Fact Check: Silence Strike (အသံတိတ်သပိတ်)လုပ်မယ့်ရက်ဆိုင်ငံ့ကြောင်း NUG နဲ့ CRPH ကြေညာခဲ့ခြင်းမရှိပါ

False လူမှုရေး

အသံတိတ်သပိတ်(Silence Strike)လုပ်မယ့်ရက်ကို ဆိုင်းငံ့လိုက်ကြောင်း အမျိုးသားညီညွှတ်ရေး အစိုးရ(NUG)နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)က ကြေညာချက်ဆိုပြီးတော့ ဖေ့စ်ဘွတ်မှာ မျှဝေလျှက်ရှိ ပါတယ်။ 

သို့သော် ဒီလိုထုတ်ပြန်ချက်စာဟာ အတုဖြစ်တာကို Fact Crescendo အနေနဲ့ တွေ့ရပါတယ်။

ပျံ့နှံ့လျက်ရှိတဲ့ NUG နဲ့ CRPH ကဆိုတဲ့ ထုတ်ပြန်ချက်ထဲမှာ ၁-၂-၂၀၂၂ ရက်နေ့မှာ Silence Strike (အသံတိတ်သပိတ်)ပြုလုပ်ဖို့ သတ်မှတ်ထားပေမဲ့ အကြမ်းဖက်စစ်ကောင်စီက ပြည်သူတွေကို ကြိုတင် ဖမ်းဆီးခြင်း၊ ဆိုင်များကို ချိတ်ပိတ်ခြင်းလုပ်နေတာကြောင့် အသံတိတ်သပိတ်လုပ်မယ့်နေ့ကို သီးခြား ထုတ်ပြန်ကြေညာပေးသွားမယ်လို့ ရေးသားထားပါတယ်။ 

တူညီတဲ့မျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ချက်

အမျိုးသားညီညွှတ်ရေး အစိုးရ(NUG)နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)ရဲ့ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒီလိုထုတ်ပြန်ကြေညာချက်မျိုးမတွေ့ရပါဘူး။

ထို့အပြင် NUG ရဲ့ ပြန်ကြားရေးသတင်းဌာနတစ်ခုဖြစ်တဲ့ Public Voice Television အမည်နဲ့ဖေ့စ်ဘွတ် စာမျက်နှာကလည်း “အဲ့ဒီထုတ်ပြန်ချက်အတုတွေကိုစစ်ကောင်စီဝါဒဖြန့်ချိရေး လော်ဘီဖြစ်တဲ့ Kyaw Swar တယ်လီဂရမ်ချယ်နယ်ကနေစတင်တင်ခဲ့တာဖြစ်ပြီး ဖေ့ဘွတ်ခ်နဲ့ အခြားတယ်လီဂရမ်ဂရုတွေမှာ ထပ်ဆင့်ကူးယူပြီး ဖြန့်နေကြတာဖြစ်ပါတယ်။ 

အသံတိတ်သပိတ်ရွှေ့ဆိုင်းမယ်ဆိုတဲ့ အကြောင်းအရာမျိုး ဒါမှမဟုတ် ထုတ်ပြန်ချက်ကို CRPH နဲ့ NUG အစိုးရရဲ့ တရားဝင်ဖေ့ဘွတ်ခ်စာမျက်နှာတွေနဲ့ ဝဘ်ဆိုက်ဒ်တွေမှာ ထုတ်ပြန်ထားတာမျိုးလုံးဝမရှိပါဘူး။ CRPH ရဲ့ တရားဝင် ဖေ့ဘွတ်ခ်စာမျက်နှာဖြစ်တဲ့ အပြာရောင်အမှန်ခြစ်ပါ စာမျက်မှာဖြစ်တဲ့ https://www.facebook.com/crph.official.mm/  မှာလည်း ထုတ်ပြန်ထားတာ မျိုးမရှိသလို သတင်းမီဒီယာတွေမှာလည်း ရေးသားဖော်ပြထားတာမျိုးလုံးဝမရှိပါဘူး။  နောက်ပြီး ဖြန့်ချိနေတဲ့ ကြေညာချက်အတုတွေမှာရေးသားထားတဲ့  သမ္မတရုံးဝန်ကြီးဌာနဆိုတာကလဲ အမျိုးသားညီညွတ်ရေးအစိုးရမှာ ဖွဲ့စည်းထားခြင်းမရှိတာကို တွေ့ရပါတယ်။”စသည်ဖြင့်ရေးသားထုတ်ပြန်ထားပါတယ်။

မူရင်းလင်ခ့် – PVTVArchive link 

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှာ အသံတိတ်သပိတ်လုပ်ဖို့အတွက် အွန်လိုင်းမှာ လှုပ်ရှားမှုတွေရှိလာတဲ့နောက်မှာ အမျိုးသားသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က အစ္စာလမ်ဘာသာဝင်တွေရဲ့ ဝတ်ပြုနေဖြစ်လို့ မလုပ်ဖို့ ထုတ်ပြန်တယ်ဆိုပြီးတော့ သတင်းတုဖြန့်ခဲ့ပါသေးတယ်။ Fact Crescendo က အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်မှာကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ အသံတိတ်သပိတ်နဲ့ပတ်သက်ပြီး NUG နဲ့ CRPH ထုတ်ပြန်ချက်ဆိုပြီးတော့ မျှဝေနေတဲ့ ထုတ်ပြန်ချက်ဟာအတုဖြစ်တာတွေ့ရပါတယ်။

Avatar

Title:Fact Check: Silence Strike (အသံတိတ်သပိတ်)လုပ်မယ့်ရက်ဆိုင်ငံ့ကြောင်း NUG နဲ့ CRPH ကြေညာခဲ့ခြင်းမရှိပါ

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *