
အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့တွေ့ဆုံမှုလို့ဆိုထားတဲ့ ဓာတ်ပုံ ၂ ပုံဟာ ဖေ့စ်ဘွတ် အသုံးပြု သူတွေအကြားမှာ ပျံ့နှံ့မှုအားကောင်းလာပြီးနောက် နားလည်မှု လွဲစေနိုင်တာ တွေ့ရပါတယ်။ တကယ်တော့ ပြုပြင်ထားတဲ့ ဓာတ်ပုံတွေသာဖြစ်ပါတယ်။
“အခုဆို နီပိတ်တွေက သူတို့ရဲ့ ဝန်ကြီး
အမေရိကန်သွားတယ် နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့တယ်
ဘာညာဆိုပြီး ဖိုတိုရှော့တွေနဲ့ ဝါဒဖြန့်နေပါတယ်။
တကယ်တန်း အမေရိကန် နိူင်ငံခြားရေးဒုဝန်ကြီးနဲ့
တွေ့ဆုံခဲ့သူက ဗိုလ်ချုပ်မှုးကြီး ဘဘမင်းအောင်လှိုင်ပါ။
အဲ့ဒီမှာတွေ့ရတာ အားမရလို့
အပြန်ကျ မြန်မာပြည်လိုက်လာခဲ့ပါသေးတယ်။
မသိတဲ့သူတွေကို မှိုင်းတိုက်နေကြလို့
အဖြစ်မှန်ကို တင်ပြလိုက်ရတာပါ။
ခရက်ဒစ်”လို့ရေးသားပြီး “အား သစ်” အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက ဓာတ်ပုံနဲ့အတူ အောက်ပါအတိုင်း မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အလားတူမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဒီဓာတ်ပုံတွေဟာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို သရော်တဲ့ ဓာတ်ပုံတွေအဖြစ်ဖြန့်ဝေခဲ့တာဖြစ်ပေမဲ့ ပျံ့နှံ့မှုများ လာတဲ့နောက်ပိုင်းမှာနားလည်မှုလွဲလာစေတာတွေ့ရပါတယ်။ မူလဓာတ်ပုံထဲမှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိကန် နိုင်ငံခြားရေးဒုတိယဝန်ကြီး ဝင်ဒီရှားမန်းတို့ အမေရိကန်နိုင်ငံ ဝါရှင်တန် မြို့တော်မှာ တွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံဖြစ်ပါတယ်။ ဘီဘီစီမြန်မာပိုင်းရဲ့ ဒီသတင်းမှာလည်းတွေ့ရပါတယ်။
မူရင်းလင်ခ့် – US Embassy Yangon | Archive link
အမေရိကန်နိုင်ငံခြားရေးဒုဝန်ကြီးရဲ့ တွစ်တာအကောင့်မှာလည်း ဒီဓာတ်ပုံကို ဖော်ပြထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Wendy R Sherman | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိကန်နိုင်ငံခြားရေးဒုတိယဝန်ကြီးတို့တွေ့ဆုံမှု ဓာတ်ပုံကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံမှုအဖြစ် ပြုပြင်ပြောင်းလဲဖော်ပြထားတဲ့ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။

Title:Fact Check: အမေရိကန် ဒု-နိုင်ငံခြားရေးဝန်ကြီးက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုအဖြစ် ပြုပြင်ဖန်တီးထားတဲ့ ဓာတ်ပုံ
Fact Check By: Nayar MaungResult: Altered