
ရွှေဘိုဈေးကို မီးရှို့နေပုံအဖြစ် မြေပြင်မှာချထားတဲ့ ပုလင်းတွေနဲ့အတူ လူငယ်တွေထိုင်နေဓာတ်ပုံ၊ မီးလောင်အပြီး ဓာတ်ပုံတွေနဲ့ အတူ ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၆၀၀ ကျော်ရှိပါတယ်။ သို့သော် လည်း ပုလင်းတွေနဲ့ အတူ မြေပြင်မှာ လူငယ်တွေ ထိုင်နေတဲ့ ဓာတ်ပုံဟာ ရန်ကုန်မှာ ဆန္ဒပြစဉ်က ပုံအဟောင်း ဖြစ်ပါတယ်။
“မအလစစ်ကောင်စီအလိုကျ ဖွင့်တဲ့
ရွှေဘိုဈေးကြီး GZတို့ အောင်မြင်စွာ
ဒါန်ပေါက်ကျွေးနိုင်ခဲ့….”လို့ရေးသားပြီး “Zarni Tike”အမည်နဲ့အကောင့်ကမျှဝေထားပါတယ်။ ဒီလို ရေးသားမျှဝေမှုကို Screenshot ရိုက်ပြီး ဒီနေရာနဲ့ ဒီနေရာမှာထပ်မံမျှဝေထားတာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ပုလင်းတွေ မြေပြင်မှာချပြီး လူငယ်တွေထိုင်နေတဲ့ ဓာတ်ပုံကို အောက်ပါအတိုင်းတွေ့ရပါတယ်။

AP သတင်းဌာနက မတ် ၂၇ ရက်မှာဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ်မှာ ဒီဓာတ်ပုံကို အသုံးပြုခဲ့တာတွေ့ရပြီး ဓာတ်ပုံ စာသားအဖြစ် “၂၀၂၁ ခုနှစ် မတ် ၂၇ ရက် စနေနေ့က စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လူစုလူဝေးနဲ့ဆန္ဒပြပွဲမှာ ရန်ကုန်ဆန္ဒပြသူတွေက မိုလိုတော့ဗ် ကော့တေးအရည်ပြုလုပ်စဉ်။အားလပ်ရက်မှာ ဆန္ဒပြသူတွေက ပိုမို ကြီးမားတဲ့ ဆန္ဒပြပွဲတွေလုပ်ကြဖို့ ဆော်ြသနေချိန်မှာ မြန်မာစစ်အာဏာရှင်ဟာ စနေေန့က လုပ်တဲ့ တပ်မတော်နေ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကို ဖယ်ရှားမှုကို အကြောင်း ပြောဖို့ အသုံးပြုခဲ့ပါသည်”လို့ ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Associated Press | Archive link
ဈေးမီးလောင်ရတဲ့အကြောင်းအရင်းဟာ ရှို့မီးဖြစ်တယ်လို့ ရွှေဘိုမီးသတ်က ကောက်ချက်ချခဲ့ပေမဲ့ ဘယ်သူ ဘယ်ဝါဆိုတာတော့ ထုတ်ဖော်ပြောဆိုထားတာမျိုးမတွေ့ရပါဘူး။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ရွှေဘိုဈေးကို မီးရှို့ခဲ့တဲ့လူငယ်တွေအဖြစ် မျှဝေနေတဲ့ ဓာတ်ပုံတွေဟာ မတ် ၂၇ ရက် က ရန်ကုန်ဆန္ဒပြပွဲအတွင်းက ဓာတ်ပုံဖြစ်ပါတယ်။

Title:ရန်ကုန်မှာ ဆန္ဒပြလူငယ်တွေရဲ့ ဓာတ်ပုံဟောင်းတစ်ခုကို အသုံးပြုပြီး ရွှေဘိုဈေးမီးရှို့နေပုံအဖြစ်ဖော်ပြ
Fact Check By: Nayar MaungResult: Misleading