Fact Check: Golden Gout က ဒူလာရောဂါကို ကုသနိုင်တဲ့အထောက်အထားမရှိပါ

ကျန်းမာရေး၊ | Health

 Golden Gout ဖြည့်စွက်အစာအဟာရဟာ နို့ရည်ကြည်(colostrum)ပါဝင်တာကြောင့် ဒူလာရောဂါကို ပျောက်ကင်းစေတယ်လို့ဆိုပြီး ယခုရက်ပိုင်းမှာ ဖေ့စ်ဘွတ်မှာကြော်ငြာလာတာတွေ့ရပါတယ်။ တကယ်တော့ နို့ရည်ကြည်ဟာ ဒူလာရောဂါကို ကုသနိုင်တယ်ဆိုတဲ့လုံလောက်တဲ့အထောက်အထားမရှိပါဘူး။

နိုဝင်ဘာ ၅ ရက်က ဖေ့စ်ဘွတ်မှာကြော်ငြာထားတဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ Golden Gout ကို တစ်ရက် ၂ ကြိမ် သောက်ရုံဖြင့် ဒူလာရောဂါကို သက်သာစေပြီး တစ်လအတွင်းမှာပျောက်ကင်းစေတယ်လို့လည်း ဆိုပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

တကယ်တော့ မြန်လို ဒူလာရောဂါလို့လူသိများတဲ့ အင်္ဂလိပ်စကား Gout(ဂေါက်)ရောဂါကို Golden Gout က ကုသနိုင်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ ဖိလစ်ပိုင်မှာ အခုလို လူမှုကွန်ယက်ကတစ်ဆင့် FDA အသိအမှတ်ပြု ဒူလာကို ကုသဆေးအဖြစ်ကြော်ငြာရောင်းချခဲ့ဖူးပြီး တကယ်တော့ သက်ဆိုင်ရာနိုင်ငံမှာ မှတ်ပုံတင်ရောင်းချနေခြင်းမဟုတ်ကြောင်း ဖိလစ်ပိုင်အချက် အလက်စိစစ်ရေးအဖွဲ့ဖြစ်တဲ့ RapplerVerafiles စတဲ့အချက်အလက်စိစစ်တဲ့အဖွဲ့တွေက ဒီအချက်အလက်စိစစ်ထားတာတွေ့ရပါတယ်။

အခု thumbnail ဓာတ်ပုံထဲမှာ “Made In USA”လို့ရေးသားထားသလို “FDA Approved”လို့လည်းရေးသား ထားတာတွေ့ရပါတယ်။ သို့သော်လည်း အမေရိကန်အစားအသောက်နဲ့ဆေးဝါးကွယ်ကွဲရေးဌာန(Food And Drug Administration- FDA)ရဲ့ အစားအသောက် သို့မဟုတ် ဆေးဝါးစာရင်းမှာမတွေ့ရပါဘူး။ ဒီလင့်ခ်မှာကြည့်ပါ။

နို့ရည်ကြည်(colostrum)သို့မဟုတ် နို့ဟာ ဒူလာရောဂါကို ကုသနိုင်တယ် ပျောက်ကင်းစေနိုင်တယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။ ဒူလာရောဂါဟာ ခန္ဓာကိုယ်မှာ ယူရစ်အက်ဆစ်(uric acid)လွန်ကဲများပြား မှုရဲ့နောက်ဆက်တွဲအနေနဲ့ အရိုးအဆစ်အမြစ်မှာအတက်ထွက်ရောင်ရမ်းမှုပြဿနာဖြစ်ပါတယ်။ ကုသရေးအနေနဲ့ အကိုက်အခဲပျောက်ဆေးသောက်တာ၊ ယူရစ်အက်ဆစ်တားတဲ့ဆေးဝါးသောက်တာမျိုးနဲ့ကုသတယ်လို့ ဆေးဘက် ဆိုင်ရာဆောင်းပါး တွေဖော်ပြနေတဲ့ Ondoctor ကဆို ပါတယ်။ ရေရှည်အနေနဲ့ ဒီရောဂါသက်သာဖို့ အတွက် အစားအသောက်နဲ့ အနေအထိုင်က အရေးကြီးပြီး ရေများများသောက်ဖို့လိုပါတယ်။ ကျန်းမာရေးဆိုင်ရာ ဆောင်းပါးတွေ ဖော်ပြနေတဲ့ Hellosayarwon နဲ့ drmyanmar ကဆောင်းပါးတွေမှာလည်း ဒီအချက်တွေကို တွေ့ရပါတယ်။

သုံးသပ်ချက်

ရေရှည်မှာ ဒူလာရောဂါသက်သာစေဖို့အတွက် အစားအသောက်၊ နေအထိုင်နဲ့ ရေသောက်ခြင်းဟာ အဓိကျပါ တယ်။ ယေဘုယျအားဖြင့် အဟာပြည့်ဝဖို့အောင်စားသောက်ဖို့ကိစ္စက ဒူလာရောဂါခံစားရသူတွေ လူတိုင်းအတွက် လိုအပ်ချက်ဖြစ်ပြီး အဆီပါဝင်မှုနည်းတဲ့ နို့ထွက်ပစ္စည်းဟာ စားသုံးသင့်တဲ့နေ့စဉ်အစားအစာထဲမှာပါဝင်ပါတယ်။ သို့သော်လည်း နို့ဉီးရည် သို့မဟုတ် နို့ရည်ကြည်ဟာ ဒူလာရောဂါကို သက်သာပျောက်ကင်းစေတယ်ဆိုတာက တော့ မဟုတ်ပါဘူး။

Avatar

Title:Fact Check: Golden Gout က ဒူလာရောဂါကို ကုသနိုင်တဲ့အထောက်အထားမရှိပါ

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *