Fact Check: အာဖဂန်နှင့်အီရန်အကြား ဆီသယ်ယာဉ်ကားမီးလောင်မှုပုံကို တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းမီးရှို့မှုအဖြစ်သတင်းမှားဖြန့်

False လူမှုရေး

တရုတ်သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း မီးရှို့ခံရတယ်ဆိုပြီးတော့ မီးလောင်နေတဲ့ ဓာတ်ပုံ ၃ ပုံနဲ့အတူ ဖေ့စ်ဘွတ် မှာ ရေးသားမျှဝေနေပါတယ်။ တကယ်တော့ ဒီဓာတ်ပုံတွေဟာ တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းပုံမဟုတ် သလို သတင်းဟာလည်း အထောက်အထားမရှိပါဘူး။

“အခုပါ ရန်ကုန် မန္တလေး အမြန်လမ်း ဓါတ်ငွေ စက်ရုံ နဲ့ ၆၅ မိုင်အကွာ

မန္တလေး အဝင်ဘက်အခြမ်း မိုင် ိုင် ၂၃၆/၂၃၇ × ၄ဖာလုံ မှာပါ

ဖေဖဝါရီ ၂၀ မနက် ဆယ်နာရီ မိနစ်သုံးဆယ် ခန့် ကလောင်သွားတာပါ

မီးအရမ်းများပါတယ် မီးသတ်များက CDM မှာပါနေလို့ မီးသတ်မယ့်သူမရှိဟု

ဒေသခံတွေကပြောပါတယ် ကားတစ်စီးနဲ့ လူတစ်စု မနက် ခြောက်နာရီလောက်ထဲက

ပိုင်လိုင်းနားမှာ ယောင်လည်လည် ဖြစ်နေတယ်လို့ မျက်မြင်တစ်ဦးက ပြောထားပါတယ်

ဘေးကင်ကြပါစေ

crd

ဘဲဥပုပ် -SML”လို့ ရေးသားပြီး Generation Z အမည်နဲ့စာမျက်နှာက ဖေဖော်ဝါရီ ၂၀ ရက်မှာ မျှဝေထားပါတယ်။ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link 

အချက်အလက်စိစစ်ချက်

မြန်မာ-တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းမီးရှို့ခံရတယ်ဆိုပြီး သတင်းအဓိကလုပ်ကိုင်တဲ့ မီဒီယာတွေမှာ ဖော်ပြချက်မတွေ့ရပါဘူး။

ဓာတ်ပုံကို Google မှာ မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ဓာတ်ပုံတွေဟာ  ဖေဖော်ဝါရီ ၁၃ ရက်ကတည်းက အာဖဂနစ္စတန်နိုင်ငံနဲ့ အီရန်နိုင်ငံအကြားနယ်စပ်မှာ ဆီသယ်ယာဉ်တစ်စီးပေါက်ကွဲမီးလောင်မှုအဖြစ် နိုင်ငံတကာသတင်းတွေမှာ ဖော်ပြခဲ့တဲ့ပုံဖြစ်တာတွေ့ရပါတယ်။

အယ်ဂျားဇီးယားသတင်းဌာနက အာဖဂန်နှင့်အီရန်နယ်စပ်အနီး အကြီးအကျယ်ပေါက်ကွဲမှုဖြစ်ပွားပြီး လူ တစ်ဒါဇင်ထက် မနည်းထိခိုက်မှုရှိဆိုပြီးရေးသားထားတဲ့ သတင်းမှာ ဒီပုံကိုတွေ့ရပါတယ်။ ပုံစာအဖြစ် “အီရန်နှင့် နယ်စပ် အာဖဂနစ္စတန်အတွင်းက အစ္စလာမ်ကွာလာနယ်စပ်တွင် မည်းမှောင်နေသော မီးခိုးလုံးကြီးများကို မြင့်တွေ့ရစဉ်[Screengrab via Reuters]”ဆိုပြီးတော့ ရေးသားထားပါတယ်။ အခြားသော ဓာတ်ပုံ ၂ ပုံဟာလည်း ဒီမီးလောင်ပေါက်ကွဲမှုဖြစ်စဉ်က ပုံဖြစ်ပါတယ်။ ဒီလင့်ခ်မှာလေ့လာနိုင်ပါတယ်။

မူရင်းလင်ခ့် – AljazeeraArchive link

သုံးသပ်ချက်

တရုတ်သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း မီးရှို့ခံရတဲ့ မီးလောင်မှုမြင်ကွင်းအဖြစ်ဖော်ပြနေတဲ့ ဓာတ်ပုံတွေ အာဖဂန်နှင့် အီရန်နယ်စပ်အနီး ဆီသယ်ယာဉ်ပေါက်ကွဲမှုဖြစ်စဉ်ဓာတ်ပုံဖြစ်ပါတယ်။

Avatar

Title:အာဖဂန်နှင့်အီရန်အကြား ဆီသယ်ယာဉ်ကားမီးလောင်မှုပုံကို တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းမီးရှို့မှုအဖြစ်သတင်းမှားဖြန့်

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *