
Purtier placenta က ကင်ဆာ၊ဆီးချို၊သွေးတိုးရောဂါတွေကို အမြစ်ပြတ်ပျောက်ကင်းစေတယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ခွဲစိတ်ခြင်း၊ ကီမိုသွင်းခြင်း၊ ဓာတ်ကင်ခြင်း တွေဟာ ကင်ဆာထုထည်ရဲ့အတိုင်းအတာပမာဏ ကိုလျော့စေနိုင်ပေမဲ့ ကင်ဆာရောဂါကနဦးဖြစ်စေတဲ့အကြောင်းအရင်းတွေကို ကုသနိုင်ခြင်းမရှိလို့ အမြစ်ပြတ်ပျောက်ကင်းစေတဲ့ Purtier placenta ကိုသောက်ဖို့လိုတယ်လို့ရေးသားထားတာဖြစ်ပါတယ်။ အောက်ပါ screenshot ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
အလားတူကြော်ငြာထားတာတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ကင်ဆာနှင့် ဆီးချိုရောဂါကဲ့သို့သောရောဂါများကို ကုသနိုင်တယ်လို့ ကြော်ငြာရောင်းချခွင့် စင်ကာပူမှာ ဉပဒေအရ ပိတ်ပင်ထားတဲ့ကြားက ဒီလိုကြော်ငြာရောင်းခဲ့တဲ့အတွက် စင်ကာပူအစိုးရဌာနဖြစ်တဲ့ ကျန်းမာရေး သိပ္ပံ အာဏာပိုင်(HSA) က ၂၀၁၉ ခုနှစ်မှာ Purtier Placenta ကို တရားစွဲဆိုခဲ့ပါတယ်။
ဒီတရားစွဲဆိုမှုအပြီး ထုတ်ပြန်ချက်ထဲမှာ Purtier Placenta ကဆီးချို၊ ကင်ဆာအကြိတ် နဲ့ ကင်ဆာဆန့်ကျင်တဲ့ ဂုဏ်သတ္တိမရှိဘဲ ပုံမှန်မဟုတ်တဲ့ ချဲ့ကားရေးသားချက်တွေ၊ မှားယွင်းတဲ့အချက်အလက်တွေနဲ့ ကြော်ငြာခဲ့ကြောင်း HSA ကအတည်ပြုခဲ့ပါတယ်။

မူရင်းလင်ခ့် – HSA | Archive link
ဒီ Purtier Placenta အမှတ်တံဆိပ်နဲ့ဆေးဝါးကိုပဲ နောက်ပိုင်းမှာ ““Purtier”၊ “Purtier 6th edition”ဆိုတဲ့ နာမည်နဲ့ တစ်ချို့နိုင်ငံတွေမှာ ဖြည့်စွက်စာတစ်ခုအနေနဲ့တရားဝင် မှတ်ပုံတင်ခဲ့ပါတယ်။ မှတ်ပုံတင်ခဲ့ပြီး မူလကြော်ငြာနေတဲ့ ကင်ဆာ၊ဆီးချိုစတဲ့ ရောဂါတွေကို ကုသနိုင်တယ်ဆိုတဲ့ ပြောဆိုရောင်းချမှုကို တိုက်ရိုက်မလုပ်တော့ဘဲ ဒီရောဂါရှိသူတွေ သောက်သုံးနိုင်တယ်ဆိုပြီးတော့ ကြော်ငြာကို ပြောင်းလဲခဲ့တဲ့ တွေ့ရပါတယ်။
သုံးသပ်ချက်
Purtier Placenta ဟာဖြည့်စွက်စာ သို့မဟုတ် အားဆေးတစ်ခုသာဖြစ်ပြီး ဒီဖြည့်စွက်စာဟာ ကင်ဆာရောဂါ၊ ဆီးချိုနဲ့ သွေးတိုးရောဂါပျောက်ကင်းတယ်ဆိုတဲ့ အထောက်အထားမျိုးမရှိပါဘူး။ပြောဆိုချက် – Purtier Placenta က ကင်ဆာအမျိုးမျိုး၊ သွေးတိုး၊ ဆီးချိုကို ပျောက်ကင်းစေတယ်

Title:Fact Check: Purtier Placenta က ကင်ဆာရောဂါ ပျောက်တယ်ဆိုတဲ့ သတင်းမှား
Fact Check By: နေရာမောင်Result: False