Fact Check: ဦးဇော်ဌေး ထိုင်းကိုထွက်အပြေးတာဖမ်းမိတယ်ဆိုတဲ့ photoshop ဓာတ်ပုံ

False နိုင်ငံရေး | Politics

စစ်အာဏာသိမ်းအပြီးမှာ သမ္မတဦးဝင်းမြင့်အပါအဝင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD)က အလုပ်အမှုဆောင်တွေအဖမ်းခံထားရပြီး အရပ်ဖက်အဖွဲ့အစည်းက ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေဟာ ပုန်းရှောင်နေရပါတယ်။

ဒီလိုအခြေအနေမှာပဲ သမ္မတရုံးပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး ထိုင်းကို ထွက်ပြေးစဉ်မှာ ဘောင်းဘီတစ်ထည့်ငွေသားအချို့နဲ့ ဖမ်းဆီးလိုက်တယ်ဆိုပြီး ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။

တကယ်တော့ ဒီဓာတ်ပုံဟာ photoshop ဓာတ်ပုံတစ်ခုဖြစ်တာတွေ့ရပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာလည်းအလားတူမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link 

အချက်အလက်စိစစ်ချက်

ဓာတ်ပုံကို Yandex မှာ မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ဒီဓာတ်ပုံဟာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု အကြောင်းဖော်ပြထားတဲ့ ရုရှားဘာသာနဲ့ ခရီးသွားဆောင်းပါးတစ်ပုဒ်က ပိုးလုံချည်ဝတ်အမျိုးသားတစ်ဦးရဲ့ ဓာတ်ပုံကိုအသုံးပြုပြီးအတုဖန်တီး ထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် –  Turbina.ruArchive link

၂၀၁၈ ခုနှစ်က ရုရှားဘာသာနဲ့ဆောင်းပါးမှာပါတဲ့ မူရင်းဓာတ်ပုံနဲ့ ဦးဇော်ဌေးအဖြစ်ပြုပြင်ဖော်ပြထားတဲ့ ဓာတ်ပုံကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

ရုရှားဘာသာနဲ့ ခရီးသွားဆောင်းပါးတစ်ပုဒ်က ပိုးလုံချည်ဝတ်အမျိုးသားတစ်ဦးရဲ့ ဓာတ်ပုံကိုအသုံးပြုပြီး ဦးဇော်ဌေးအဖြစ်ပြုပြင်ဖော်ပြထားတဲ့ဓာတ်ပုံဖြစ်ပါတယ်။

Avatar

Title:ဦးဇော်ဌေး ထိုင်းကိုထွက်အပြေးတာဖမ်းမိတယ်ဆိုတဲ့ photoshop ဓာတ်ပုံ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *