
ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့အင်္ကျီကိုကိုင်လျှက် အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘာမား(Barack Obama)ဓာတ်ပုံရိုက်ခံနေတဲ့ဓာတ်ပုံအပါအဝင် ဓာတ်ပုံ ၃၀ ကိုဖေ့စ်ဘွတ်အသုံးပြုသူထောင်ဂဏန်းက ပြန်လည်မျှ ဝေလျက်ရှိပါတယ်။ ဓာတ်ပုံတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ပုံဝတ်ဆင်ထားတဲ့ ဟောင်ကောင် ရုပ်ရှင်မင်းသား ဂျက်ကီချမ်းပုံအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံ၊အများပြည်သူနဲ့ဆိုင်တဲ့ လှုပ်ရှားမှု၊ ဒေါ်အောင်ဆန်း စုကြည်ပုံပို့စတာတွေလည်းပါဝင်ပါတယ်။
အမေရိကန်သမ္မတဟောင်း အိုဘားမားဟာ သူ့သမ္မတသက်တမ်းမှာ မြန်မာနိုင်ငံထိတွေ့ဆက်ဆံရေးကို စတင် ကျင့်သုံးခဲ့သူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ချီးမွှမ်းခဲ့တဲ့ နိုင်ငံရပ်ခြား ခေါင်းဆောင်တွေထဲက တစ်ဦး ဖြစ်ပါတယ်။
သို့သော် စတင်ပျံ့နှံခဲ့တဲ့ဓာတ်ပုံတွေမှာ အိုဘာမားဟာ တီရှပ်တစ်ထည့်ကို ကိုင်ပြီး ဓာတ်ပုံအရိုက်ခံနေတာမှန်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ တီရှပ်မဟုတ်တာတွေ့ရပါတယ်။
“ပုံပြင်မဟုတ်ဘူး
အမှန်တကယ် ဖြစ်ခဲ့ အားပေးခဲ့တာ
ထောက်ခံခဲ့ကြတာ”လို့ “မင်္ဂလာမောင်နှံ မဂ္ဂဇင်း”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါ အတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၆၀၀ ရှိပါတယ်။ တူညီတဲ့ရေးသားမျှ ဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
ဓာတ်ပုံကို ပုံရှာနည်းအသုံးပြုရှာလျှက်ရှာဖွေကြည့်ရာမှာ အိုဘားမားရဲ့ ဒီအင်္ကျီကိုင်ရိုက်ထားတဲ့ ဓာတ်ပုံကို ပြီးခဲ့တဲ့နှစ်များအတွင်း နိုင်ငံတကာမှာလည်း အခြားသော စာသား၊ အရောင်တွေပြောင်းလဲပြီး စိတ်ကြိုက်ဖန်တီး ဖော်ပြခဲ့ကြတာလည်း တွေ့ရပါတယ်။
အဓိကျတဲ့ စကားလုံးအသုံးပြုရှာနည်းများနဲ့ ရှာကြည့်ရာမှာ ဒီဓာတ်ပုံဟာ သမ္မတအိုဘားမားရဲ့ တရားဝင်တွစ်တာ စာမျက်နှာမှာ ၂၀၁၅ ခုနှစ် ဇွန် ၂၇ ရက်ကဖော်ပြခဲ့တဲ့ပုံဖြစ်ပြီး ဓာတ်ပုံထဲမှာ သမ္မတအိုဘားမားဟာ အဖြူရောင် တီရှည်ကို ကိုင်ထားတာ ဖြစ်ပြီး တီရှပ်အပေါ်က စာသားနေရာမှာ “Hate Wont Win”လို့ ရေးသားထားပါတယ်။
” Simmons မိသားစုနဲ့ Charleston ရှိ သေဆုံးသူများ၏ မိသားစုအားလုံးတို့၏ ကျေးဇူးကြောင့် အမြဲလွှမ်းမိုး နေပါမယ်။ #HateWontWin”လို့ရေးသားထားပါတယ်။ ဒီဓာတ်ပုံကို ချာလက်စတုန် (Charleston) ဘုရားကျောင်း ပစ်ခတ်ခံရမှုဖြစ်စဉ်အပြီးမှာတင်ခဲ့တာတွေ့ရပါတယ်။ ၂၀၁၅ ခုနှစ် ဇွန် ၂၇ ရက်က ချာလက်စတုန်းဘုရား ကျောင်းပစ်ခတ်မှုအတွင်းမှာ ခရစ်ယာန်ဘုန်းတော်ကြီးတွေအပါအဝင် လူ ၉ ဦးသေဆုံးခဲ့ပါတယ်၊
မူရင်းလင်ခ့် – President Obama | Archive link
ဒီလိုပဲမျှဝေထားတဲ့ ဓာတ်ပုံတွေထဲက အခြားသော ဓာတ်ပုံ ၃ ပုံဟာလည်းကြိမ်ဖန်များစွာ ပြန်လည်တည်းဖြတ် ထားတဲ့ ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ရိုက်ကူထားတဲ့ သရုပ်ဆောင်ဂျက်ကီချမ်းဓာတ်ပုံရိုက်ထားတဲ့ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာမှာလည်း ဒီဓာတ်ပုံရဲ့ မူလစကို ပြောဖို့ခဲ့ယဉ်ပြီး အကြောင်းအရာအမျိုးမျိုးနဲ့ ပျံ့နှံ့နေတာ တွေ့ရပါတယ်။
အိန္ဒိယထိပ်တန်း စီးပွားရေးနှင့်ဉပဒေပညာရှင် Ambedkar နဲ့တွဲရိုက်ထားတဲ့ ပုံဆိုပြီးတော့လည်း ယခုနှစ် ဇူလိုင်လထဲမှာပျံ့နှံ့ခဲ့ဖူးတာ တွေ့ရပါတယ်။ Fact Crescendo က တမီလ်းဘာသာနဲ့ အချက်အလက် စိစစ်ထားတာ အောက်ပါလင့်ခ်မှာကြည့်နိုင်ပါတယ်။
မူရင်းလင်ခ့် – Fact Crescendo Tamil | Archive link
ထို့အတူပဲ အမျိုးသမီးနှစ်ယောက်က ပိုစတာတစ်ခုကို ကိုင်နေတဲ့ပုံကို နောက်ကျောကနေရိုက်ထားတဲ့ ဓာတ်ပုံ ဟာလည်း စိတ်ကြိုက်ပြုပြင်ဖန်တီးပြီး အကြောင်းအရာအမျိုးမျိုးနှံ့ပျံ့နှံ့ခဲ့ဖူးတဲ့ ဓာတ်ပုံတစ်ပုံဖြစ်ပါတယ်။ အစောဆုံးဓာတ်ပုံမှာ စက်ဘီးစတန့်သမား Zack Shaw ရဲ့ပုံဖြစ်တာတွေ့ရပြီး ၂၀၀၉ ခုနှစ် ဧပြီ ၁၇ ရက်က သတင်းတစ်ခုမှာ ဒီဓာတ်ပုံကိုစတင်အသုံးပြုခဲ့ တာတွေ့ရပါတယ်။
မူရင်းလင်ခ့် – Fatbmx | Archive link
မြို့ပြလမ်ညွှန်ဆိုင်းဘုတ်တစ်ခု အနီးမှာ ကြော်ညာဆိုင်းဘုတ်တစ်ခုပေါ်က ဓာတ်ပုံဟာလည်း ကြိမ်ဖန်များစွာ ပြောင်းလဲထားတဲ့ ဓာတ်ပုံဖြစ်ပြီး အစောဆုံးပျံ့နှံ့မှုဓာတ်ပုံမှတ်တမ်းတွေကို ပြန်လည်ရှာဖွေကြည့်ရာမှာ imdb ရုပ်ရှင်ဝက်ဘ်ဆိုဒ်က ဇာတ်ကားအညွှန်းမှာ အစောဆုံး ဒီဓာတ်ပုံကို အသုံးပြုထားတာတွေ့ ရပါတယ်။
မူရင်းလင်ခ့် – IMDB | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ အင်္ကျီနဲ့ ဓာတ်ပုံအရိုက်ခံနေတဲ့ သမ္မတအိုဘားမား၊ ရုပ်ရှင်မင်းသားဂျက်ကီချမ်း၊ မြို့ပြလမ်းမထက်က ကြော်ညာဆိုင်းဘုတ်ပေါ်က ဒေါ်အောင်ဆန်းစုကြည်၊ အမျိုး သမီး ၂ ယောက်ကိုင်ထားတဲ့ ပို့စ်စတာ ဓာတ်ပုံဟာ တည်းဖြတ်ပြင်ဆင်ထားတဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။

Title:ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့အင်္ကျီကိုကိုင်လျှက် သမ္မတအိုဘာမား ဓာတ်ပုံအရိုက်ခံနေပုံလား
Fact Check By: Nayar MaungResult: Partly False