Fact Check: ​ဒေါ်အောင်ဆန်းစုကြည်ပုံကို PDF တွေ မီးရှို့နေတာလား-မဟုတ်ပါ

False နိုင်ငံရေး | Politics

အကြမ်းဖက်တွေလို့ ဒေါ်အောင်ဆန်းစုကြည်က PDF တွေကို ပြောပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံကို PDF  တွေကမီးရှို့ခဲ့တယ်လို့ဆိုတဲ့ ဓာတ်ပုံ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ ကလေးပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေကို မီးရှို့ဖျက်ဆီးနေတဲ့ပုံကိုပြုပြင်ပြောင်း လဲထားခြင်းဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တော်လှန်ရေးမှာပါဝင်နေတဲ့ လူငယ်တွေကို ချီးကျူးဂုဏ်ယူနေတယ်လို့ စစ်တပ်ရဲ့ ဖမ်းဆီးခံကာအတွင်းမှာ သူမနဲ့ ထိတွေ့ခဲ့ရတဲ့သူတွေကဆိုပါတယ်။

“ဒေါ်စုမှ တော်လှန်ရေးသမားတွေကို 

အကြမ်းဖက်သမားဟု ပြောသည့်အတွက် ဒေါ်စုပုံပါ အမှိုက်ပုံးအ ပဒက်များမီးရှို့ပြ

ပဒက်တွေကတော့ တော်တော်မိုက်ရိုင်းပြီ

မှိုင်းဝေ”လို့ ရေးသားပြီး “Zaw Than” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ ကအောက်ပါအတိုင်းမျှဝေ ထားတာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

Google မှာ ဓာတ်ပုံကို ပြန်လည်ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ တကယ်တော့ ကလေးပြည်သူ့ရဲတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတစ်ပုံဖြစ်ပြီး မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးနေပုံဖြစ်ပါတယ်။ ဧရာဝတီ သတင်းဌာနက ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်ကဖော်ပြခဲ့တဲ့ သတင်းမှာ ဒီဓာတ်ပုံကို ကလေးပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသော မူးယစ်ဆေးများကို မီးရှို့ဖျက်ဆီးနေပုံဆိုပြီးတော့ အသုံးပြုထားပါတယ်။ 

မူရင်းလင်ခ့် – IrrawaddyArchive link  

ကလေးမြို့မှာ မူးယစ်ဆေးဝါးအသုံးပြုမှုတိုးလာနေတယ်လို့ ကလေးပြည်သူ့ရဲအဖွဲ့ကို ကိုးကားးဖော်ပြထားတဲ့ ဘီဘီစီမြန်မာပိုင်း သတင်းတစ်ပုဒ်မှာလည်း ဒီဓာတ်ပုံကို အသုံးပြုထားတာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – BBC BurmeseArchive link  

ပြုပြင်ထားတဲ့ ဓာတ်ပုံ(ဘယ်ဘက်)နဲ့ မူလဓာတ်ပုံ(ညာဘက်)ကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

ကလေးပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသော မူးယစ်ဆေးများကို မီးရှို့ဖျက်ဆီးနေဓာတ်ပုံကို PDF က ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဓာတ်ပုံကို မီးရှို့ဖျက်ဆီးနေပုံအဖြစ် ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံသာဖြစ်ပါတယ်။

Avatar

Title:Fact Check: ​ဒေါ်အောင်ဆန်းစုကြည်ပုံကို PDF တွေ မီးရှို့နေတာလား-မဟုတ်ပါ

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *