Fact Check: ဒီဗွီဒီယိုက စစ်တပ်ကဆောက်လုပ်ထားတဲ့ Quarantine စင်တာမှာ တုတ်နဲ့ ရိုက်နှက်နေတဲ့ဗွီဒီယိုမဟုတ်ပါ

Missing Context လူမှုရေး

မြန်မာနိုင်ငံက စစ်တပ်ဆောက်လုပ်ပေးထားတဲ့ Quarantine စင်တာမှာ စောင့်ကြည့်ခံနေရသူတွေကို တုတ်နဲ့ ရိုက်ပြီး အဖြစ်ပေးနေတဲ့ ဗွီဒီယိုအဖြစ် ဗွီဒီယိုဖိုင်တစ်ခုကိုဖေ့စ်ဘွတ်အသုံးပြုသူထောင်ပေါင်းများစွာမျှဝေ လျှက်ရှိပါတယ်။ စက္ကန့် ၃၀ ရှည်လျားတဲ့ ဒီဗွီဒီယိုမှာ “လာ နောက်တစ်ယောက်လာ။ မင်းတို့ငါ ကောင်းကောင်း မွန်မွန်ထားတာ သိလား”စတဲ့ မြန်မာဘာသာနဲ့ စကားပြောသံလည်းကြားရပါတယ်။

ဒီဗွီဒီယိုကို ” စ က စ ဆောက် လုပ် ပေး တဲ့ Q centar  အ ခြေ အ နေ  😳😳😳 DNB “လို့ ရေးသားပြီး “Hugawng Tawba”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့အကြိမ်ပေါင်း ၄ သောင်း ၆ ထောင်ရှိပါတယ်။ တူညီတဲ့ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

ဒီရုပ်သံဖိုင်ထဲက အဖြစ်အပျက်ဟာလာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်ဒေသအတွင်း မြန်မာလုပ်သားတွေကို Quarantine ရဲ့သတ်မှတ်ချက်မလိုက်ဘူးဆိုပြီးတော့ မြန်မာအချင်းချင်း ရိုက်နှက် ဒဏ်ပေးမှုဖြစ်တယ်လို့ တာချီလိတ်သတင်းအေဂျင်စီ က ဇူလိုင်လ ၉ ရက်နေ့မှာ ဖော်ပြထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Tachileik News AgencyArchive link 

ထို့အပြင် “လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်ဒေသအတွင်း  မြန်မာ(ရခိုင်)ရွာအနီး မြန်မာများကိုသာ Quarantine ထားရှိသည့် ဈေးသစ်အဆောက်အဦးထဲတွင် သတ်မှတ်စည်းကမ်းချက် မလိုက်နာ၍ဟုဆိုကာ ရိုက်နှက် ဒဏ်ပေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။”လို့ တာချီလိတ်သတင်းအေဂျင်စီရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပြီး အခုလို အရိုက်ခံရတာဟာ ဖဲရိုက်တဲ့အတွက်ဖြစ်တယ်လို့ ကြားရကြောင်းလည်း ရွှေ့ပြောင်း အလုပ်သမားတစ်ယောက်ကို ကိုးကားပြီး ဒီသတင်းဖော်ပြထားပါတယ်။

သုံးသပ်ချက်

မြန်မာနိုင်ငံက Quarantine စင်တာမှာ စောင့်ကြည့်ခံနေရသူတွေကို တုတ်နဲ့ရိုက်ပြီး အဖြစ်ပေးနေတယ်ဆိုပြီး မျှဝေထားတဲ့ ဗွီဒီယိုဟာ လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်ဒေသအတွင်းက အဖြစ်အပျက်တစ်ခုဖြစ်တ တွေ့ရပါတယ်။

Avatar

Title:ဒီဗွီဒီယိုက စစ်တပ်ကဆောက်လုပ်ထားတဲ့ Quarantine စင်တာမှာ တုတ်နဲ့ ရိုက်နှက်နေတဲ့ဗွီဒီယိုမဟုတ်ပါ

Fact Check By: Nayar Maung 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *