Fact Check: နိုင်ငံတော်အတိုင်ပင်ခံက တပ်မတော်ခေါင်းဆောင်တွေကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တွေ့ခွင့်တောင်းတယ်ဆိုတဲ့ သတင်းအမှား
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အောင်ဆန်းစုကြည်က တပ်မတော်ခေါင်းဆောင်တွေကို အပူတပြင်းတွေ့ခွင့် တောင်းဆိုတယ်၊ ဒီလိုတောင်းဆိုတဲ့အပေါ်မှာ တပ်မတော်ဘက်က အတွေ့မခံဘူးဆိုတဲ့သတင်းကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ပေါ်မှာရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “နိုင်ငံတော်အတိုင်ပင်ခံက အဘကို အပူတပြင်းတွေ့ခွင့် တောင်းဆို၊ စစ်တရားရုံးဖွဲ့စည်းပြီးကြောင်း သတင်းက ဥပဒေမဲ့ အစိုးရနဲ့ UECအတွက် ပြေးလမ်းမရှိပါ”နဲ့ “အတိုင်ပင်ခံက အဘဆီအခစားဝင်ချင်သတဲ့ အဘနာယက အတွေ့မခံ…အဘချုပ်ကတော့ အဖြေမပေးဟုသိရ”လို့ရေးသားထားတဲ့ screenshotရိုက်ထားတဲ့ ပုံတွေကို ပြန်လည်ပို့စ်နေတာတွေ့ရပါတယ်။အောက်ပါလင့်ခ်မှာဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီလိုပို့စ်နဲ့ပတ်သက်ပြီး အစိုးရအဖွဲ့နဲ့နီးစပ်တဲ့ NLDပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာမျိညွန့်ကို Fact Cfescendo Myanmarက ဆက်သွယ်မေးမြန်းရာမှာတော့ “ဒါက အုပ်ချုပ်ရေးပိုင်းက ကိစ္စပေါ့နော်၊ ဒါပေမဲ့ ကျွန်တော်ကြားသလောက်ကတော့ အစိုးရမှာ ဒီလိုမျိုးရုတ်တရတ်တွေ့ရလောက်တဲ့ အရေးကြီးကိစ္စမရှိဘူး၊ ရွေးကောက်ပွဲနဲ့ဆိုင်တာဆို ပိုပြီးမဖြစ်နိုင်ပါဘူး၊ ရုပ်တိမရှိတဲ့ အခြေအမြစ်မရှိတဲ့ သတင်းပါ၊ […]
Continue Reading