Fact Check: သိန္နီ PDF က လေယာဉ်ပစ်ချလိုက်တဲ့ဓာတ်ပုံတွေအဖြစ် သတင်းမှား ဆက်လက်ပျံ့နှံ့

Missing Context လူမှုရေး

သိန္နီ PDF ကလေယာဉ်ကိုပစ်ချလိုက်တဲ့ မြင်ကွင်းအဖြစ် ဓာတ်ပုံ၄ ပုံဟာဖေ့စ်ဘွတ်အသုံးပြုသူများအကြား ပျံ့နှံ့ခဲ့ပါတယ်။

သို့သော်ဓာတ်ပုံတွေက စစ်တပ်ကလေယာဉ်နဲ့ဗုံးကြဲမှုကို ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပြီး အခြားသော ရဟတ်ယာဉ်ပျက်ကျပုံဟာ ဆီရီယားနိုင်ငံက ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။

 “Breaking News : စစ်ကောင်စီ​၏တိုက်လေယာဉ်ကို သိန္နီ PDF က အမြောက်ဖြင့်ပစ်ချ 

နိုဝင်ဘာ ၉၊ PDF Newsflash 

စစ်ကောင်စီ၏ တိုက်လေယာဉ်ကို သိန္နီ PDF ​၏ အမြောက်ပစ်သမားက (၄) ချက်မြောက်မှာ ပစ်ချလိုက်နိုင်ကြောင်း ယနေ့ ည ၆ နာရီမှာ TN-PDF က ထုတ်ပြန်သည် 

နယ်မြေအပြင်ဘက်ရောက်ရှိသွားသောကြောင့် အဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာလာပြီလို့ သိရပါတယ်

အသေးစိတ်ကို ဆက်လက်စုံစမ်းလျက်ရှိပါသည် 

Update : လွှိုင်ဆမ်စစ်တောင်ထိပ်မှ အနောက်ဘက်သို့ ဤမြင်ကွင်းအား လက်ရှိမြင်တွေ့နိုင်သည် 

#PDFNewsflash”လို့ရေးသားပြီး “Myanmar news”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားမျှဝေ ထားတာတွေ့ရပါတယ်။ တူညီတဲ့မျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ချက်

ဒီသတင်းကိုစတင်ဖော်ပြခဲ့တဲ့  သိန္နီ PDF က သတင်းထုတ်ပြန်မှုမှားယွင်းမှုအတွက် တောင်းပန်ခဲ့ပြီးနောက် အခြား သတင်းတင်ခဲ့တဲ့သတင်းဌာနတွေ ကလည်း ပြန်လည်ဖြုတ်ချခဲ့တာတွေ့ရပါတယ်။  ဒီလင့်ခ်မှာကြည့်ပါ။

ထို့အပြင် ယခု Myanmar News ကိုကားထားတဲ့ ရဟတ်ယာဉ်ပျက်ကျတဲ့ဓာတ်ပုံဟာ ဆီရီးယားနိုင်ငံမှာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဆီရီးယားစစ်တပ်သုံးရဟတ်ယာဉ်တစ်စင်း ဒုံးကျဉ်နဲ့ ပစ်ချခံရတဲ့ ဓာတ်ပုံဖြစ်တာ တွေ့ရပါတယ်။

မူရင်းလင်ခ့် –  The Aviation Geek ClubArchive link

 ဒီရဟတ်ယာဉ်ပျက်ကျမှုမြင်ကွင်းဓာတ်ပုံဟာ ပြီးခဲ့တဲ့လများအတွင်းလည်း KNU နဲ့ KIA ကပစ်ချလိုက်တဲ့ ရဟတ်ယာဉ်အဖြစ်မျှဝေဖူးပါတယ်။ Fact Crescendo က အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်နဲ့ဒီလင့်ခ်မှာ လေ့လာနိုင်ပါတယ်။

သုံးသပ်ချက်

သိန္နိ PDF က လေယာဉ်ပစ်ချလိုက်တယ်ဆိုတဲ့ဖြစ်စဉ်ဟာ မဟုတ်မှန်ကြောင်း ပြန်လည်တောင်းပန်ပြီး ဖြုတ်ချခဲ့ပြီးဖြစ်ပါတယ်။

Avatar

Title:သိန္နီ PDF က လေယာဉ်ပစ်ချလိုက်တဲ့ဓာတ်ပုံတွေအဖြစ် သတင်းမှား ဆက်လက်ပျံ့နှံ့

Fact Check By: Zun Zee 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *