
ရပ်ကွက်အတွင်းလာရောက်ဆူပူအော်ဟစ်ပြီးနောက် ရပ်ကွက်သူ၊ရပ်ကွက်သားတွေက တုတ်၊ဓားတွေနဲ့ လိုက်ရိုက် လို့ ထွက်ပြေးရတယ်ဆိုပြီး ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ဇန်နဝါရီ ၁၂ ရက်ကစတင်ပြီး ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တဲ့ ၉ စက္ကန့်ကြာတဲ့ ဒီဗွီဒီယိုထဲမှာ ဆန္ဒပြသူတွေဟာ “အောင်ရမည်”လို့ သံပြိုင်ရွတ်သံပါဝင်ပြီး ရှေ့မှာ ဗျောအိုးတစ်ခုက ဗျောက်ပေါက်ကွဲသံလည်းပါဝင်ပြီး “ခွဲ”၊ “ခွဲ”ဆိုပြီးစကားသံလည်းပါဝင်ပြီး အလျှင်အမြန်လူစုခွဲခဲ့ကြတာလည်းတွေ့ရပါတယ်။
တကယ်တော့ ဒီဗွီဒီယိုဟာ မီဒီယာတစ်ခုမှာဖော်ပြပါရှိတဲ့ လျှပ်တပြတ်ဆန္ဒပြဗွီဒီယိုတစ်ခုသာဖြစ်ပြီး ရပ်ကွက်က တုတ်၊ဓားနဲ့လိုက်တယ်ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရပါဘူး။ စစ်တပ်ကဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွဲမှု တွေကြောင်း ဧပြီလနောက်ပိုင်းမှာ ဆန္ဒပြသူတွေဟာ လျှပ်တပြတ်ဆန္ဒပြပွဲတွေသာ လုပ်ဆောင်လေ့ရှိတာ တွေ့ရပါတယ်။
“ရပ်ကွက်အတွင်း လာရောက်ဆူပူအော်ဟစ်သူများအား
ရပ်ကွက်သူ/ရပ်ကွက်သားများက တုတ်၊ဓါးများဖြင့်
ခြောက်လှန့်မောင်းထုတ်ခဲ့သဖြင့် ဆူပူအကြမ်းဖက်သူများအဖြင့်
အောင်ရမည်ဟု ဆုံးအောင် ရွတ်ဆိုနိုင်ခြင်းမရှိပဲ ထွက်ပြေးခဲ့ရ
ရန်ကုန်၊ ဇန်နဝါရီ ၁၂
”စသည်ဖြင့်ရေးသားပြီး “ပြည်တွင်း ပြည်ပ သတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ဇန်နဝါရီ ၁၂ ရက်က အောက်ပါအတိုင်းမျှဝေထားပါတယ်။အလားတူတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
အဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး ရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုပါမြင်ကွင်ထက် ပိုမိုရှည်လျားတဲ့ ဗွီဒီယိုကို သတင်းမီဒီယာလုပ်ကိုင်နေတဲ့ Khit Thit Media သတင်းဌာနက အောက်ပါအတိုင်းရေးသားပြီး ဇန်နဝါရီ ၁၀ ရက်က မျှဝေထားတာတွေ့ရပါတယ်။
” ရန်ကုန်တာမွေတွင် စစ်အာဏာရှင် ချေမှုန်းရေး လူငယ်များ ဦးဆောင် ချီတက်သပိတ်မှောက်
ရန်ကုန်၊ ဇန်နဝါရီ ၁၀
ရန်ကုန်မှာ ဒီကနေ့ညနေပိုင်း အစစ်အဆေး၊အဖမ်း အဆီး၊အရပ်ဝတ်ကင်းပုန်းတွေများတဲ့ တာမွေမြို့နယ်မှာ GSC နှင့်မြို့နယ်သပိတ်ကော်မတီများစုပေါင်း၍”There is no supreme savior” ဆိုတဲ့စာသားကိုကိုင်ဆွဲပြီး ချီတက်ဆန္ဒပြကြပါတယ်။”
မူရင်းလင်ခ့် – Khit Thit Media | Archive link
Khit Thit Media ကဖော်ပြခဲ့တဲ့ ဗွီဒီယိုထဲမှာ စစ်တပ်ဆန့်ကျင်ရေးဆန္ဒပြသူတွေရဲ့ သံချပ်ဖြစ်တဲ့ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ အရေးတော်ပုံ အောင်ရမည်၊ ဆန္ဒ ဆန္ဒ ပြပြ၊ မီးတုတ်မီးတုတ်ရှို့ရှို့ စတဲ့ ကြွေးကြော်သံတွေပါဝင်ပြီး စုစုပေါင်း ၅၀ စက္ကန့်ကြာ မြင့်တာတွေ့ရပါတယ်။ ဆန္ဒပြသူတွေဟာ သူတို့မျှော်မှန်းချက်အတိုင်း ဖျောက်အိုး ဖောက်ပြီး ပြီးဆုံးသွားခဲ့ပြီးနောက် လူစုခွဲခိုင်းတဲ့ သဘောနဲ့ “ခွဲ”၊”ခွဲ”ဆိုပြီးတော့ အော်ခဲ့သေးတာလည်း တွေ့ရပါတယ်။ ဒီဗွီဒီပါမြင်ကွင်းထဲမှာ အချို့သော ပျောက်ကျားသပိတ်တွေမှာရင်ဆိုင်ရတဲ့ မြင်ကွင်းဖြစ်တဲ့ ကားနဲ့တိုက်ဖမ်းခံရတာ၊ အရပ်ဝတ်နဲ့လက်နက်ကိုင်တွေ အတင်းအကြပ်ဝင်ရောက်ဖမ်းဆီးတဲ့မြင်ကွင်းမျိုးလည်း မတွေ့ရပါဘူး။ ထို့အပြင် ဒီဗွီဒီယိုကို အလွတ်တန်း သတင်းထောက်ကို နေမျိုးဆိုသူရိုက်ကူးခဲ့တာဖြစ်ပြီး ပြောဆိုချက်မှာပါသလို ရပ်ကွက်က ထွက်ရိုက်တယ်ဆို တာမဟုတ်ကြောင်း အခြားသောအချက်အလက် စိစစ်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Boom Myanmar ကရေးသားပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ဇန်နဝါရီ ၁၀ ရက်က လျှပ်တပြတ်ဆန္ဒပြတဲ့သူတွေဟာ ရပ်ကွက်ထဲက လူတွေနဲ့ ပြဿနာဖြစ်တယ်ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရပါဘူး။

Title: Fact Check: ဆန္ဒပြသူတွေကို ရပ်ကွက်ကတုတ်၊ဓါးနဲ့လိုက်ရိုက်နှက်တဲ့ဗွီဒီယိုလား- မဟုတ်ပါ
Fact Check By: Zun ZeeResult: Missing Context