
အသံထက်မြန်တဲ့ ဒုံးကျည်တစ်စင်းကို မြန်မာတပ်မတော်က စမ်းသပ်ပစ်လွှတ်အောင်မြင်ခဲ့တယ်ဆိုတဲ့ ဗွီဒီယို ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ အိန္ဒိယစစ်တပ်ရဲ့ မြန်နှုန်း မြင့်ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုသာဖြစ်ပါတယ်။
“BRAHMOS Super Sonic Crusie Missile တစ်စင်း၊ မြန်မာ့တပ်မတော်တွင် စမ်းသပ်ပစ်လွှတ် အောင်မြင်ခဲ့ကြောင်း ဂုဏ်ယူစွာဖြင့် တင်ပြပါရစေ.(ကိုကိုးကျွန်း)
Crd ဆရာဗိုလ်ကြီး”လို့ ရေးသားထားပြီး “Sit Min Lwin”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက ဧပြီ ၄ ရက်က အောက်ပါအတိုင်းရေးသားမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၉၀၀ ကျော်ရှိထားပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
အလားတူတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
Google မှာ ပုံရှာနည်း၊ အဓိကကျတဲ့စကားလုံးအချို့အသုံးပြုရှာဖွေနည်းတွေ အသုံးပြုပြီး ရှာဖွေရာမှာ ဗွီဒီယိုဟာ အိန္ဒိယစစ်တပ်ရဲ့ မတ် ၂၃ ရက်က ဒုံကျဉ်ပစ်လွှတ်စမ်းသပ်မှုတစ်ခုဖြစ်တာတွေ့ရပါတယ်။
ဗွီဒီယိုရဲ့ အစိတ်အပိုင်း ဖြစ်တဲ့ ဒုံးကျဉ်ပစ်လွှတ်လိုက်ပြီးနောက် မြင်ရတဲ့မြင်ကွင်းကို screenshot ရိုက်ပြီး Google မှာ ပုံရှာနည်းနဲ့ ရှာဖွေရာမှာ အိန္ဒိယသတင်းဌာနဖြစ်တဲ့ ANI ရဲ့ သတင်းဖော်ပြချက်ကိုတွေ့ရပါတယ်။ သတင်းမှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
“အိန္ဒိယသည် Andaman & Nicobar ရှိ BrahMos အသံထက်မြန်သော ခရုဇ်ဒုံးပျံကို မြေပြင်မှ အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့သည်။ အကွာအဝေး တိုးချဲ့ဒုံးကျည်သည် ၎င်း၏ပစ်မှတ်ကို တိကျပြတ်သားစွာ ထိမှန်ခဲ့ကြောင်း ကာကွယ်ရေးအရာရှိများကပြောကြားသည်”
မူရင်းလင်ခ့် – NDTV | Archive link
အဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး ရလာဒ်တွေကိုထပ်မံရှာဖွေကြည့်ရာမှာ ဗွီဒီယိုကို အခြားသော အိန္ဒိယအခြေစိုက် သတင်းဌာန NDTV က “တိုးချဲ့အကွာအဝေး BrahMos ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကြောင့် ဂုဏ်ယူမိကြောင်း ဝန်ကြီးပြော” စတဲ့ခေါင်းစဉ်နဲ့ရေးသားထားတဲ့ မတ် ၂၄ ရက်က သတင်းတစ်ပုဒ်မှာ ဒီဗွီဒီယို ကိုတွေ့ရပါတယ်။ Economic Times မှာလည်း ဒီသတင်းကို တွေ့ရပါတယ်။ “အိန္ဒိယကြည်းတပ်၏ အမ်ဒမန်နှင့် နီကိုဘာ(Andaman and Nicobar)စစ်ဌာချုပ်သည် BrahMos အသံထက်မြန် သော တိုးချဲ့အကွာအဝေး မြေပြင်မှ မြေပြင်သို့ ခရုဇ်ဒုံးကျည်ကို ယမန်နေ့က အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့သည်။ Supersonic ဆိုသည်မှာ အသံ၏အမြန်နှုန်းထက် ကြီးသောအရှိန်ကို ဆိုလိုသည်။ BrahMos ဒုံးကျည်သည် အစောပိုင်းက တာလတ်ပစ်အမျိုးအစားဒုံးကျည်ဖြစ်ပြီး တာဝေးပစ် အဆင့်မြင့် ဗားရှင်းများကိုလည်း မကြာသေးမီက အောင်မြင်စွာ စမ်းသပ်ခဲ့သည်။ BrahMos ဒုံးကျည်များကို ရေငုပ်သင်္ဘောများ၊ မြေပြင်စစ်သင်္ဘောများ၊ လေယာဉ် သို့မဟုတ် မြေပြင်မှ ပစ်လွှတ်နိုင်သည်။”လို့လည်း ခေါင်းစီးစာပိုဒ်မှာဖော်ပြထားပါတယ်။

မူရင်းလင်ခ့် – NDTV | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ဗွီဒီယိုဟာ အိန္ဒိယနိုင်ငံကြည်းတပ်က မြန်နှုန်းမြင့် ဒုံကျည်စမ်းသပ်ပစ် လွှတ်မှုဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။

Title:Fact Check: ဒီဗွီဒီယိုက အိန္ဒိယစစ်တပ်က ဒုံးကျည်စမ်းသပ်မှုဗွီဒီဒီယိုသာဖြစ်တယ်
Fact Check By: Nayar MaungResult: False