
နိုင်ငံခြားသံရုံးတွေက သံတမန်တွေအနေနဲ့ သံတမန်ကျင့်ဝတ်နဲ့အညီပြောဆိုဆက်ဆံဖို့နဲ့ မြန်မာနိုင်ငံဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ပြီး တခြားနိုင်ငံတွေရဲ့ လက်အောက်ခံနိုင်ငံမဟုတ်တာကြောင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း တပ်မတော်က သတိပေးလိုက်တယ်ဆိုတဲ့ကြောင်း ရွတ်ဖတ်ပြထားတဲ့ ရုပ်သံဖိုင်တစ်ခု ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။
ဒီပို့စ်မှာ “နိုင်ငံခြားသံရုံးများသို့ သဘောထားကြေငြာချက်များ”လို့ ခေါင်းစဉ်တပ်ထားပြီး “Statements from foreign embassies.Office of the Commander-in-Chief of the Armed Forces Commander-in-Chief of the Armed Forces from (Ka Ka Kyi)
A warning was issued immediately.Our country is a sovereign state, so that foreign embassies can communicate with each other in a diplomatic manner.It is not under the control of any country. Other countries enter the internal affairs of their own country.Diplomats have no right to interfere and have accepted their country to serve in diplomatic affairs. A statement has been issued urging the two countries to adhere to the political code of conduct.
နိုင်ငံခြားသံရုံးများမှ သဘောထားကြေငြာချက်များ ထွက်ပေါ်လာပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
( ကကကြည်း ) မှ တပ်မကော်ကာကွယ်ရေးဦးစီးချုပ်၏ သတိပေးကြေငြာချက်တစ်စောင် ချက်ချင်း ထုတ်ပြန်လိုက်သည်။ နိုင်ငံခြားသံရုံးများအနေနှင့် သံတမန်ကျင့်ဝတ်နှင့်ပြောဆိုဆက်ဆံကြရန် မိမိတို့နိုင်ငံသည် အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်သည့်အတွက် မည်သည့်နိုင်ငံ၏ လက်အောက်ခံနိုင်ငံမဟုတ်ကြောင်း။ မိမိနိုင်ငံ၏ ပြည်တွင်းရေးကိစ္စရပ်များအား အခြားနိုင်ငံများမှ ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း၊ သံတမန်များ အနေနှင့် မိမိနိုင်ငံအား သံတမန် ရေးရာကိစ္စရပ်များ တာဝန်ထမ်းဆောင်ရန်၊ လက်ခံထားခြင်းဖြစ်ကြောင်း ။ နှစ်နိုင်ငံထားရှိရမည့် နိုင်ငံရေးကျင့်ဝတ်သိက္ခာအား လိုက်နာသွားကြရန် သတိပေး၊ကြေငြာချက် ထုတ်ပြန်ထားကြောင်း သတင်းရရှိပါသည်။”လို့ ရေးသားထားပြီး ဒီရေးသားထားချက်ကိုပဲ ရွတ်ဖတ်ပြထားတာဖြစ်ပါတယ်။ ဒီရေးသားချက်ကိပဲ ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဒီလိုရေးသားပြောဆိုနေတာတွေနဲ့ပတ်သက်ပြီး တပ်မတော်နဲ့ သက်ဆိုင်တဲ့ ဝဘ်ဆိုဒ်နဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေမှာ ဒီသတင်းထုတ်ပြန်ချက်ကို မတွေ့ရပါဘူး။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဝဘ်ဆိုဒ်မှာတော့ နောက်ကဆုံးထုတ်ပြန်ကြေငြာချက်အဖြစ် ဇန်နဝါရီ ၂၈ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်”ဆိုတာကိုပဲ တွေ့ရပြီး အထက်ပါပို့စ်နဲ့ သက်ဆိုင်တဲ့အကြောင်းအရာတော့ မတွေ့ရပါဘူး။ ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
အလားတူပါပဲ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဝဘ်ဆိုဒ်နဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေမှာ နိုင်ငံခြားသံတမန်တွေကို သတိပေးတယ်ဆိုတဲ့ သဘောထားထုတ်ပြန်ချက်ကို မတွေ့ရပါဘူး။ ဒီနေရာနဲ့ ဒီနေရာမှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။
အထက်ပါပို့စ်ရဲ့ ဗွီဒီယိုဖိုင်ကို Google Translateကို အသုံးပြုကာ အင်္ဂလိပ်ဘာသာနဲ့ ရွတ်ဖတ်မှုကို ဖန်တီးထားပြီး မြန်မာဘာသာနဲ့ ရွတ်ဖတ်မှုကိုတော့ အမျိုးသားတစ်ဦးရဲ့ အသံနဲ့ရွတ်ဖတ်ထားတာဖြစ်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ နိုင်ငံခြားသံတမန်တွေကို တပ်မတော်က သတိပေးတယ်ဆိုတဲ့ ထုတ်ပြန်ချက်ဟာ တကယ်မဟုတ်ပဲ လူမှုကွန်ယက်အသုံးပြုသူတွေကို ထင်ယောင်ထင်မှားဖြစ်အောင် တမင်လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားသာဖြစ်တာကို တွေ့ရပါတယ်။

Title:နိုင်ငံခြားသံရုံးတွေအနေနဲ့ ပြည်တွင်းရေးကို ဝင်မစွတ်ဖတ်ဖို့နဲ့ ကျင့်ဝတ်လိုက်နာဖို့ တပ်မတော်သတိပေးတယ်ဆိုတဲ့ သတင်းအမှား
Fact Check By: Lynn YuResult: False