Fact Check: ထိုင်းက မြန်မာနိုင်ငံအတွက် လှူဒါန်းတဲ့ပိုက်ဆံလားမဟုတ်ပါ-မဟုတ်ပါ

False လူမှုရေး

ထိုင်းပိုက်ဆံအ ေမြာက်အများကို တူညီဝတ်စုံဝတ်ဆင်ထားတဲ့ဝန်ထမ်းေတွဝိုင်းဝန်းေရတွက်ေနတဲ့ ဓာတ်ပုံ ၃ ပုံနဲ့အတူ ထိုင်းက မြန်မာနိုင်ငံေတာ်လှန်ေရးအတွက် လှူဒါန်းမှုလို့ေရးသားမျှ ေဝထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ကို လူမှုကွန်ယက်အသုံးပြုသူ ေထာင်ေပါင်းများစွာက ပြန်လည်မျှဝေလျှက်ရှိပါတယ်။

သို့သော်လည်း ဒီဓာတ်ပုံေတွဟာ ၂၀၁၇ ခုနှစ်ကတည်းက အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးဖြစ်ပါတယ်။

 “ထိုင်းက.ရေတွက်မနိုင်တဲ့ အလှူငွေများ….။

အရေးတော်ပုံအောင်ရမည်

Credit photo”လို့ေရးသားပြီး “Kan Naing”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဧပြီ ၂၄ ရက်က မျှ ေဝထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှ ေဝသူ ၂ ေထာင် ၆ ရာေကျာ်ရှိပါတယ်။ တူညီတဲ့‌ေရးသားမျှထားပြီး ပျံ့နှံ့မှုအားေကာင်းခဲ့တဲ့ ပို့စ်ေတွကို  ဒီေနရာနဲ့ ဒီေနရာမှာလည်း ေတွ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

ဒီဓာတ်ပုံေတွကို Google မှာ ပုံပြန်လည်ရှာေဖွနည်းနဲ့ ရှာကြည့်တဲ့အခါမှာ ၂၀၁၇ ခုနှစ်က ဒီဇင်ဘာကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာ တွေ့ရပါတယ်။ 

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၈ ရက်က ထိုင်းဘာသာနဲ့ေရးသားထားတဲ့ Online Idol ဝက်ဘ်ဆိုဒ်မှာ ဒီဓာတ်ပုံေတွကို အသုံးပြုထားတာေတွ့ရပြီး Google Translate နဲ့ အဓိကကျတဲ့ စကားလုံးအချို့ အသုံးပြုပြီး အေကြာင်း အရာကို ရှာေဖွကြည့်ရာမှာ ထိုင်း အဆိုတော် Toon ေခါ် Artiwara Kongmalai က ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့မှာ သူရဲ့ဇာတိ ဆူပန်ဗူရီ(Suphanburi)မှာ ပရဟိတ အလုပ်တွေအတွက် ထိုင်းဘတ်ငွေ သန်း ၇၀၀ လှူဒါန်းခဲ့စဉ်က ဓါတ်ပုံတွေ ဖြစ်ပါတယ်။ 

မူရင်းလင်ခ့် – Online-idol.comArchive link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ထိုင်းက မြန်မာနိုင်ငံအတွက် အလှူအဖြစ်ေဖာ်ပြ ေနတဲ့ ထိုင်းပိုက်ဆံပုံေတွ ဟာ ၂၀၁၇ ခုနှစ်က ထိုင်းအဆိုေတာ်ရဲ့ ပရဟိတလုပ်ငန်းေတွအတွက် အလှူက ဓာတ်ပုံေတွဖြစ်ပါတယ်။

Avatar

Title:ထိုင်းက မြန်မာနိုင်ငံအတွက် လှူဒါန်းတဲ့ပိုက်ဆံလားမဟုတ်ပါ-မဟုတ်ပါ

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *