Fact Check: အမေရိကန်သံရုံးအရာရှိ ပျူစောထီးတွေ သတ်ဖြတ်မှု သမ္မတ ထရမ့် ဒေါသထွက်ပြီး မင်းအောင်လှိုင်ကို အရေးယူတဲ့ သတင်းတု

အမေရိကန် သံရုံးအရာရှိ စစ်တပ်လက်အောက်ခံ ပျူစောထီးတွေ သတ်ဖြတ်လို့ သမ္မတ ထရမ့် ဒေါသထွက်ပြီး မင်းအောင်လှိုင်ကို အရေးယူမယ်လိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက မျှဝေထားတာမှာ ပျံ့နှံ့မှု အားကောင်း နေတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။ လတ်ရှိအချိန်အထိ အမေရိကန်သံရုံလုံခြုံရေးအရာရှိ သေဆုံးမှုနဲ့ ပတ်သက်ပြီး အမေရိကန်ဘက်က မည်သူမည်ဝါဆိုတာကို အပြစ်ထုတ်ဖော်ပြောဆိုထားခြင်းမရှိပါဘူး။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။   “အမေရိကန် သံရုံးအရာရှိ ပျူစောထီးတွေ သတ်ဖြတ်လို့ သမ္မတ ထရမ့် ဒေါသထွက် ၊ မင်းအောင်လှိုင်ကို ဆင့်ခေါ်ပြီ” (မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit ”ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ […]

Continue Reading

Fact Check: မင်းအောင်လှိုင်နဲ့အပေါင်းပါ ဗိုလ်ချုပ် ၁၅ ဦးကို စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ဖမ်းဆီးတဲ့ သတင်းတု

သမ္မတဖြစ်လဲ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ရဲ့ လက်ရုံးတပည့် လက်ရှိစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရဲဝင်းဦး က မင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ် ၁၅ ဦးကို ဖမ်းဆီးလိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက မျှဝေထားတာမှာ ပျံ့နှံ့မှု အားကောင်း နေတယ်။ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။   “တပ်ချုပ် ရဲဝင်းဦး သစ္စာဖောက်ပြီ မင်းအောင်လှိုင်နဲ့ အပေါင်းပါ ဗိုလ်ချုပ် (၁၅) ဦး ဖမ်းဆီးခံရ ၊ စစ်ရုံးချုပ်အတွင်း အာဏာ လုနေကြပြီ” (မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတခုဖြစ်တဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့ချန်နယ်ကို တုပထားပြီး […]

Continue Reading

Fact Check: အိန္ဒိယမှာ မြန်မာစစ်ခေါင်းဆောင်ဟောင်း အဖမ်းခံရတဲ့ သတင်းတု

အိန္ဒိယခရီးစဉ်မှာ သမ္မတတဖြစ်လဲ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အဖမ်းခံရတယ်လို့ ဆိုထားတဲ့  ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း နေတာတွေ့ရတယ်။ သတင်းတု ဖြန့်ချိ နေခြင်းဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “အိန္ဒိယလေဆိပ်မှာ ဖမ်းဆီးကြောင်းသတင်းထွက်  ဖအိန္ဒိယကအပြန် ICC ရဲ့ လျိုးဝှက်ညွှန်ကြားချက်ကြောင့် အင်တာပိုမှ ဖမ်းဆီးလိုက်ပြီ”(မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်ထဲမှာ အိန္ဒိယမှာ စစ်ခေါင်းဆောင်ဟောင်း အဖမ်းခံရမှုအဖြစ်‌ဖော်ပြထားသလို ဗွီဒီယိုထဲ အသံဖိုင်နဲ့ ဖတ်ကြားမှုမှာလည်း “အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည်ဟု သတင်းထွက်ပေါ်နေသည့် စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ကို ဖမ်းဆီးထိန်းသိမ်းပေးရန် ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICC) […]

Continue Reading

Fact Check: မင်းအောင်လှိုင်ဆီက စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရဲဝင်းဦး အာဏာပြန်လုတဲ့ သတင်းတု

စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ရဲ့ အမိန့်ကို ဖီဆန်ပြီး လက်ရှိစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရဲဝင်းဦး က အာဏာပြန်လုလိုက်ပြီနောက် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက မျှဝေထားတာမှာ ပျံ့နှံ့မှု အားကောင်း နေတယ်။ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။   “နေပြည်တော် စစ်ရုံး သေနပ်သံတွေ ဆူညံနေ ရဲဝင်းဦးနဲ့ စိုးဝင်း လက်ဦးမှု ရယူ အာဏာမက်တဲ့ မင်းအောင်လှိုင် နားကားပြီ နေပြည်တော် အာဏာလုပွဲ ပြင်းထန်” (မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khitthit”ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုထားတဲ့ သတင်းတွေနဲ့ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းကို ရောနှောဖြန့်ချိလေ့ရှိပါတယ်။ ဒီချန်နယ်က သတင်းတု ဖြန့်ဝေမှုတွေကို […]

Continue Reading

Fact Check: နိုင်ငံကူးလက်မှတ်မှာ မင်းအောင်လှိုင်ပုံ ထည့်သွင်းမယ်ဆိုတာ တကယ်လား- မဟုတ်ပါ

လာမယ့်နှစ်က စပြီး နိုင်ငံကူးလက်မှတ်တွေမှာ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ပုံ ထည့်သွင်းသွား မယ်ဆိုတဲ့ ပြောဆိုချက်တွေ လူမှုကွန်ယက်မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ သတင်းမှား တခုဖြစ်တယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သရော်မှုစာတခုက စတင်ခဲ့တာလည်း တွေ့ရတယ်။ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  အလားတူတဲ့ပြောဆိုချက်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “ကိုယ်ရွေးကိုယ်ခန့်သမ္မတ မင်းအောင်လှိုင်သည် လာမည့်နှစ်မှ စ၍ မြန်မာနိုင်ငံကူးလက်မှတ် စာအုပ်တွင် သူ၏ပုံထည့်သွင်း သွားမည်ဖြစ်ကြောင်း ပြော” Original link | Archive link အချက်အလက်စိစစ်ချက် “လာမည့်နှစ်မှ စ၍ မြန်မာနိုင်ငံကူးလက်မှတ် စာအုပ်တွင် သူ၏ပုံထည့်သွင်း သွားမည်ဖြစ်တယ်”သတင်းကို  သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေ ဖော်ပြချက်မရှိပါဘူး။  တကယ်တမ်း လူမှုကွန်ယက်မှာ […]

Continue Reading

Fact Check: သဘောတူညီချက်အရ သမ္မတဦးဝင်းမြင့်ကို ရာထူးပြန်ပေးမယ်လို့ စစ်ခေါင်းဆောင်ဟောင်းပြောတဲ့ သတင်းတု

ငြိမ်းချမ်းရေးသဘောတူညီချက်အရ သမ္မတဦးဝင်းမြင့်ကို ရာထူးပြန်ပေးမယ်လို့ စစ်ခေါင်းဆောင်ဟောင်းက ပြောဆိုလိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ သတင်းသာ ဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော ပျံ့နှံ့မှုအား‌ကောင်းနေတဲ့ ဒီလိုပြောဆိုဖြန့်ဝေ ထားတဲ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။  “ငြိမ်းချမ်းရေး သဘောတူပြီဟု မအလ ထုတ်ဖော် သမ္မတ ဦးဝင်းမြင့်ကို ရာယူးပြန်ပေးမည်ဟုပြော ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်မည့်ရက် အတိအကျ ထုတ်ဖော်” Original link | Archive link အချက်အလက်စိစစ်ချက် ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့က သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာတွေ ပြုလုပ်နေတာတွေ့ရပါတယ်။ ဗွီဒီယိုဖြန့်ဝေထားတဲ့ ဒီချန်နယ်တွေနဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်နဲ့ […]

Continue Reading

Fact Check: အာဆီယံက အကြမ်းဖက်အဖြစ်ကြေညာပြီး‌နောက် စစ်တပ်က နိုင်ငံတကာသံရုံးတွေကို ဝင်စီးဆိုတဲ့ သတင်းတု

အာဆီယံက အကြမ်းဖက်ကြေညာလိုက်လို့ ရန်ကုန်မှာရှိတဲ့ နိုင်ငံတကာသံရုံးအားလုံးကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်မင်းအောင်လှိုင်လက်အောက်ခံ စစ်တပ်နဲ့ ရဲက ဝင်ရောက်စီးနင်းနေတယ်လို့ ဆိုပြီး  ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု သာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဇင်ဘာ ၇ ရက်မှာ ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ သိန်းကျော်ရရှိထားတယ်။ “အာဆီယံက အကြမ်းဖက်ကြေညာလိုက်လို့  မင်းအောင်လှိုင်က သံရုံးအားလုံး ဖမ်းဆီးနေ  ရန်ကုန် နိုင်ငံတကာသံရုံးအားလုံး စစ်တပ်နဲ့ ရဲတွေ ဝင်ရောက်စီးနင်း  အာဆီယံက မင်းအောင်လှိုင်တို့ကို ပြင်းထန်သတိပေးတုန့်ပြန် ”(မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay KhitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်ကို သမ္မတမလုပ်ဖို့  ဦးသိန်းစိန်ပြောတဲ့ သတင်းတု

နိုင်ငံတကာတရားရုံး(ICJ)မှာ တရားစွဲဆိုခံနေရတာကြောင့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သမ္မတလုပ်မရဘူးလို့ ဦးသိန်းစိန်က ပြောလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ ချန်နယ်တခု ဖြန့်ဝေနေတာဟာ သတင်းတုတခုသာဖြစ်တာတွေ့ရတယ်။  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ၂၄ နာရီအတွင်း ကြည့်ရှူမှုပေါင်း တသိန်း ဝန်းကျင်ရရှိထားတယ်။ “မင်းအောင်လှိုင် သမ္မတလုပ်မရဟု သိန်းစိန်ပြော  ICJ ရဲ့ စွဲချက်ကြောင့် စစ်ခေါင်းဆောင် သမ္မတ လုပ်မရဘူးလို့  သိန်းစိန်ကန့်ကွက် ၊ ချက်ချင်းဖမ်းဆိုင်းလို့ ပွဲဆူနေပြီ” (မူလအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုရဲ့ အစမှာ ပြသထားတဲ့ ရုပ်ကတ်ထဲမှာ ICJ မှာ တရားစွဲဆိုခံနေရတာကြောင့် အာဏာသိမ်း စစ်ခေါင်းဆောင်အနေနဲ့ သမ္မတလုပ်မရဘူးလို့ သမ္မတဟောင်း […]

Continue Reading

Fact Check: ရန်ကုန်-ဒလတံတား ဖွင့်ပွဲလာတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရှော့တိုက်ဒုံး ပစ်ခံရလို့ သေဆုံးတဲ့ သတင်းတု

ရန်ကုန်-ဒလတံတား ဖွင့်ပွဲလာတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရှော့တိုက်ဒုံး ပစ်ခံရလို့ သေဆုံးဆိုတဲ့  ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းတုတွေသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ “ရန်ကုန်-ဒလ တံတား ပေါက်ကွဲပြီ ရုပ်/သံ  နလုံးရောဂါရှိသူ မကြည့်ရ ရန်ကုန်-ဒလတံတား ဖွင့်ပွဲ မင်းအောင်လှိုင် လာလို့ ရှော့တိုက်ဒုံး ပစ်ချလို့ သေကုန်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုတွေ ဖြန့်ဝေထားတဲ့ “The Daily Lens”နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ချက်တွေဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီချန်နယ်ဟာ လုံးဝလုပ်ကြံရေးသားပြောဆိုချက်တွေ […]

Continue Reading

Fact Check : စစ်‌‌ခေါင်းဆောင် မန္တလေးနန်းတွင်းမှာ တိုက်ခိုက်ခံရပြီး ဒဏ်ရာရရှိတဲ့ ဓာတ်ပုံလား- မဟုတ်ပါ

 စစ်‌‌ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မန္တလေးနန်းတွင်းမှာရှိစဉ် ရှော့တိုက်ဒရုန်းနဲ့ တိုက်ခိုက်ခံရ တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်အပြီးမှာပဲ စစ်ခေါင်းဆောင်ဒဏ်ရာရပြီး ဆေးရုံတက်ရောက်ကုသနေရတဲ့ ဓာတ်ပုံဆိုပြီး ဓာတ်ပုံတပုံ လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ ဉာဏ်ရည်တုနည်းပညာ အသုံးပြု ဖန်တီးထားတဲ့ ဓာတ်ပုံသာဖြစ်တာတွေ့ရတယ်။   ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  အလားတူတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  “အရမ်းကိုဝမ်းန.ည်းရပါတယ်.ဘဘကြီးရယ်.😥😥😭😭ဘာလို့လဲဆိုတော့ဗျာ..ပို့စ်တင်ရင်းနဲ့ကိုမျက်ရ.ည်ကအလိုလိုကျလာပါတယ်ဗျာ.😥😥😭😭😭😭အရမ်းကိုမှယူကြုံ.းမရဖြစ်ရပါတယ်ညီအကိုတို့ရေ.ဘာလို့များအဲလိုလုပ်ရ.က်ကြတာလဲဟင်.😏…တခါတည်းတစစ.ီဖြစ်အောင်လု.ပ်ရမှာကိုအခုတော့ကြည့်ကြပါဦး..တခါတ.ည်း​ေ..သမသ.ွားတာအရမ်းကိုစိတ်ထဲမှာယူကြုံ.းမရဝ.မ.့်းန.ည်းရတယ်” Original link | Archive link နောက်ထပ် ပျံ့နှံ့နေတဲ့ ဓာတ်ပုံတပုံမှာတော့ စစ်ခေါင်းဆောင်က ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေစဉ် နောက်ထပ် စစ်တပ်အရာရှိကြီး ၂ ဦးက ကုတင်နံဘေးမှာ ရပ်နေတယ်။ ဒီနေရာမှာ ကြည့်ပါ။  အချက်အလက်စိစစ်ချက် စစ်ခေါင်းဆောင်ရဲ့ ဒဏ်ရာရထားတယ်ဆိုတဲ့ ဓာတ်ပုံကို Fact Crescendo […]

Continue Reading