့်ခ်မှာတွေ့နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ  ၂၀၁၈ ခုနှစ်က သတင်းတစ်ပုဒ်ကို ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။

Avatar

Title:၂၀၁၈ ခုနှစ်က မလေးရှားမှာ မြန်မာအရက်ဖမ်းမိတဲ့ဖြစ်စဉ်ကိုလက်ရှိအဖြစ် အပျက်သဖွယ်ပြန်လည်မျှဝေ

Fact Check By: Nayar Maung 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *