
ကုန်းလမ်းပို့ဆောင်မှုညွှန်ကြားရေးရုံး(ကညန)မှာ ဗုံးခွဲသွားတဲ့သူရဲ့ CCTV ကရရှိတဲ့ မှတ်တမ်းဓာတ်ပုံဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းကပြန်လည်မျှဝေလျှက်ရှိပါတယ်။ ဒီလိုမျှဝေမှုဟာ မန္တလေး ကညနရုံးဗုံးပေါက်ကွဲမှုအဖြစ်အပျက်အပြီးမှာပေါ်ထွက်လာခြင်းဖြစ်ပါတယ်။
သို့သော်ဓာတ်ပုံဟာ အမေရိကန်ရုပ်သံဇာတ်လမ်း ရုပ်ရှင်မြင်ကွင်းတစ်ခုဖြစ်ပါတယ်။
“ကညန လိုင်စင်ရုံးမှာဗုံးဖောက်သွား သူရဲ့ပုံကို CCTV မှာ မိထားလိုက်ပါတယ်။ အမြန်ရှောင်ပါ…
နီးစပ်ရာမှာ တွေ့ရင် အကြောင်းကြားပေးဖို့ သတင်းမှန်ပြန်ကြားရေးအဖွဲ့မှာ ဝရမ်းထုတ်ထားတယ်လို့လည်းသိရပါတယ်။
ရုရှားနိုင်ငံမှာ စစ်ပညာသင်ကြားဖူးပြီးတော့ ယခု CDM လုပ်ထားတယ်လို့သိရပါတယ်။ မြန်မာပြည်မှာ ဆောင်းစစ်သည်အမည်နဲ့ လှုပ်ရှား ဦးဆောင်နေသူဖြစ်ပါတယ်။ သူ့မှာထင်ရှားတဲ့အမှတ်သားအနေနဲ့ လက်မောင်းမှာ ကြယ်အနီရောင်တတ်တူးထိုးထားတယ်လို့လည်းသိရပါတယ်။”လို့ရေးသားပြီး “SHMU”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အောက်တိုဘာ ၂၇ ရက်က ဓာတ်ပုံနဲ့အတူ မျှဝေထားရာမှာ ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၁၇၀၀ ရှိပါတယ်။ တူညီစွာရေးသားမျှဝေထားတာတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၁၄ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျှက်ရှိပါတယ်
ထို့အပြင် Google ရဲ့ဓာတ်ပုံမြင်ကွင်းအကြံပြုချက်အနေနဲ့ ဒီဓာတ်ပုံဟာ “winter soldier kills tony stark’s parents”လို့ အကြံပြုချက်ပါဝင်ပါတယ်။ ယင်းစကားလုံးတွေအပြင် အဓိကျတဲ့စကားလုံးအချို့ဖြစ်တဲ့ “cctv footage”ဆိုပြီးထပ်မံရှာဖွေရာမှာဒီဓာတ်ပုံနဲ့ တူညီတဲ့ဓာတ်ပုံ အမြောက်အများကို ထပ်မံတွေ့ ရှိရပါတယ်။ Winter Soliderဆိုတာ အမေရိကန်ရုပ်သံဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။
“Avengers ကိုပျက်စီးတဲ့ Captaion America ရဲ့အကြီးမားဆုံးသောအမှား”လို့ခေါင်းစဉ်တပ်လျှက် ရုပ်ရှင်ဝေဖန်ရေးဝက်ဘ်ဆိုက် CRBရဲ့ဆောင်းပါးတစ်ပုဒ်မှာလည်း ဒီဓာတ်ပုံကိုအသုံးပြုထား အောက်ပါ အတိုင်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – CRB | Archive link
Winter Soldier ရုပ်ရှင်မှာ ဒီမြင်ကွင်းပါတဲ့ ဇာတ်လမ်းဗွီဒီယို ပြကွက်ကို အောက်ပါ လင့်ခ် မှာလည်းကြည့်နိုင်ပါ တယ်။
မူရင်းလင်ခ့် – Mad-E Records | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ဓာတ်ပုံဟာ အမေရိကန်ရုပ်သံဇာတ်လမ်းဖြစ်တဲ့ The Winter Solider ဇာတ်ကား ပါမြင်ကွင်းဓာတ်ပုံဖြစ်ပါတယ်။

Title:မန္တလေးလိုင်စင်ရုံးမှာဗုံးဖောက်သွားသူဓာတ်ပုံလား-မဟုတ်ပါ
Fact Check By: Nayar MaungResult: Missing Context