
အောက်ခြေမဲရုံတွေမှာ မဲခိုးခဲ့ကြောင်း ဒေါက်တာဇော်မြင့်မောင်ဝန်ခံလိုက်တယ်လို့ရေးသားမျှဝေလျက်ရှိရာမှာ လူမှုကွန်ယက် အသုံးပြုသူ ရာဂဏန်းဝန်းကျင်ကပြန်လည်မျှဝေထားပါတယ်။
ပျံ့နှံခဲ့တဲ့ ပို့စ်တွေမှာ အောက်ခြေမဲရုံတွေမှာ မဲခိုးခဲ့ကြောင်း ဒေါက်တာဇော်မြင့်မောင်ဝန်ခံလိုက်ပြီး ဒီလိုမဲခိုး တာဟာ NLD ပါတီဝန်းရံသူများက ပါတီကို နိုင်လိုဇောနဲ့ ခိုးပေးခဲ့ခြင်းဖြစ်တယ်လို့ပြောကြားကြောင်း ရေးသား မျှဝေနေတာဖြစ်ပါတယ်။
လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်တွေကိုအောက်ပါအတိုင်းတွေ့ရ ပါတယ်။

“ဝန်မခံလို့မရတော့ဘူးလေ
ပညာရေးဌာနက သင်ကြားရေးဝန်ထမ်းတွေ မဲမသမာမှူ့ပြုခဲ့တာမှန်ကန်ကြောင်း UEC ကဝန်ခံခဲ့တယ်
ပြည်ခိုင်ဖြိုးပါတီကလည်း (26-11- 2020)ရက်နေ့မှာ သက်သေအထောက်ထားခိုင်လုံစွာနဲ့ကမ္ဘာသိချပြပြီးပြီ
အထို့အတူပါဘဲ့ တပ်မတော်ကလည်း (27-11-2020)ရက်နေ့မှာ သက်ဆိုင်ရာမဲရုံအလိုက်စစ်ဆေးနေပြီ ပြောသင့် ပြောထိုက်တဲ့အချိန် ပြောမယ်လို့ ချပြပြီ
ဒါကြောင့်မို့ထင်တယ် ကြိုကာထားဟန်ရှိပါတယ်
အစိုးရလည်း UEC သည်သီးခြားလွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် အစိုးရနှင့်မဆိုင် လွဲချပြီ
UEC ကလည်း အောက်ခြေကပြဿနာ ကျွန်တော်တို့နဲ့မဆိုင်ဟု အောက်ခြေကိုဘဲ လွဲချပြီ
ပညာရေးဝန်ထမ်းအချို့မဲခိုးပေးမှုကြောင့် မိမိတို့နာမည်ပျက်ရတယ် ဘာညာပေါ့
အခုတော့ကမ္ဘာသိချပြတဲ့သတင်းစာရှင်းလင်းပွဲ ၂ ခုကြောင့်
UEC ကလည်းဝန်ခံသလို့ ပါတီကလည်း အောက်ပါပုံစာအတိုင်းဝန်ခံနေပြီလို့ ကြာသိရပါတယ်
သို့သော်လည်း အောက်ခြေအဆင့်ကိုတာအရေးယူမဲ့ ပုံစံသက်ရောက်နေပါတယ် ရရှိပြီးသားကိုယ်စားလှယ်ကို တစ်ဦးတစ်ယောက်မှပြန်မပေးလိုတဲ့သဘော အောက်ခြေနဲ့တာသက်ဆိုင်တယ် အောက်ခြေကိုတာအရေးယူမဲ့သဘောဖြစ်နေပါတယ် ရပ်/ကျေး ကော်မရှင် နှင့် မဲရုံမှူး ဒုမဲရုံမှူး မဲလက်မှတ်ထုတ်ပေးသူများကိုတာ အရေးယူမယ်လို့ ယူဆရပါတယ်
ယူဆချက်မျှတာဖြစ်ပါကြောင်း
ဉာဏ်ကျယ်”လို့ ရေးသားပြီး “ဉာဏ်ကျယ်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက နိုဝင်ဘာ ၂၇ ရက်မှာ မျှဝေထားရာ ပြန်လည်မျှဝေသူ ၅၀၀ ဝန်းကျင်ရှိပါတယ်။ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာတွေမှာလည်း အလားတူ ရေးသားမျှဝေနေတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဆရာ၊ဆရာမတွေ မဲခိုးလို့ ရွေးကောက်ပွဲသိက္ခာကျရတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဉက္ကဌက ပြောတယ်ဆိုတဲ့သတင်းမှား၊ အောက်ခြေမှာဖြစ်ပျက်နေတာ တွေ သူနဲ့မဆိုင်ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဉက္ကဌပြောစတဲ့ သတင်းတုတွေ ထုတ်လုပ်ခဲ့တာကို Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
နိုဝင်ဘာ ၈ ရက်မှာကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲပြီးစီးချိန်မှစပြီး နိုဝင်ဘာ ၂၇ ရက်အထိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဒုတိယဉက္ကဌဖြစ်သူ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်ဟာ မီဒီယာ တွေနဲ့ တွေ့ဆုံမှုအနည်းငယ်သာရှိခဲ့တာ Fact Crescendo Myanmar က သတိပြုမိပါတယ်။
နိုဝင်ဘာ ၁၇ ရက်မှာ မီဒီယာများနဲ့ အွန်လိုင်းက တွေ့ဆုံမေးမြန်းမှုအစီအစဉ်ရှိခဲ့တာလည်းတွေ့ရပြီး နိုဝင်ဘာ ၂၀ ရက်မှာ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းဖွင့်ပွဲမှာလည်း မီဒီယာအချို့နဲ့တွေ့ဆုံစဉ်မှာ ဖြေကြားခဲ့တာတွေ့ ရပါ တယ်။ ဒီလိုတွေ့ဆုံမေးမြန်းမှုတွေမှာ မီဒီယာတွေက မဲကိစ္စနဲ့ပတ်သက်ပြီးမေးမြန်းခဲ့တဲ့ အထောက်အထား မျိုးမတွေ့ရသလို ဒေါက်တာဇော်မြင့်မောင်က ထည့်သွင်းပြောကြားခဲ့တာမျိုးလည်း မတွေ့ရပါဘူး။ မီဒီယာတွေဟာ နောင် ၅ နှစ်အတွက် အစိုးရအဖွဲ့ဖွဲ့စည်းမည့်ကိစ္စကို အဓိကထားမေးမြန်းခဲ့တာတွေ့ရပါတယ်။

မူရင်းလင့်ခ် – BBC | Archive link
နိုဝင်ဘာ ၁ရ ရက်က ဒီလိုတွေ့ဆုံပွဲနဲ့ပတ်သက်ပြီး ထုတ်လွှင့်ခဲ့တဲ့ ဗွီဒီယိုတွေကို ဒီလင့်ခ်၊ ဒီလင့်ခ်တွေမှာ ကြည့်ရှူ့နိုင်ပါတယ်။
ပျံ့နှံ့လျက်ရှိတဲ့ပို့စ်ပါ အကြောင်းအရာများထဲ အဓိကကျတဲ့ စကားလုံးအချို့ဖြစ်တဲ့ “အောက်ခြေမဲရုံများတွင် မဲခိုးမှုများရှိခဲ့ကြောင်း”၊ “ဒေါက်တာဇော်မြင့်မောင်” စတဲ့စကားလုံးအချို့ကို အသုံးပြုပြီး Google မှာ ရွေးကောက်ပွဲကျင်းပတဲ့ ရက်နေ့ နိုဝင်ဘာ ၈ ရက်ကနေ နိုဝင်ဘာ ၂၇ ရက်အထိအချိန်အပိုင်းအခြားကို ရှာဖွေကြည့်ရာမှာလည်း အလားတူသတင်းဖော်ပြချက်မျိုးတစ်စုံတစ်ရာမတွေ့ရှိရပါဘူး။
သုံးသပ်ချက်
အထက်ပါအချက်အလက်ရ အောက်ခြေမဲရုံတွေမှာ NLD ပါတီဝန်းရံသူများက ပါတီကို နိုင်လိုဇောနဲ့ ခိုးပေးခဲ့တယ်လို့ ဒေါက်တာဇော်မြင့်မောင်ပြောတယ်ဆိုတဲ့ အထောက်အထားမျိုး မတွေ့ရပါဘူး။

Title:မဲခိုးခဲ့ကြောင်း ဒေါက်တာဇော်မြင့်မောင် ဝန်ခံလို့ သတင်းမှားဖြန့်
Fact Check By: Nayar MaungResult: Misleading