Fact Check: Pizza Hut က မွေးနေ့လက်ဆောင်ပေးနေတယ်ဆိုတာ လိမ်လည်လှည့်စားမှု သာဖြစ်တယ်

Misleading ကျန်းမာရေး၊ | Health

Pizza Hut ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ‘Happy Birthday’ မက်ဆေ့ချ် ပေးပို့ထားသူတွေဟာ ဘယ်ပီဇာဆိုင်မှာ မဆို အခမဲ့ပီဇာပုံးသုံးပုံးကို ရယူနိုင်တယ်လို့ ဆိုထားတဲ့ ပို့စ်တခု Pizza Hut Fans အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဖြန့်ဝေနေတာတွေ့ရပါတယ်။ ဒီပြောဆိုချက်ဟာ လိမ်လည်လှည့်စားမှုသာဖြစ်တယ်။ 

ဖေ့စ်ဘွတ်ပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ ရေးသားဖြန့်ဝေမှု ကို ဒီနေရာမှာလည်းတွေ့ရတယ်။

“@Pizza ၏မွေးနေ့ကို ဂုဏ်ပြုရန်အတွက် ယခင်က ‘Happy Birthday’ မက်ဆေ့ချ်များ ပေးပို့ထားသူများထံသို့ ဘောက်ချာများ ပေးပို့ထားပါသည်။

အောက်တိုဘာ ၁။ ကူပွန်တစ်ခုစီကို မည်သည့်ပီဇာစားသောက်ဆိုင်တွင်မဆို အခမဲ့ပီဇာပုံးသုံးပုံးကို ရယူနိုင်ပါသည်။ 🎁

မှတ်ချက်- 10 မှ 12 ယောက်ကို ကျပန်းရွေးချယ်ပြီး သီးသန့်မက်ဆေ့ချ်မှတစ်ဆင့် အတည်ပြုကြေညာခြင်း။ ကျေးဇူးတင်ပါသည်”

C:\Users\User\Downloads\Untitled design (10).jpg

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မက်ဆေ့ချ်ကနေ ‘Happy Birthday’လို့ ပို့တဲ့သူတိုင်းကို ပီဇာတွေ အခမဲ့ပေးနေ တယ်လို့ပြောဆို မျှဝေထားတဲ့ “Pizza Hut Fans”အမည်နဲ့‌ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ပတ်သက်ပြီး ဒီစာမျက်နှာဟာ သူတို့နဲ့ မသက်ဆိုင်ကြောင်းနဲ့ ဒီလုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး တာဝန်ယူမည်မဟုတ်ကြောင်း စက်တင်ဘာ ၂၈ ရက်မှာ Pizza Hut Myanmar က ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။

“𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁: 𝗙𝗮𝗸𝗲 𝗮𝗰𝗰𝗼𝘂𝗻𝘁 ကြေငြာချက် ‼️

အောက်ဖော်ပြပါ page သည် Pizza Hut Myanmar/Pizza Hut ကနေပြီး ဖွင့်လှစ်ထားသည့် page မဟုတ်ပါ။‼️

ဖော်ပြပါ page တွင်တင်ထားသည့် post များနှင့် လုပ်ဆောင်ခဲ့သည့် activity များသည် Pizza Hut/Pizza Hut Myanmar နှင့် သက်ဆိုင်ခြင်းမရှိသဖြင့် page နဲ့ပတ်သက်တဲ့ ကိစ္စတစ်စုံတစ်ရာကိုမျှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။”

C:\Users\User\Downloads\Untitled design (11).jpg

သုံးသပ်ချက်

မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မက်ဆေ့ချ်ကနေ ‘Happy Birthday’လို့ မက်ဆေ့ချ်ပို့တဲ့သူတိုင်းကို ပီဇာတွေ အခမဲ့ပေးနေတယ်လို့ ဖေ့စ်ဘွတ်မှာ ရေးသားဖြန့်ဝေနေတာတွေဟာ လိမ်လည်လှည့်စားထားခြင်းသာဖြစ်တယ်။ ဒီလို ကြေညာမှုမျိုးမရှိသလို ဒီလိုပြောဆိုထားတဲ့ စာမျက်နှာတွေဟာ သူတို့နဲ့ မသက်ဆိုင်ကြောင်း Pizza Hut Myanmar က ကြေညာထားတယ်။ 

Avatar

Title:Fact Check: Pizza Hut က မွေးနေ့လက်ဆောင်ပေးနေတယ်ဆိုတာ လိမ်လည်လှည့်စားမှု သာဖြစ်တယ်

Fact Check By: Zun Zee 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *