
စစ်တပ်ရဲ့ ပညာရေးအစီအစဉ်ထဲက ကမောက်ကမနိုင်တဲ့လုပ်ရပ်အဖြစ် ဆရာမအများအပြားက အင်္ဂလိပ်စာ သင်ကြားရေးနဲ့ပတ်သက် ကဗျာတစ်ပုဒ်ကို ရွတ်ဆိုနေတဲ့ ဗွီဒီယိုဟာ ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ သို့သော် ဒီဗွီဒီယိုဟာ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုတစ်ခုဖြစ်တာတွေ့ရပါတယ်။
“မဆရာမတွေအလွတ်ကျက်နေရပီ စကစသင်ရိုးမှာ ကလေးငယ်ငယ်လေးတွေကို သင်မယ့် ABCD ကဗျာတဲ့” လို့ရေးသားပြီး “Myanmar Breaking News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ရေးသားမျှဝေထားတာ တွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
အလားတူတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
Google မှာပုံရှာနည်းအသုံးပြုပြီး ဗွီဒီယိုပါ အကြောင်းအရာကိုရှာကြည့်ရာမှာ ABCD သင်ကြားရေးကဗျာစာသား ဟာ ၂၀၁၇ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။

အဲဒီအချိန်က အွန်လိုင်းက ပျံ့နှံ့ခဲ့တဲ့အကြောင်းအရာတွေကို ပြန်ဖော်ပြလေ့ရှိတဲ့ lwinpyin နဲ့ popolay စတဲ့ဘလောဂ်တွေမှာ ဗွီဒီယိုကို ဖော်ပြခဲ့တာတွေ့ရပါတယ်။ သို့သော် လက်ရှိအချိန်မှာတော့ ဒီယူကျူ့ဗွီဒီယာ အင်တာနက်မှာရှိမနေတော့ပါဘူး။

မူရင်းလင်ခ့် – Popolay | Archive link
သို့သော် အဲဒီဘလော့ဂ်စာမျက်နှာပါ screenshot ဓာတ်ပုံနဲ့ လက်ရှိဗွီဒီယိုပါမြင်ကွင်း screenshot ကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

ထို့အပြင် ကဗျာကိုအနီးကပ်ရိုက်ကူးထားတဲ့ ဓာတ်ပုံကိုလည်း အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ABCD သင်ကြားရေးနဲ့ပတ်သက်တဲ့ သီချင်းဆိုနေတဲ့တာဆရာမတွေရဲ့ ဗွီဒီယိုဟာ ၂၀၁၇ ခုနှစ်ကတည်းက အင်တာနက်မှာပျံ့နှံ့လျက်ရှိတဲ့ ဗွီဒီယိုတစ်ခုဖြစ်ပါတယ်။

Title:Fact Check: ဆရာမတွေ ABCD သီချင်းဆိုနေတဲ့ဒီဗွီဒီယိုက ၂၀၁၇ ခုနှစ်ကဖြစ်တယ်
Fact Check By: Nayar MaungResult: Missing Context