
ဖေ့စ်ဘွတ်ပို့စ်အကောင့်လုံခြုံမှုရှိမရှိစစ်နည်းဆိုပြီးတော့ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်အသုံးပြုသူများအကြား ကြိမ်ဖန် များစွာမျှဝေလျက်ရှိတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေမှာ အကောင့်တစ်ခုဟာ ဖေ့စ်ဘွတ် အကောင့် တစ်ခုလုံခြုံမှုရှိမရှိ ဖေ့စ်ဘွတ်အကောင့်မှာ Gg လို့ရိုက်ကြည့်ခြင်းအားဖြင့် သိရှိနိုင်တယ်လို့ ရေးသားထားပြီး အခြားသော ဖေ့စ်ဘွတ်အသုံးပြုသူများအတွက် အကြံပြုချက်အချို့ပါဝင်ပါတယ်။
“Acc မကြာခဏစစ်ပါ။
အခုတလောမှာ facebookဟာ VPN တွေကြောင့် ခဏခဏLock ကျတတ်ပါတယ်
Facebook Acc စစ်ဖို့မပျင်းပါနဲ့ Gg လို့ မန့်ထဲမှာ ရိုက်ကြည့်လိုက်ပါ။
Gg က ပန်းရောင်ပြောင်းသွားရင် အကောင့်လုံခြုံပါတယ်”လို့ ရေးသားထားပြီး “အကြည်တော်” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၉၀၀ ရှိပါတယ်။
အလားတူရေးသားဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
ပြီးခဲ့တဲ့ လများအတွင်းကလည်း Gg က ပန်းရောင်ပြောင်းမပြောင်းက ဖေ့စ်ဘွတ် အကောင့်လုံခြုံမှုရှိမရှိပြောပြနိုင် တယ်လို့ ရေးသားမျှဝေခဲ့ကြတာကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
Google မှာ အဓိကကျတဲ့စကားလုံးအသုံးပြုပြီးအကြောင်းအရာကို ရှာဖွေကြည့်ခြင်းအားဖြင့် ဒီပြောဆိုချက်ကို အတည်ပြုပေးမဲ့အကြောင်းအရာတစ်စုံတစ်ရာမရှိတာကိုတွေ့ရပါတယ်။
တကယ်တော့ Gg ဆိုတာ Good Game ဆိုတဲ့စကားလုံးရဲ့အတိုကောက်စကားလုံးဖြစ်ပြီး ဂိမ်းကစားသူတွေ အကြား အသုံးပြုများတဲ့ စကားလုံးတစ်ခုဖြစ်ပါတယ်။ ဒီစကားလုံးတွေကို ဖေ့စ်ဘွတ်မှာ text animations သို့မဟုတ် text delight လို့ခေါ်ပြီး ပန်းရောင်ပြောင်းသွားသလို သူနဲ့သက်ဆိုင်တဲ့ ဖန်တီးမှုလေးတွေအဖြစ် ပြောင်းလဲသွားပါတယ်။
မူရင်းလင်ခ့် – Goodyfeed | Archive link
ဖေ့စ်ဘွတ်ပို့စ်တွေရဲ့အောက်က မှတ်ချက်မှာ Gratula လို့ရေးလို့ အနီရောင်ပြောင်းရင် ဖေ့စ်ဘွတ်အကောင့် လုံခြုံမှုရှိတယ်ဆိုပြီးတော့လည်း ဖေ့စ်ဘွတ်မှာ မျှဝေခဲ့ဖူးပြီး ဒီအချက်အလက်ဟာ မှန်ကန်မှု မရှိကြောင်း Fact Crescendo ကအချက်အလက်စိစစ်ခဲ့တာကို ဒီလင့်ခ်မှာကြည့်နိုင်ပါတယ်။
ဖေ့စ်ဘွတ်မှာ ကိုယ့်အကောင့်လုံခြုံမှုရှိမရှိ ဆန်းစစ်နိုင်တဲ့ နည်းလမ်းတွေကို ရေးသားထားတာ ဒီလင့်ခ်မှာ တွေ့ နိုင်ပါတယ်။ ဖေ့စ်ဘွတ်ရဲ့ ဒီလင့်ခ်မှာလည်း မိမိရဲ့ အကောင့်လုံခြုံရေနဲ့ ပတ်သက်ပြီး ဒီလင့်ခ်မှာလေ့လာနိုင်ပါ တယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ Gg လို့ဖေ့စ်ဘွတ်မှာရိုက်လိုက်လို့ ပန်းရောင်ပြောင်းလဲမှုဟာ ဖေ့စ်ဘွတ် အကောင့်လုံခြုံရေးနဲ့ သက်ဆိုင်ခြင်းမရှိဘဲ ဖေ့စ်ဘွတ်က အချို့သောစကားလုံးတွေအတွက် ဖန်တီးထားတဲ့ ဖန်တီးမှုစကားလုံးတစ်ခုသာဖြစ်တာတွေ့ရပါတယ်။ပြောဆိုချက်- ဖေ့စ်ဘွတ်မှာ Gg လို့ရိုက်လို့ ပန်းရောင်ပြောင်းသွားရင် အကောင့်လုံခြုံတယ်

Title:Fact Check: ဖေ့စ်ဘွတ်မှာ Gg လို့ရိုက်လို့ ပန်းရောင်ပြောင်းတာ အကောင့်လုံခြုံရေးနဲ့ မဆိုင်ပါ
Fact Check By: Nayar MaungResult: Misleading