
ကိုဗစ်ကာလအတွင်းမှာ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ရုပ်ရှင်မင်းသားကြီး အမီးရ်ခန်းရဲ့ ဂျုံကြမ်းအလှူပုံပြင်ဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားထပ်မံ ပျံ့နှံ့မှုအားကောင်းလာတာတွေ့ရပါတယ်။
ကိုဗစ်ကပ်ရောဂါကာလမှာ အသွားအလာကန့်သတ်ချက်တွေကြောင့် လူထုရဲ့နေ့စဉ်ဘဝလုပ်ဆောင်တာတွေနဲ့ စီးပွားရေးလုပ်ငန်း ပုံမှန်လည်ပတ်နိုင်ခြင်းမရှိချိန်မှာ နေ့စဉ်လူမှုဘဝဖူလုံရေးအတွက် ရုန်းကန်နေရသူတွေကို အစိုးရတွေအပါအဝင် ငွေကြေးပြည့်စုံသည့်ပုဂ္ဂိုလ်တွေက ပုံစံမျိုးစုံနဲ့ လုမှု့ကောင်းကျိုးအတွက် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ဆောင်ရွက်ခဲ့ကြချိန်မှာ ဒီပို့စ်က ပြန်လည် စတင်ပေါ်လာတာဖြစ်ပါတယ်။
ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ အမီးရ်ခန်းက ကိုဗစ်ကာလမှာ ဂျုံကြမ်းအထုပ်ကလေးတွေဝေတာကို ဒီလောက်ချမ်းသာတာ ဂျုံကြမ်းမှုန့်ပဲပေးတယ်ဆိုပြီး မြို့ခံအများစုက ဝေဖန်ပြစ်တင်ခဲ့ပြီးအများစုက သွားမယူခဲ့ပဲ တကယ် စားရမဲ့ သောက်ရမဲ့ အတိဒုက္ခရောက်နေတဲ့သူတွေက သွားယူကြရာမှာတော့ အိတ်ကို ဖွင့်လိုက်ချိန်မှာ ဂျုံကြမ်းမှုန့် တွေကြားထဲမှာ ရူပီး ၁၀၀၀၀(နှစ်သိန်းခန့်) သေချာစွာထည့်ထားပေးတာကို ဂျုံအိတ်သွား ယူသူတွေရရှိ သွားကြတယ်ဆိုပြီး ရေးသားထားပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဘောလိဝုဒ်မင်းသားကြီး အမီးရ်ခန်းရဲ့တွစ်တာမှာ ၂၀၂၀ ခုနှစ် မေလကတည်းက အောက်ပါအတိုင်းရေးသားထား ပါတယ်။ Fact Crescendo Myanmar က ၂၀၂၀ ခုနှစ် မေလထဲမှာ အချက်အလက်စိစစ်ထားတာ ဒီလင့်ခ်မှာ ကြည့်ပါ။
“ဘော်ဒါတို့ ဂျုံအိတ်တွေထဲမှာ ပိုက်ဆံထည့်ပေးတာ ကျွန်တော်မဟုတ်ပါဘူး။ ဒါက လုံးဝသတင်းတုပါ။ Robin Hood က သူဘယ်သူလဲဆိုတာ မသိစေချင်သလိုဖြစ်နေတယ်”ဆိုပြီးရေးသားထားပါတယ်။

သုံးသပ်ချက်
ဘောလိဝုဒ်အကျော်အမော် ရုပ်ရှင်မင်းသား အမီးရ်ခန်းက ဂျုံကြမ်းထုပ်တွေထဲမှာ ပိုက်ဆံထည့်လှူဒါန်းမှုဆိုတာ ၂၀၂၀ ခုနှစ်ကတည်းက စတင်ဖြန့်ဝေခဲ့တဲ့ သတင်းတုသာဖြစ်ပါတယ်။ အမီးရ်ခန်းကိုယ်တိုင်ငြင်းဆိုထားပါတယ်။

Title:Fact Check: ဘောလိဝုဒ်မင်းသားကြီး အမီးရ်ခန်းက ဂျုံကြမ်းအလှူပုံပြင်ဟောင်း ထပ်မံ ပျံ့နှံ့လာ
Fact Check By: Zun ZeeResult: Missing Context