Fact Check: အမေရိကန် ဗိုလ်ချုပ်ကြီး Cloutier ကို ရုရှားက ဖမ်းဆီးဆိုတဲ့သတင်းတု သတင်းမှား

False နိုင်ငံရေး | Politics

အမေရိကန် ဗိုလ်ချုပ်ကြီး Gen. Cloutier ကို ရုရှားဖက်ကဖမ်းဆီးရမိတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ခဲ့ပါတယ်။ အကြောင်းအရာဟာ မှားယွင်းပါတယ်။

“မာရီယူပိုလ်က Azov တပ်တွေကို 

နောက်ကွယ်ကအကူပေး၊ စီစဉ်ညွှန်ကြားနေတဲ့

အမေရိကန် Gen. Cloutier ကို ရုရှားဖက်က

ဖမ်းဆီးမိလိုက်ပါပြီ။

#KT”စသည်ဖြင့်ရေးသားပြီး “ဗဟိုစည်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထားပါတယ်။ 

မူရင်းလင်ခ့် – Fb linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

Google မှာပုံရှာနည်းအသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ ဒီသတင်းဟာမှားယွင်းကြောင်း နေတိုး (North Atlantic Treaty Organization-NATO)အဖွဲ့တာဝန်ရှိသူက ရိုက်တာ(Reuters)သတင်းဌာနကို အတည်ပြုထားတာတွေ့ရပါတယ်။

ဉရောပနေတိုး၏မဟာမိတ်ကွပ်ကဲမှုဌာနချုပ်(SHAPE)မှ ပြည်သူ့ရေးရာအရာရှိတစ်ဦးက သတင်းဌာန ကိုပြောကြားတဲ့ ထုတ်ပြန်ချက်မှာ “ဒီပြောဆိုချက်တွေဟာ လုံးဝလွဲမှားနေပါတယ်။ ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ဒုတိယဗိုလ်ချုပ်ကြီး Cloutier ၏ ယူကရိန်းနိုင်ငံသို့ နောက်ဆုံးအကြိမ် သွားရောက်ခြင်းဟာ ကိယက်ဗ်တွင် မြေယာဝန်ထမ်း ဆွေးနွေးပွဲများ ပြုလုပ်ရန်ဖြစ်ပြီး ယူကရိန်း၏ ရဲရင့်ပြီး စွမ်းဆောင်နိုင်သော တပ်ဖွဲ့များနှင့် NATO ၏ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်အတွက် ဖြစ်သည်။”

မူရင်းလင်ခ့် – ReutersArchive link  

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ အမေရိကန် ဗိုလ်ချုပ်ကြီး Gen. Cloutier ကို ရုရှားဖက်ကဖမ်းဆီးတဲ့ သတင်းဟာ သတင်းတုသတင်းမှားဖြစ်တာတွေ့ရပါတယ်။

Avatar

Title:Fact Check: အမေရိကန် ဗိုလ်ချုပ်ကြီး Cloutier ကို ရုရှားက ဖမ်းဆီးဆိုတဲ့သတင်းတု သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *