
တောင်ငူ လေတပ်စခန်းမှ အရာရှိနှစ်ဦးနှင့် တပ်သားနှစ်ဦးထွက်ပြေးတဲ့ ဓာတ်ပုံအဖြစ်ဖေ့စ်ဘွတ်အသုံးပြုသူ အများအပြားက မျှဝေလျှက်ရှိပါတယ်။
သို့သော် ဓာတ်ပုံတွေဟာ ၂၀၁၂ ခုနှစ် ဇွန်လကတည်းက အင်တာနက်မှာ ပျံ့နှံ့နေခဲ့တာတွေ့ရပြီး ရခိုင်လူမျိုးရေး ပဋိပက္ခအတွင်းက ဓာတ်ပုံ ဖြစ်တာတွေ့ရပါတယ်။
“😘 အလှဆုံး ဓာတ်ပုံ 😘
တောင်ငူ လေတပ်စခန်းမှ အရာရှိနှစ်ဦးနှင့် တပ်သား နှစ်ဦး လက်နက်၄ လက် ယူဆောင်၍ သံတောင်မြို့. KNUနယ်မြေ ဆီသို့ယနေ့ နံနက်ပိုင်း. ၈နာရီ ၄၅ မိနစ်ခန့် က ထွက်ပြေး #crd”လို့ရေးသားပြီး “Hein Htet San” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေ အရေအတွက် ၅၀၀ ကျော်ရှိပါတယ်။ တူညီစွာရေးသားမျှဝေနေကြတာကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
တောင်ငူလေတပ်စခန်းက စစ်သားတွေ ထွက်ပြေးသွားတယ်ဆိုတဲ့ သတင်းကို မီဒီယာလုပ်ငန်း အဓိကလုပ်နေတဲ့ သတင်းဌာနတွေမှာ သတင်းဖော်ပြချက် မတွေ့ရပါဘူး။ ထို့အပြင် ဓာတ်ပုံထဲဟာ ဝတ်စုံဟာလည်း ရဲတပ်ဖွဲ့ ဝတ်စုံဖြစ်တာ တွေ့ရပါ တယ်။
ဓာတ်ပုံတွေ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ၂၀၁၂ ခုနစ် ဇွန်လကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိ တာတွေ့ရပါတယ်။
ဓာတ်ပုံမှာ Eleven ဆိုတဲ့ ရေစာကို တွေ့ရှိပြီး ယင်းဓာတ်ပုံကို Rakhaine Mray အမည်နဲ့ အသုံးပြုသူက flickr ဓာတ်ပုံဝက်ဘ်ဆိုဒ်မှာ ၂၀၁၂ ခုနှစ် ဇွန် ၁၁ ရက် ရခိုင်ဒေသက လူမျိုးရေးပဋိပက္ခဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အခြားဓာတ်ပုံတွေနဲ့အတူ မျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Rakhaine Mray | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ဓာတ်ပုံဟာ ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်အတွင်း ပဋိပက္ခဖြစ်စဉ်များနဲ့ ပတ်သက်တဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။

Title:၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခအတွင်းက ဓာတ်ပုံကို တောင်ငူလေတပ်က ထွက်ပြေးတဲ့ စစ်သားများအဖြစ်မျှဝေ
Fact Check By: Nayar MaungResult: Missing Context