
မီးတောက်များစွဲလောင်နေသည့် မြင်ကွင်းဓာတ်ပုံ ၂ ပုံကို ကယားဖြစ်စဉ်အဖြစ် ဓာတ်ပုံအဖြစ် ဖေ့စ်ဘွတ် အသုံးပြုအချို့က ပြန်လည် မျှဝေလျက်ရှိပါတယ်။
သို့သော်လည်း ဓာတ်ပုံ ၂ ပုံဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်က ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။
“ကယားရေ😓💔ရင်နာလိုက်တာ” စသည်ဖြင့် ရေးသားပြီး “Wa Na Kyaw Htain”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ အောက်ပါ အတိုင်းမျှဝေထားပြီး လိုက်ခ် ပြုလုပ်ထားသူပေါင်း ၂ ထောင်ကျော်နဲ့ ပြန်လည်ဖြန့်ဝေထားသူ ၂ ရာကျော်ရှိတာ တွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ပထမဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ Eleven Media က ပုလဲမြို့နယ်မှာ မီးလောင်ခံရမှု ဓာတ်ပုံအဖြစ် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က အင်္ဂလိပ်ဘာသာနဲ့ သတင်းတစ်ပုဒ်မှာ တွေ့ရပါတယ်။
ဓာတ်ပုံအညွှန်းစာသားအဖြစ် “ပုံစာ- ပုလဲမြို့နယ်ပန်းရွာမှာ မီးစွဲလောင်နေစဉ်(ဓာတ်ပုံ-CJ)”လို့ရေးသား ထားပါတယ်။
မူရင်းလင်ခ့် – ELEVEN MEDIA | Archive link
ဓာတ်ပုံကို ရှာဖွေကြည့်ရာမှာ The Irrawaddy သတင်းဌာနက အင်္ဂလိပ်ဘာသာနဲ့ ၂၀၂၂ ခုနှစ်က ဖေဖော်ဝါရီလ ၇ ရက်က ဖော်ပြခဲ့တဲ့ “အာဏာရှင်စစ်သား ၃၈ ယောက် ၃၈ ယောက် အထက်မြန်မာပြည်မှာသေဆုံး”ဆိုတဲ့ သတင်းတစ်ပုဒ်မှာ ဓာတ်ပုံကို တွေ့ရပါတယ်။
ဓာတ်ပုံစာသားနေရာမှာ “စနေညပိုင်းက ပုလဲမြို့နယ်မှာ အာဏာရှင်စစ်တပ်က အိမ်တွေကိုမီးရှို့ပြီးနောက် အိမ်တအိမ်မီးတောက်လောင်နေစဉ်/CJ” လို့ရေးသားထားပါတယ်။

မူရင်းလင်ခ့် – The IRRAWADDY | Archive link
သုံးသပ်ချက်
အထက်ဖော်ပြပါ အချက်အလက်တွေအရ ဓာတ်ပုံတွေဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ မီးရှို့ခံခဲ့ရတဲ့ အိမ်တွေမီးလောင်မှုမြင်ကွင်းဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။

Title:Fact Check: ဒီဓာတ်ပုံတွေက စစ်ကိုင်းတိုင်း ပုလဲက မီးရှို့ခံရတဲ့ ဓာတ်ပုံဖြစ်တယ်
Fact Check By: Zun ZeeResult: Missing Context