
လေယာဉ်တွေပျက်မကျအောင်လို့ ဆင်ပျံ့နဲ့ စစ်တပ်က ယတြာချေနေတဲ့ဓာတ်ပုံဆိုပြီးတော့ ဓာတ်ပုံ ၂ ပုံဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံမှု အားကောင်းခဲ့တာတွေ့ရပါတယ်။ ရဟတ်ယာဉ်မှာ ဆင်ပုံသဏ္ဌာန်အလှဆင်ထားပြီး ပျံသန်းနေတဲ့ အဖြူအမည်းဓာတ်ပုံ ၂ ပုံ ဒီပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာပါဝင်ပါတယ်။
တကယ်တော့ ဒီဓာတ်ပုံတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၄၀ ကျော်က အိန္ဒိယလေတပ်က လွတ်လပ်ရေးနေတဲ့ အခမ်းအနားမှာ ဆင်ယင်ပျံသန်းပြခဲ့တဲ့ ရဟတ်ယာဉ်သာဖြစ်ပါတယ်။
“ဗုဒ္ဓဟူးနံ လိန်ဗျံတွေ ထပ်မပျက်အောင် ဗုဒ္ဓဟူးဂြိုဟ် ဆင်ပျံနဲ့ ဗဗယတြာချေတာတဲ့။
မိုမိုရေ ……ဝူး 😁😁😁
ဆင်ကြီးကို ဂဠုံအချီခံရတော့မယ် ဗဗ😂”စသည်ဖြင့်ရေးသားပြီး “စောအာဲ ဆိုဒ်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း ရေးသားမျှဝေထားတာတွေ့ရပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
Google မှာ ပုံရှာနည်းအသုံးပြု ရှာဖွေရာမှာ ဒီဓာတ်ပုံဟာ လွန်ခဲ့တဲ့ နှစ် ၄၀ နဲ့ ၅၀ အတွင်းက အိန္ဒိယနိုင်ငံမှာ ရဟတ်ယာဉ်တစ်စီးကို ဆင်ပုံသဏ္ဌာန်ဆင်ယင်ပျံ့သန်းတဲ့ ဓာတ်ပုံအဖြစ် Reddit အကောင့်တစ်ခုမှာ လွန်ခဲ့တဲ့ ၅ လကတည်းက တင်ထားတာ တွေ့ရပါတယ်။

ဆင်ပုံသဏ္ဌာန်ဆင်ယာထားတဲ့ ရဟတ်ယာဉ်ဓာတ်ပုံကို India Times သတင်းဌာနက ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၇ ရက်စွဲနဲ့ “လွန်ခဲ့တဲ့ နှစ် ၄၀ က ကောင်းကင်မှာ အိန္ဒိယလေတပ်ရဲ့ ဆင်အက”လို့ရေးသားထားတဲ့ ဆောင်းပါး တစ်ပုဒ်မှာ ဒီဓာတ်ပုံကိုတွေ့ရပါတယ်။
ဓာတ်ပုံနေရာမှာလည်း “တော်ဝင်တန်ဆာများနဲ့ ပျံ့သန်းနေသော ဆင်သည် နယူးဒေလီ ရက်ချပတ်(Rajpath)မှာ အခမ်အနားလာရောက်သူတွေကို ဆွဲဆောင်နိုင်ခဲ့တယ်”လို့ ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Indiatimes | Archive link
အခြားသော ဓာတ်ပုံ
သုံးသပ်ချက်
ဆင်ပုံသဏ္ဌာန်ရဟတ်ယာဉ်ဟာ လွန်ခဲ့တဲ့ နှစ် ၄၀ ကျော်က အိန္ဒိယနိုင်ငံက လွတ်လပ်ရေးနေ့အခမ်းအနားမှာ ပြသခဲ့တဲ့ ရဟတ်ယာဉ်သာဖြစ်ပါတယ်။

Title:Fact Check: အိန္ဒိယနိုင်ငံက ဆင်ပုံသဏ္ဌာန် ရဟတ်ယာဉ် ဓာတ်ပုံဟာ မြန်မာနိုင်ငံက ဖြစ်စဉ်အဖြစ် ပျံ့နှံ့မှုအားကောင်းခဲ့သည်
Fact Check By: Nayar MaungResult: False