Fact Check: နေပြည်တော်တပ်မတော်ထောက်ခံပွဲကို သီတဂူဆရာတော် တက်ရောက်မယ်ဆိုတဲ့ သတင်းအမှား

False နိုင်ငံရေး | Politics

ဇန်နဝါရီ ၂၈ရက်နေ့ နေပြည်တော်မှာပြုလုပ်မဲ့ တပ်မတော်ထောက်ခံပွဲကို သီတဂူဆရာတော် ဦးဉာဏိဿရ အပါဝင် နိုင်ငံတော်အဆင့်မဆရာတော်ကြီးတွေနဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ DKBA KNU BGFက တပ်ဖွဲ့ဝင်တွေပါ တက်ရောက်မယ်ဆိုပြီး ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားနေတာတွေ့ရပါတယ်။

အဲ့ဒီပို့စ်အပြည်အစုံကတော့ “မျိုးချစ်အပေါင်းတို့ရေ လာမဲ့(28)နေ့ကို နေပြည်တော်မှာပြုလုပ်မဲ့ ထောက်ခံပွဲးကို သီတဂူဆရာတော်ဘုရားကြီးနဲ့ သံယာတော်အပေါင်တို့က လာရောက်မှာဖြစ်ပါတယ် အဲ့နေု့ကြရင် အမျိုးချစ်အပေါင်းတို့ကို ဘယ်သူမှ ထိခိုက်အောင်လုပ်လို့မရပါဘူး မျိုးချစ်တို့ကို ဝန်းရန်ဖို့ DKBA BGF KNU တို့ပါ လာရောက်ပူးပေါင်းပြီးစောင့်ရှောက်ပေးမှာဖြစ်ပါတယ် အမျိုးသားရေးသမားတွေနဲ့ အခုတချို့တွေဆို နေပြည်တော်ကို ရောက်ရှိနေကြပါပြီ ဒီသတင်းကို အမိန်တခုနဲ့ အမျိုးသားရေးသမားတွေနဲ့ ဆရာတော်ဘုရားကြီးတွေကို စောင့်ရှောက်ဖို့ နေပြည်တော်ကို တာဝန်နဲ့ရောက်ရှိနေတဲ့သူငယ်ချင်းက ပြေားပြပါတယ် ခင်ဗျာ  လေးစားစွာဖြင့်”လို့ရေးသားထားပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

ဒီလိုရေးသားနေတာတွေနဲ့ပါတ်သက်ပြီး သီတဂူသာသနာပြုအဖွဲ့ရဲ့ ဝဘ်ဆိုဒ်နဲ့ ဖေ့စ်ဘွတ်ခ်လိုမျိုး လူမှုကွန်ယက်စာမျက်နှာတွေမှာ ဖော်ပြထားတာ တစ်စုံတရာမရှိပါဘူး။ ဒီနေရာမှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။ ဒါ့အပြင်သီတဂူစတား ဆရာတော်ဒေါက်တာကောဝိဒသီရီက ဒါဟာ သတင်းအမှားသာဖြစ်ပြီး သီတဂူရဲ့ တရားဝင်ဝဘ်ဆိုဒ်နဲ့ ဖေ့စ်ဘွခ်တ်အကောက်တွေကနေ ဆရာတော်ကြီးလုပ်မဲ့ကိစ္စတွေကို တင်လေ့ရှိကာ ဒီလိုမတင်ဘူးဆိုရင် သတင်းအမှားတွေပါပဲလို့ မိန့်ကြားပါတယ်။

“ဘုန်းဘုန်းတို့ ဆရာတော်က အဲ့ဒါတွေ မလုပ်ပါဘူး၊ ပြီးတော့ ဆရာတော်တွေကို ခုတုံးမလုပ်သင့်ဘူး၊ ဒါတွေက အန္တရာယ်များပါတယ်။ ဘယ်သူ့အတွက်မှ မကောင်းပါဘူးလို့ သီတဂူစတား ဆရာတော်ဒေါက်တာကောဝိဒသီရီက မိန့်ကြားပါတယ်။

ဒါ့အပြင် ဒီရေးသားချက်ဟာ မှားယွင်းကြောင်း ပြည်တွင်းအခြေစိုက် အချက်အလက်စစ်ဆေးတဲ့ သတင်းမီဒီယာတစ်ခုဖြစ်တဲ့ The Nyang Newsကလည်း အချက်အလက်စစ်ဆေးထားပါတယ်။ ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ နေပြည်တော်မှာ ကျင်းပမဲ့ တပ်မတော်ထောက်ခံပွဲကို သီတဂူဆရာတော် တက်ရောက်မယ်ဆိုတဲ့သတင်းဟာ သတင်းအမှားဖြစ်တာကိုတွေ့ရပါတယ်။

Avatar

Title:နေပြည်တော်တပ်မတော်ထောက်ခံပွဲကို သီတဂူဆရာတော် တက်ရောက်မယ်ဆိုတဲ့ သတင်းအမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *