
ပရိတ်သတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ လူကြိုက်များ ရေပန်းစားနေတဲ့ အမျိုးသားလူငယ် ၇ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ Project K အဖွဲ့ရဲ့ ငွေသိန်းတစ်သောင်းလိမ်သွားတဲ့အဖွဲ့ဝင်ကိစ္စ ရှင်းပြီဆိုတဲ့ ဗွီဒီယိုဖိုင်တခုဟာ ဖေ့စ်ဘွတ် အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့ အားကောင်းခဲ့ပါတယ်။
တကယ်တော့ ဒီဗွီဒီယိုဟာ ၂၀၁၇ ခုနှစ် မတ်လ ၅ ရက်နေ့က တင်ထားခဲ့တဲ့ ဗွီဒီယို အဟောင်းကို လတ်တလော မှာ ဖြစ်နေတဲ့အကြောင်းအရာအဖြစ် ပြန်လည်ဖော်ပြခြင်းခံနေရတဲ့ သတင်းအမှား တခုသာဖြစ်ပါတယ်။ဒီဗွီဒီယိုကို လိုက်ခ်ပြုလုပ်သူဟာ ထောင်ကျော်ရှိပြီး၊ ကြည့်ရှုသူပေါင်း ၅ သိန်းကျော် ရှိခဲ့ပါတယ်။
“သိန်း၁သောင်းလိမ်သွားတဲ့အဖွဲဝင်ကိစ္စ”လို့ရေးသားပြီး“App 5”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထား ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
မောရစ်အကြောင်းရှင်းလင်းတယ်ဆိုတဲ့ ဗွီဒီယိုရဲ့အစမှာပဲ စာမေးပွဲဖြေနေတာကြောင့် ရိုရိုမပါနိုင်တဲ့ ပြောဆို သွားတာတွေ့ရပါတယ်။ ငွေကြေးအလွဲသုံးစားလုပ်သွားသူဟာ Morris ဆိုသူဖြစ်ပါတယ်။ Project K အကြောင်းကို ဒီလင့်ခ်မှာကြည့်ပါ။
အဓိကကျတဲ့စကားလုံးအသုံးပြုရှာဖွေရာမှာ ဒီဗွီဒီယိုဟာ ၂၀၁၇ ခုနှစ် မတ်လ ၅ ရက်နေ့က အင်တာနက်မှာ ပျံ့နှံ့ခဲ့တာကို တွေ့ရပါတယ်။
ဒီဗွီဒီယိုမှာ “After Finish Banmaw Show” လို့ ရေးသားထားပြီး Project K အဖွဲ့ရဲ့ တရား၀င်စာမျက်နှာမှာ တင်ခဲ့တဲ့ ဗွီဒီယိုဟောင်းဖြစ်တာကို တွေ့ရပါတယ်။
ဒီဗွီဒီယိုအတွင်းမှာ Project Kအဖွဲ့ ဖျော်ဖြေတင်ဆက်မှုအပြီး Live လွှင့်ပြီး ပရိတ်သတ်များနဲ့ ရယ်မောပျော်ရွှင်စွာ စကားပြောနေခြင်းသာဖြစ်ပါတယ်။
မူရင်းလင်ခ့် – Project K| Archive link
သုံးသပ်ချက်
လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့နေတဲ့ ဗွီဒီယိုဖိုင်ဟာ ၂၀၁၇ ခုနှစ် မတ်လ ၅ ရက်နေ့က တင်ထားခဲ့တဲ့ ဗွီဒီယို အဟောင်းတစ်ခုသာ ဖြစ်ပါတယ်။ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Morris ရဲ့ငွေကြေးလိမ်လည်မှုနဲ့သက်ဆိုင်ခြင်းမရှိပါဘူး။

Title:Fact Check: သိန်းတစ်သောင်းလိမ်သွားတဲ့အဖွဲ့ဝင်ကိစ္စ Project k ရှင်းတဲ့ဗွီဒီယိုလား-မဟုတ်ပါ
Fact Check By: Zun ZeeResult: Misleading