
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ကိုထိန်လင်းက တော်လှန်ရေးအတွက်နာရီ လေလံတင်ဖို့ပေးတယ်ဆို တဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူအများအကြားပျံ့နှံ့လျှက်ရှိပါတယ်။ သတင်းမှားတစ်ခုဖြစ်တာတွေ့ရပါတယ်။ ဓာတ်ပုံတွေထဲမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ သားငယ် ကိုထိန်လင်းခေါ် Kim Aris က ဒေါ်အောင်ဆန်းစုကြည်ပုံ ပါနာရီကိုင်ထားတာတွေ့ရပြီး အောက်ပါအတိုင်းရေးသားမျှဝေထားပါတယ်။
“လျှောင်ထုံး ထုံးထားတဲ့ ကိုထိန်လင်းက
တော်လှန်ရေးမှာအသုံးပြုဖို့ အမေစုရဲ့ နာရီလေးလာပေးတာတဲ့။
တော်လှန်ရေးအတွက် ငွေအင်အားဘယ်လောက်အရေးကြီးကြောင်း သူသိတယ်။
ဒီပွဲနိုင်မှ သူ့အမေလွတ်မယ်ဆိုတာလည်း သူသိတယ်။
အမေနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ လေလံတင်ရောင်းရင် ငွေအမြောက်အများရတယ်ဆိုတာလည်း သူသိတယ်။
သူ့ဆီမှာရှိတဲ့(သူ့အမေရဲ့အမွေလို့ပြောလို့ရတဲ့)အမေစုငယ်စဉ်ကပတ်ခဲ့တဲ့နာရီကို ကြည်ကြည်ဖြူဖြူ နဲ့ ခုလို လာပေးတဲ့ ကိုထိန်လင်းအပေါ် ကျနော်တို့ အကြွေးတွေအများကြီးတင်သွားပြန်ပြီဗျာ
_ထွန်းနေမိုး”လို့ ရေးသားပြီး ဓာတ်ပုံ ၅ ပုံနှင့်အတူ “Spring May”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဓာတ်ပုံတွေဟာ ၂၀၂၂ ခုနှစ် ဇူလိုင် ၂ ၃ရက်က လန်ဒန်မြို့မှာလုပ်တဲ့ အာဇာနည်နေ့အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းတက်ရောက်စဉ်က ဓာတ်ပုံဖြစ်တယ်လို့ သတင်းမှားပျံ့နှံ့လာ ပြီးနောက် Click To Fight – UK အဖွဲ့က ထုတ်ပြန်ရှင်းလင်းထားတာတွေ့ရပါတယ်။ အဲဒီပွဲမှာ ဩစတြေး လျနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူတစ်ဦးက ကိုထိန်လင်းကို ဒေါ်အောင်ဆန်းစုကြည်ပုံ ပါတဲ့ နာရီကို Click To Fight – UK ကတဆင့် လက်ဆောင်ပေးခဲ့တာဖြစ်တယ်လို့လည်း အဲဒီအဖွဲ့က ရှင်းလင်းချက်မှာဖော်ပြ ပါတယ်။ Fact Crescendo Myanmar အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းတော့မရှိပါဘူး။

မူရင်းလင်ခ့် – Click To Fight – UK | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ကိုထိန်လင်းကို ဒေါ်အောင်ဆန်းစုကြည်ထောက်ခံသူတစ်ဦးက အမှတ်တရနာရီကို ပေးအပ်နေတဲ့ပုံဖြစ်ပါတယ်။

Title:Fact Check: ဒေါ်စုရဲ့ သားငယ်ကိုထိန်လင်းက တော်လှန်ရေးအတွက်နာရီလှူတယ်ဆိုတဲ့ သတင်းမှား
Fact Check By: Nayar MaungResult: False