
အမေရိကန်စစ်သည်တွေ ပဲခူးတိုင်းတစ်နေရာကို ချီတက်လာတဲ့ဓာတ်ပုံဆိုပြီးတော့ လူမှုကွန်ယက် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။
သို့သော်လည်း ဒီဓာတ်ပုံတွေဟာ ြသဂုတ် ၅ ရက်က အမေရိကန် လေထီတပ်ဖွဲ့ အင်ဒိုနီးရှားမှာ လေထီး ခုန်စဉ်က ပုံတွေဖြစ်ပါတယ်။
“မြန်မာနိုင်ငံ ပဲခူးတိုင်းတနေရာ လေကြောင်းချီလာတဲ့ မေရိကန် စစ်သည်များ”လို့ရေးသားပြီး “မြန်မာ့သတင်းစုံ ဗဟုသုတ” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ဘလော့ဂ်ပို့စ်တစ်ခုကို ပြန်လည်မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အရေအတွက် ၈ ရာကျော်ရှိပါတယ်။တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
Google မှာပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ အမေရိကန် လေထီတပ်ဖွဲ့တစ်ခုဖြစ်တဲ့ (82nd Airborne Division) စာမျက်နှာမှာ ြသဂုတ် ၅ ရက်က တင်ထားတဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။

“As #GarudaShield ဆက်လက်လေ့ကျင့်မှုအဖြစ် တိုက်ခိုက်ရေးအဖွဲ့ ဒုတိယတပ်ခွဲမှ လေထီးခုန်စစ်သည်တွေ ဟာ ဂူအမ်ကနေ အင်ဒိုနီးရှားနိုင်ငံကို ပျံသန်းပြီး အင်ဒိုနီးရှားလေထီးခုန်စစ်သည်တွေနဲ့အတူ လေထီးခုန် ခဲ့ကြသည် #AirborneInteroperability #AATW #LGOP”လို့ရေးသားပြီး “82nd Airborne Division” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ြသဂုတ် ၅ ရက်ကမျှဝေထားတာတွေ့ရပါတယ်။ ဒီလင်ခ့်နဲ့ ဒီလင့်ခ်မှာလည်း တွေ့နိုင်ပါတယ်။

မူရင်းလင်ခ့် – 82nd Airborne Division | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ အမေရိကန်စစ်သည်တွေ ပဲခူးတိုင်းတစ်နေရာကို ချီတက်လာတယ်ဆိုတဲ့ ဓာတ်ပုံဟာ အင်ဒိုနီးရှားမှာအမေရိကန်စစ်တပ်စစ်ရေးလေ့ကျင်မှု ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။

Title:အမေရိကန်စစ်သည်တွေ ပဲခူးတိုင်းတစ်နေရာကို ချီတက်လာတယ်ဆိုတဲ့ သတင်းမှား
Fact Check By: Nayar MaungResult: False