
ထိုင်ဝမ်ရဲ့ အမြင့်ဆုံးအဆောက်အဦးဖြစ်တဲ့ အထပ် ၁၀၁ ထပ်ရှိတဲ့ Taipei 101 ဟာ စက်တင်ဘာ ၁၈ ရက်ငလျင်ကြောင့် လှုပ်ရမ်းနေတဲ့ပုံအဖြစ် ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ ဒီဂျစ်တယ်နည်းလမ်းနဲ့ပြုပြင်ထားတဲ့ ဗွီဒီယိုသာဖြစ်ပြီး တကယ်မဟုတ်ဘူးလို့ ကုမ္ပဏီဘက်က တုံ့ပြန်ခဲ့ တာတွေ့ရပါတယ်။
Taipei 101 အဆောက်အဦးဟာ ၂၀၀၉ ခုနှစ်အထိ ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦးဖြစ်ပြီး လက်ရှိအချိန်မှာလည်း ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦးတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။
“ဒီနေ့ ငလျင်ကြောင့်ထိုင်ပေ (၁၀၁)ထပ်ကြီး ယိမ်းက နေတာ”လို့ ရေးသားပြီး “Tin MoeAye” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ကျွန်းနိုင်ငံဖြစ်တဲ့ ထိုင်ဝမ်ဟာ ငလျင်မကြာခဏလှုပ်တတ်တဲ့နိုင်ငံဖြစ်တာတွေ့ရပါတယ်။ ပြင်းအား ၆ ဒဿမ ၈ ရှိတဲ့ငလျင်တစ်ခု နိုင်ငံရဲ့အရှေ့တောင်ပိုင်းမှာကို ဗဟိုပြုပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၈ ရက်ကလှုပ်ခဲ့ပြီး လူ ၁၄၆ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကုန်စုံဆိုင်တစ်ခုပြိုကျခဲ့ပြီး ရထားလမ်းချော်တာတွေဖြစ်ခဲ့ပါတယ်။
သို့သော်လည်း Taipei 101 အဆောက်အဦဟာ နိုင်ငံရဲ့အနောက်မြောက်ပိုင်းမှာ တည်ရှိတာဖြစ်ပါတယ်။ ထို့အပြင် Google မှာအဓိကျတဲ့စကားလုံးအချို့အသုံးပြုရှာဖွေရာမှာ Taipei 101 အဆောက်အဦတာဝန်ရှိသူတွေဘက် ဒီဗွီဒီယိုကို မြေပြင်လက်တွေ့နဲ့ကွဲလွဲနေပြီး ဗွီဒီယိုအတုသာဖြစ်ကြောင်း ပြောကြားထားတာတွေ့ရပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ဖော်ပြချက်ကို ဒီလင့်ခ်မှာကြည့်ပါ။

မူရင်းလင်ခ့် – China News | Archive link
သုံးသပ်ချက်
ထိုင်ဝမ်က အမြင့်ဆုံးအဆောက်အဦးဖြစ်တဲ့ အထပ် ၁၀၁ ထပ်ရှိတဲ့ Taipei 101 အဆောက်အဦး လှုပ်ခတ်မှုဗွီဒီယို ဟာတကယ်မဟုတ်ပါဘူး။ Tiktok မှာ ပြုပြင်ပြောင်းလဲမှုလုပ်ပြီး တင်ထားတဲ့ ဗွီဒီယိုတစ်ခုသာဖြစ်ပါတယ်။

Title:Fact Check: ထိုင်ဝမ်က ၁၀၁ ထပ်အဆောက်အဦးလှုပ်ရမ်းနေတဲ့ ဗွီဒီယိုဟာ တကယ် မဟုတ်ပါ
Fact Check By: Nayar MaungResult: False